Department of Trade

ပရဆေးတင်ပို့မှု ပမာဏလျော့

Mon, 08/15/2011 - 07:10 -- Anonymous (not verified)
Undefined

စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ.၅၇၅ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းများ ၃၁၄တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပါတ်မှာ ယခင်အပါတ်က တင်ပို့ခြင်းမရှိတဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ၊ အခွံမပါ) ၊ နေလဲစေ့၊ စကားပန်းပွင့်ခြောက်၊ ရှားစေး၊ နနွင်းခေါင်းတို့ တင်ပို့မှုရှိခဲ့ပြီး ဝဥခြောက်နဲ့ ကြောင်ပန်းစေ့ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက်၊  (ရှမ်းစ) နဲ့ ၊ ကွမ်းစားဂမုန်း အပို့လျော့ခဲ့ပြီး ငရုတ်ကောင်း၊ အုံတုံခေါက်၊ မုတ်ခါး၊ ဆေးမြင်းခွာ၊ မာလာဥ၊ တောဂျင်း၊ ကြောင်လျာစေ့၊ တောဂျူးမြစ်နဲ့ တောင်လုံးကျော်တို့ ယခုအပတ်မှာ ယခင်အပတ်ကထက် ပရဆေးကုန်ကြမ်းတင်ပို့မှုတန်ချိန် ၈၉ တန် လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။

တမူးနယ်စပ်မှာတော့ ကန်ဒေါ်လာ ဝ.၀၀၀၉ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၄ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

MIRT (DOBT)

အိန္ဒိယနယ်စပ်စခန်းမှ ကွမ်းသီးစို၊ ကွမ်းသီးခြောက်၊ ပန်းသီးနဲ့ အုန်းသီးများ အပို့ရှိ

Mon, 08/15/2011 - 07:09 -- Anonymous (not verified)
Undefined

အိန္ဒိယနယ်စပ်စခန်းများဖြစ်တဲ့ တမူးနဲ့ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂၆၂၀၀ တန်ဖိုးရှိ ကွမ်းသီးခြောက် ၁၁ တန်ခန့်၊ ကွမ်းသီးစို ၁၂ တန်၊ အုန်းသီး ၆၀၀၈ လုံးနဲ့ ပန်းသီး ၂၃ တန်ခန့် တင်ပို့မှုရှိခဲ့ကြောင်း သိရှိရပါသည်။ ရာသီချိန်ဖြစ်သောပြီး၊ ကုန်သွယ်မှု အခွင့်အရေးရှိတာကြောင့် ကွမ်းသီးများ တင်ပို့နိုင်သလို ဘာသာရေးပွဲတော်အတွက် အုန်းသီးများ တင်ပို့ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

MIRT (DOBT)

Pages

Subscribe to RSS - Department of Trade