မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၆-၈-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၀၀၂၆၁၉.၉၅၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၅.၉၈၀)သန်း၊ နယ်စပ်မှ (၇၇၉၃၃၄.၄၁၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၉၈.၃၃၁)သန်း၊ စုစုပေါင်း (၁၇၈၁၉၅၄.၃၇၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၇၄.၃၁၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၆-၈-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၆-၈-၂၀၂၁) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၀၁.၆၉၁ | ၈.၁၉၆ | ၄၀၉.၈၈၇ | |
ကီလို | ၅၂၅၃၅၁.၂၅၇ | ၉၅၄၆.၂၄၀ | ၅၃၄၈၉၇.၄၉၇ | |||
၂ | ပဲတီစိမ်း | US$ | ၁၉၇.၁၂၃ | ၂၈၉.၀၄၆ | ၄၈၆.၁၆၉ | |
ကီလို | ၂၁၂၆၆၂.၄၅၆ | ၄၁၁၈၇၉.၃၀၉ | ၆၂၄၅၄၁.၇၆၅ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၅၂၇ | ၃.၅၂၇ | ||
ကီလို | ၂၆၅၀.၅၀၀ | ၂၆၅၀.၅၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၁၁၆.၆၅၃ | ၀.၆၅၄ | ၁၁၇.၃၀၇ | |
ကီလို | ၁၇၅၀၈၇.၃၄၉ | ၁၁၁၂.၇၅၀ | ၁၇၆၂၀၀.၀၉၉ | |||
၅ | ကုလားပဲ | US$ | ၁၃.၂၆၃ | ၁.၉၂၀ | ၁၅.၁၈၃ | |
ကီလို | ၂၂၅၅၅.၃၄၆ | ၃၁၆၉.၅၅၀ | ၂၅၇၂၄.၈၉၆ | |||
၆ | ပဲလွန်းဖြူ | US$ | ၈.၉၂၄ | ၁၇.၄၃၇ | ၂၆.၃၆၁ | |
ကီလို | ၉၆၇၄.၉၅၆ | ၃၈၁၉၀.၇၅၄ | ၄၇၈၆၅.၇၁၀ | |||
၇ | မြေထောက်ပဲ | US$ | ၁၁.၂၇၆ | ၂၅.၄၇၄ | ၃၆.၇၅၀ | |
ကီလို | ၁၄၂၀၄.၈၂၃ | ၃၇၆၆၁.၁၇၀ | ၅၁၈၆၅.၉၉၃ | |||
၈ | ထောပတ်ပဲ | US$ | ၉.၁၆၀ | ၁၅.၃၅၄ | ၂၄.၅၁၄ | |
ကီလို | ၁၇၀၈၅.၁၂၃ | ၂၅၉၀၂.၆၇၀ | ၄၂၉၈၇.၇၉၃ | |||
၉ | ပဲယင်း | US$ | ၉.၁၂၄ | ၂၀.၉၉၁ | ၃၀.၁၁၅ | |
ကီလို | ၁၃၉၄၉.၃၅၀ | ၄၂၆၄၈.၈၄၀ | ၅၆၅၉၈.၁၉၀ | |||
၁၀ | ပဲကြီး | US$ | ၀.၁၇၈ | ၁၁.၂၇၅ | ၁၁.၄၅၃ | |
ကီလို | ၂၄၉.၉၁၅ | ၁၈၈၅၆.၆၅၀ | ၁၉၁၀၆.၅၆၅ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၇၆၆ | ၀.၇၆၆ | ||
ကီလို | ၁၃၃၈.၈၉၃ | ၁၃၃၈.၈၉၃ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၅၃၉ | ၀.၀၀၀ | ၀.၅၃၉ | |
ကီလို | ၉၂၆.၁၃၀ | ၀.၀၀၀ | ၉၂၆.၁၃၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁၀.၁၂၃ | ၁၀.၁၂၃ | ||
ကီလို | ၁၅၅၇၄.၇၈၅ | ၁၅၅၇၄.၇၈၅ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၃.၇၃၉ | ၀.၁၇၈ | ၃.၉၁၇ | |
ကီလို | ၄၄၃၅.၈၇၄ | ၂၈၈.၀၅၀ | ၄၇၂၃.၉၂၄ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၂.၅၉၄ | ၁.၀၅၃ | ၃.၆၄၇ | |
ကီလို | ၄၀၇၆.၂၉၀ | ၂၀၉၉.၃၂၃ | ၆၁၇၅.၆၁၃ | |||
၁၇ | ပဲနီကြား | US$ | ၄.၅၂၂ | ၄.၅၂၂ | ||
ကီလို | ၉၉၆၆.၅၀၀ | ၉၉၆၆.၅၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၂.၄၂၃ | ၂.၄၂၃ | ||
ကီလို | ၃၃၄၅.၈၂၅ | ၃၃၄၅.၈၂၅ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၅၉၄ | ၇.၅၉၄ | ||
ကီလို | ၉၉၇၂.၉၆၅ | ၉၉၇၂.၉၆၅ | ||||
၂၀ | မြေပဲဆံ | US$ | ၀.၇၃၇ | ၁၇၈.၃၄၂ | ၁၇၉.၀၇၉ | |
ကီလို | ၇၃၉.၁၃၄ | ၁၄၆၀၃၄.၇၈၈ | ၁၄၆၇၇၃.၉၂၂ | |||
၂၁ | အခြားပဲ | US$ | ၀.၁၈၆ | ၀.၂၂၂ | ၀.၄၀၈ | |
ကီလို | ၂၃၄.၁၃၄ | ၄၃၃.၇၅၀ | ၆၆၇.၈၈၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၇၅.၉၈၀ | ၅၉၈.၃၃၁ | ၁၃၇၄.၃၁၁ | ||
ကီလို | ၁၀၀၂၆၁၉.၉၅၅ | ၇၇၉၃၃၄.၄၁၉ | ၁၇၈၁၉၅၄.၃၇၄ |
Sources : Customs