မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၂၀-၈-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၀၆၀၉၇၅.၀၆၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၁၉.၉၃၇)သန်း၊ နယ်စပ်မှ (၇၈၂၂၈၁.၅၉၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၀.၃၄၄)သန်း၊ စုစုပေါင်း (၁၈၄၃၂၅၆.၆၅၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၂၀.၂၈၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၀-၈-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၀-၈-၂၀၂၁) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၂၇.၇၉၁ | ၈.၆၇၆ | ၄၃၆.၄၆၇ | |
ကီလို | ၅၅၉၄၁၄.၆၅၆ | ၁၀၀၅၈.၀၄၀ | ၅၆၉၄၇၂.၆၉၆ | |||
၂ | ပဲတီစိမ်း | US$ | ၂၀၆.၄၅၈ | ၂၈၉.၉၁၂ | ၄၉၆.၃၇၀ | |
ကီလို | ၂၂၄၄၂၃.၀၀၁ | ၄၁၃၆၁၉.၀၀၉ | ၆၃၈၀၄၂.၀၁၀ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၅၂၇ | ၃.၅၂၇ | ||
ကီလို | ၂၆၅၀.၅၀၀ | ၂၆၅၀.၅၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၁၂၃.၃၃၇ | ၀.၆၅၄ | ၁၂၃.၉၉၁ | |
ကီလို | ၁၈၄၇၅၉.၃၄၉ | ၁၁၁၂.၇၅၀ | ၁၈၅၈၇၂.၀၉၉ | |||
၅ | ကုလားပဲ | US$ | ၁၃.၄၄၉ | ၁.၉၂၀ | ၁၅.၃၆၉ | |
ကီလို | ၂၂၈၂၆.၃၄၆ | ၃၁၆၉.၅၅၀ | ၂၅၉၉၅.၈၉၆ | |||
၆ | ပဲလွန်းဖြူ | US$ | ၉.၂၆၅ | ၁၇.၄၅၃ | ၂၆.၇၁၈ | |
ကီလို | ၁၀၁၁၂.၁၅၇ | ၃၈၂၂၄.၇၀၄ | ၄၈၃၃၆.၈၆၁ | |||
၇ | မြေထောက်ပဲ | US$ | ၁၁.၃၂၉ | ၂၅.၄၇၄ | ၃၆.၈၀၃ | |
ကီလို | ၁၄၂၅၄.၃၂၃ | ၃၇၆၆၁.၁၇၀ | ၅၁၉၁၅.၄၉၃ | |||
၈ | ထောပတ်ပဲ | US$ | ၉.၄၇၂ | ၁၅.၃၅၄ | ၂၄.၈၂၆ | |
ကီလို | ၁၇၆၆၇.၁၁၃ | ၂၅၉၀၂.၆၇၀ | ၄၃၅၆၉.၇၈၃ | |||
၉ | ပဲယင်း | US$ | ၉.၇၆၁ | ၂၁.၀၂၂ | ၃၀.၇၈၃ | |
ကီလို | ၁၅၀၅၅.၅၃၂ | ၄၂၇၁၆.၈၄၀ | ၅၇၇၇၂.၃၇၂ | |||
၁၀ | ပဲကြီး | US$ | ၀.၂၇၄ | ၁၁.၂၇၅ | ၁၁.၅၄၉ | |
ကီလို | ၄၂၁.၂၉၅ | ၁၈၈၅၆.၆၅၀ | ၁၉၂၇၇.၉၄၅ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၃၅ | ၀.၈၃၅ | ||
ကီလို | ၁၄၁၈.၈၉၃ | ၁၄၁၈.၈၉၃ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၅၃၉ | ၀.၀၀၀ | ၀.၅၃၉ | |
ကီလို | ၉၂၆.၁၃၀ | ၀.၀၀၀ | ၉၂၆.၁၃၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁၀.၁၄၅ | ၁၀.၁၄၅ | ||
ကီလို | ၁၅၆၀၈.၂၈၅ | ၁၅၆၀၈.၂၈၅ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၃.၇၉၄ | ၀.၁၇၈ | ၃.၉၇၂ | |
ကီလို | ၄၅၀၄.၈၄၂ | ၂၈၈.၀၅၀ | ၄၇၉၂.၈၉၂ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၂.၅၉၄ | ၁.၀၅၃ | ၃.၆၄၇ | |
ကီလို | ၄၀၇၆.၂၉၀ | ၂၀၉၉.၃၂၃ | ၆၁၇၅.၆၁၃ | |||
၁၇ | ပဲနီကြား | US$ | ၄.၅၂၂ | ၄.၅၂၂ | ||
ကီလို | ၉၉၆၆.၅၀၀ | ၉၉၆၆.၅၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၂.၄၂၃ | ၂.၄၂၃ | ||
ကီလို | ၃၃၄၅.၈၂၅ | ၃၃၄၅.၈၂၅ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၆၀၅ | ၇.၆၀၅ | ||
ကီလို | ၉၉၈၉.၇၆၅ | ၉၉၈၉.၇၆၅ | ||||
၂၀ | မြေပဲဆံ | US$ | ၀.၈၂၄ | ၁၇၈.၉၂၉ | ၁၇၉.၇၅၃ | |
ကီလို | ၈၂၉.၁၃၄ | ၁၄၆၅၇၈.၂၁၁ | ၁၄၇၄၀၇.၃၄၅ | |||
၂၁ | အခြားပဲ | US$ | ၀.၁၈၈ | ၀.၂၂၂ | ၀.၄၁၀ | |
ကီလို | ၂၃၇.၀၇၄ | ၄၃၃.၇၅၀ | ၆၇၀.၈၂၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၈၁၉.၉၃၇ | ၆၀၀.၃၄၄ | ၁၄၂၀.၂၈၁ | ||
ကီလို | ၁၀၆၀၉၇၅.၀၆၀ | ၇၈၂၂၈၁.၅၉၂ | ၁၈၄၃၂၅၆.၆၅၂ |
Sources : Customs