wtodep

လာမည့်နှစ်အတွင်း ဂျပန်ဗဟိုဘဏ် (Bank of Japan) က ငွေကြေးမူဝါဒကို တင်းကြပ်ကာ အမေရိကန်ဗဟိုဘဏ် (Fedeal Reserve) က ဖြေလျော့မည်ဟု ငွေကြေးရင်းနှီးမြုပ်နှံသူများ၏ ခန့်မှန်းချက်များ ထွက်ပေါ်ပြီးနောက်ပိုင်း ယန်းတန်ဖိုးသည် ဒေါ်လာတန်ဖိုးနှင့် လေးပတ်တိတိ ယှဉ်ပြိုင်လာခဲ့ပါသည်။

wtodep

လာအိုနိုင်ငံသည် ရထားလမ်း ၊ ကားလမ်းနှင့် ရေအားလျှပ်စစ်ဆည်များကို တရုတ်နိုင်ငံမှချေးငွေ ဘီလီယံနှင့်ချီရယူ တည်ဆောက်ပြီးနောက် ၎င်း၏ အများပြည်သူနှင့် သက်ဆိုင်သော ကြွေးမြီသည် ဂျီဒီပီ၏ ၁၀၀ % ကျော်အထိ မြင့်တက်ခဲ့ပါသည်။ ငွေကြေး အကြပ်အတည်းနှင့် ငွေဖောင်းပွမှုတို့ပါ ပေါင်းစည်းလိုက်ပါက လာအိုနိုင်ငံ၏ စီးပွားရ

wtodep

လွတ်လပ်သောကုန်သွယ်မှုဇုန်ဥပဒေ (၁၉၆၆) ကို ပြင်ဆင်ရန်နှင့် လိုအပ်ပါက အကောက်ခွန်ဥပဒေ (၁၉၆၀)ကိုပါ တဆက်တည်း ပြင်ဆင်ရန် ဥပဒေမူကြမ်းတစ်ခုကို စင်ကာပူပါလီမန်က တင်ပြထား ပါသည်။ အဆိုပါ ဥပဒေမူကြမ်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့တွင် ပထမအကြိမ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ် ဆွေးနွေးခဲ့ကြပြီး လွတ်လပ်သ

wtodep

အာဖရိကနိုင်ငံများဖြစ်သည့် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဂါဗွန် ၊ နီဂျာနှင့်ယူဂန်ဒါတို့အား လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးဥပဒေ (African Growth and Opportunity Act - 2000) ပါ အကျိုးခံစားခွင့်များကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှစ၍ ခံစားခွင့်မရှိတော့ကြောင်း အမေရ

wtodep

အရှေ့တောင်အာရှနိုင်ငံများသည် လျှပ်စစ်ကား ဝယ်လိုအားနှင့်ထုတ်လုပ်ရေးတိုးမြင့်ရန် ယှဉ်ပြိုင်လျက်ရှိရာ မည်သည့်နိုင်ငံက ဦးဆောင်နေသည်ကို ခန့်မှန်းရန် ခက်ခဲလျက်ရှိပါသည်။

wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူအဆင့်နိုင်ငံများ၊ အခြားနိုင်ငံများစုစုပေါင်း ၁၉၇ နိုင်ငံ၏ ကုန်သွယ်မှုအခြေ အနေများကို ဖော်ပြထားသည့် Trade Profile 2023 ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

wtodep

အသိဉာဏ်ရည်တုဆိုင်ရာစည်းမျဉ်းများနှင့်စပ်လျဉ်း၍ အရှေ့တောင်အာရှနိုင်ငံများက စီးပွားရေး လုပ်ငန်းများလုပ်သာကိုင်သာရှိရန်သာ ဆောင်ရွက်နေမှုသည် ဥရောပသမဂ္ဂ၏ တင်းကြပ်သော မူဘောင်များဖြင့် ကမ္ဘာနှင့်အဝှမ်း တပြေးညီစည်းမျဉ်းများချမှတ်ရန် တွန်းအားပေးမှုကိုအား လျော့စေပါသည်။

wtodep

မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်နိုင်ငံသည် အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းမှတဆင့် တင်ပို့မှုများမြင့်တက်ခဲ့ပြီး အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်း ရောင်းဝယ်ခြင်းကဏ္ဍ လျှင်မြန်စွာတိုးတက်လာသည်နှင့်အမျှ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)သည် အကျိုးအမြတ်များ ခံ

wtodep

ထိုင်းနိုင်ငံ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်အတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏကို ယခုနှစ်ခန့်မှန်းပမာဏထိုင်းဘတ် ၁ ထရီလီယံထက် ၂၀ %  ပိုမို၍ ထိုင်းဘတ် ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၂.၃ ဘီလီယံ) ရရှိရန် ရည်မှန်းထားပါသည်။

wtodep

ကမ္ဘောဒီးယားပို့ကုန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၁၆.၉၄ ဘီလီယံဖြင့် ပြီးခဲ့သည့်နှစ်အလားတူ ကာလတင်ပို့မှုပမာဏအမေရိကန်ဒေါ်လာ ၁၇.၀၇ ဘီလီယံထက် ၀.၈% ကျဆင်းခဲ့ကြောင်း အကောက်ခွန်နှင့် ယစ်မျိုးဌာနက ထုတ်ပြန်ခဲ့သော အစီရင်ခံစာကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါသည်။