Department of Trade

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အိန္ဒိယ-ထိုင်းလွတ်လပ်သော ကုန်သွယ်မှုစာရင်းမှ ''ရွှေ'' ကိုဖယ်ရှားလို

Tue, 05/14/2013 - 03:33 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14:36 PM

ကုန်သည် အချို့ဟာ အရှေ့တောင် အာရှမှ အဖိုးတန် သတ္တုများကို အိန္ဒိယ- ထိုင်း လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်ကို ခုတုံး လုပ်ကာ အိန္ဒိယသို့ တင်သွင်းနေခြင်းကို ကန့်သတ် တားမြစ်ရန် အလို့ငှာ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး ဌာန အနေနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး အိန္ဒိယ- ထိုင်း လွတ်လပ်သော ကုန်သွယ်မှု စာရင်းမှ ''ရွှေ''ကို ဖယ်ရှားရန် စဉ်းစား နေတယ်လို့ အခွန် ဌာန အတွင်းရေးမှူး Sumit Bse က သတင်း ထောက်များနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သတင်းထောက်များရဲ့ မေးမြန်းချက် အပေါ်မှာလည်း အိန္ဒိယ-ထိုင်း လွတ်လပ်သော ကုန်သွယ်မှု စာရင်းမှ ဖယ်ရှားနိုင်ရေး ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ ဖြေကြား ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနဲ့ ကုန်သွယ်မှု သဘော တူညီချက် အရ ထိုင်းမှ ရွှေ တင်သွင်းခြင်း အပေါ် အထူး အခွန်နှုန်း ၁ ရာခိုင်နှုန်းနဲ့ ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ ဒီအထူးနှုန်းက ရွှေ တင်သွင်းသူများ အထူး သဖြင့် ရွှေချောင်း၊ ရွှေဒင်္ဂါးနဲ့ ၁ဝ ရာခိုင်နှုန်း ရွှေ (၁ဝ.ဝဝ%) ကို အများဆုံး ဆွဲဆောင် နေတာဖြစ်တယ်။

ပြည်တွင်း အခွန်များ ဌာန စုံစမ်း စစ်ဆေးရေး ဌာနက အချို့ ကုန်သည်များဟာ အိန္ဒိယ-ထိုင်း FTA ရဲ့ ရွှေ တင်သွင်းခြင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်း အမိန့် ညွှန်ကြားစာ ဥပဒေများကို ရှောင်လွဲှပြီး တင်သွင်း နေကြတယ်လို့ စွပ်စွဲ ပြောကြား ခဲ့ပါတယ်။

FTA စည်းမျဉ်း အရ ရွှေ ၂ဝ ရာခိုင်နှုန်းနဲ့ အထက် ပါဝင်သော ရွှေများကို ထိုင်းနိုင်ငံမှ တင်သွင်း ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံဟာ ရှေးအစဉ် အဆက်ကပင် ရွှေအများဆုံး အသုံးပြုတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ လထိ ရွှေတင်သွင်းမှုမှာ ကန်ဒေါ်လာ ၃၈ ဘီလီယံ ရှိခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လထိမှာ ၅၆ ဒသမ ၅ ဘီလီယံ တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။

Source:economictines indiatimes.com >>>CMK

အိန္ဒိယသဘာဝရော်ဘာထုတ်လုပ်မှု ၃ ရာခိုင်နှုန်းမြင့်တက်

Tue, 05/14/2013 - 03:30 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14:35 PM

ကိုချီ။ ဒီဇင်ဘာလမှာ အိန္ဒိယ သဘာဝ ရော်ဘာ ထုတ်လုပ်မှုဟာ ၃ ရာခိုင်နှုန်းခန့် မြင့်တက်လျက် ရှိကြောင်းနဲ့ သုံးစွဲမှု ကတော့ တိုးတက်မှု ရှိမနေဘူးလို့ သိရပါတယ်။ ယခုနှစ် ၉ လတာ ကာလမှာ ပြည်ပမှ သဘာဝ ရော်ဘာ တင်သွင်းမှုဟာ ၂၃ ရာခိုင်နှုန်း မြင့်တက်လျက် ရှိနေပါတယ်။ ဒီအခြေအနေ တွေကို ကြည့်မယ်ဆိုလျှင် လာမဲ့ လများမှာ ရော်ဘာ ဈေးများ ကျဆင်းနိုင်တဲ့ အရိပ် လက္ခဏာ ဆောင်လျက် ရှိပါတယ်။ တာယာ ထုတ်လုပ်မှုမှာ အသုံးပြုတဲ့ RSS-4 ရော်ဘာ ပေါက်ဈေးဟာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ၁ ကီလိုကို ၁၆၁ ရူပီး (၂ ဒသမ ၉၅ ဒေါ်လာ)၊ ၁ တန်ကို ၂၉၅၄ ဒေါ်လာဈေး ရှိခဲ့ပါတယ်။

အမိုျးသား ကုန်ပစ္စည်း မျိုးစုံ ကုန်စည်ဒိုင် (National Multi Commodity Exchange-NMEC)ရဲ့ ဈေးနှုန်း ခန့်မှန်း ဖော်ပြချက် အရတော့ လာမဲ့ လများမှာ အနည်းငယ် မြင့်တက် နိုင်တယ်လို့ သိရကြောင်းနဲ့ ဖေဖော်ဝါရီလ သင်္ဘော တင်ရန် ဒီဇင်ဘာလက စာချုပ်ထားတဲ့ ရော်ဘာ ၁၅၄၄ တန် အနေနဲ့ ၁ ကီလိုကို ၁၆၄ ရူပီး ဈေးနဲ့ ရမှာဖြစ်ပြီး ထိုပမာဏဟာ အများဆုံး တင်ပို့ရမဲ့ ပမာဏ ဖြစ်ပါတယ်။ ဈေးနှုန်း အခြေအနေများ အရ ရော်ဘာခြံ သမားများဟာ ဇန်နဝါရီ စာချုပ် ကာလမှာ ဈေးပိုရနိုင် ချေရှိတယ်လို့ မျှော်မှန်းထားပြီး ၎င်းတို့ရဲ့ ရော်ဘာများကို အမျိုးသား ကုန်ပစ္စည်း မျိုးစုံ ကုန်စည်ဒိုင်ပိုင် သိုလှောင်ရုံများမှာ ဆက်လက် သိုလှောင် ထားတယ်လို့ ကုန်စည်ဒိုင် ဒုဥက္ကဌက ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ကစပြီး ပြည်တွင်း သုံးစွဲမှုများ လျော့ကျ နေတဲ့ အတွက် အောက်တိုဘာနဲ့ နိုဝင်ဘာများမှာ ထုတ်လုပ်မှု လျော့ချ ထားတာ ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလထိ ၉ လတာ ကာလမှာ ထုတ်လုပ်မှုက ၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သုံးစွဲမှု ရာခိုင်နှုန်းမှာ ၃ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျ ခဲ့တယ်လို့ ရော်ဘာ အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။

ဒီဇင်ဘာလမှာ မော်တော်ယာဉ် အရောင်းကျတဲ့ အတွက် သုံးစွဲမှုဟာ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရတာ ဖြစ်ပေမယ့် လာမဲ့လများ မှာတော့ ရောင်းအား တက်လာနိုင်ဖွယ် ရှိကြောင်းနဲ့ ဒီဇင်ဘာလမှ ရော်ဘာ တန် ၂ဝဝဝ ပြည်ပ တင်ပို့ရန် စာချုပ်ချုပ်ဆို ထားပြီးဖြစ် တယ်လို့ ရော်ဘာ ကုန်သည်များကို ဦးဆောင်သူ တစ်ဦးက ပြောကြားလျက် ရှိပါတယ်။

Source: India Times >>> CMK

အိန္ဒိယမှ သကြား ထုတ်လုပ်မှု လျှော့ချရတော့မည်

Tue, 05/14/2013 - 03:28 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14 :16 PM

အိန္ဒိယ နိုင်ငံသည် ဘရာဇီးလ်ပြီးလျှင် ဒုတိယ အများဆုံး သကြား တင်ပို့သော နိုင်ငံဖြစ် ပါသည်။ ပြည်ပမှ တင်သွင်းသော သကြား ဈေးထက် လျော့ချရန် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ မှစပြီး ဆောင်ရွက် လျက်ရှိကြောင်း သကြားစက် ပိုင်ရှင်များ အသင်းက ဇန်နဝါရီလ စတုတ္ထပတ်မှာ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၃ဝ ရက်ထိ သကြား တန်ချိန် ၂၄ သန်းထိ ထုတ်လုပ် နိုင်ခဲ့သည်ဟု သကြားစက် ပိုင်ရှင်များ အသင်း ဥက္ကဌမှ Mr. Srinivaascan က ပြောကြား ခဲ့သည်။ ပြည်တွင်း သကြားဈေးများ လျော့ကျ လာခြင်းသည် ကြံ တောင်သူများကို အချိန်မီ ငွေပေးချေနိုင်ရေး အတွက် အဟန့်အတား ဖြစ်စေလျက်ရှိပြီး တောင်သူများအား အခြား သီးနံှ ပြောင်းလဲ စိုက်ပျိုးရန် တွန်းအားပေးရာ ရောက်လျက် ရှိပါသည်။ ၂ဝ၁၃-၂ဝ၁၄ တွင် သကြား မည်မျှ ထွက်ရှိမည်ဟု သကြားစက်ပိုင် အသင်းဥက္ကဌ အနေနှင့် ခန့်မှန်း ပြောကြားနိုင်ခြင်း မရှိပါ။ ပြည်တွင်း သကြား ဈေးကွက် အခြေအနေသည် အတန်ငယ် ဆိုးရွား နေကြောင်းနှင့် ပြည်ပမှ တင်သွင်း လာသော သကြားများသည် ပြည်တွင်း ဈေးကွက်တွင် အချိန်တို အတွင်း နေရာယူလျက် ရှိသည်ဟု Mr. Srinivaascan က ပြောကြား ခဲ့သည်။

Source: businesstimes.com.sg ---- Sweet

၂ဝ၁၃ ခုနှစ်တွင် ပို့ကုန်ကြောင့်ရငွေ ကန်ဒေါ်လာ ၁၂၆ ဘီလီယံ ရရှိမည်ဟု ဗီယက်နမ် မျှော်မှန်း

Tue, 05/14/2013 - 03:26 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 14:10 PM

ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန (Mo IT)သည် ၂ဝ၁၃ ခုနှစ်တွင် ပို့ကုန်ကြောင့် ရငွေ ကန်ဒေါ်လာ ၁၂၆ ဒသမ ၁ ဘီလီယံ ရရှိမည်ဟု မျှော်မှန်းထားပြီး ၂ဝ၁၂ ခုနှစ်ထက် ၁ဝ ရာခိုင်နှုန်းခန့် ပိုမိုခန့်မှန်း ထားခြင်းဖြစ်သည်။ လက်ရှိ ပြည်တွင်းနှင့် ကမ္ဘာ့ စီးပွားရေး အခက်အခဲများ ရှိနေသော်ငြားလည်း ၂ဝ၁၂ ခုနှစ်ထက် ပိုမို နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်း ထားခြင်းဖြစ် ပါသည်။

(Mo IT)ကို ကိုးကား ရမည်ဆိုလျှင် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များ အနေနှင့် ဈေးကွက်တွင် ရေရှည် အားဖြင့် အလား အလာ ကောင်းများရှိနေပြီး ဈေးကွက် ယှဉ်ပြိုင်နိုင် စွမ်းအား သာလျက်ရှိသည်ဟု သိရသည်။ ၎င်းတို့အနေနှင့် ထုတ်လုပ်မှု၊ အရည်အသွေး တိုးမြှင့်ရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်မှသာ ပို့ကုန်ကြောင့် ရငွေ ပိုမို နိုင်မည် ဖြစ်သည်။

စီးပွားရေး တွက်ချေ ကိုက်သော အရည် အသွေးမြင့်၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ ဈေးကွက် အတွင်း ယှဉ်ပြိုင် နိုင်မည်ဖြစ်ပြီး အမှတ်တံဆိပ်ကို အထူး နှစ်ခြိုက် ဝယ်ယူ လိုစိတ်ရှိအောင် နိုင်ငံတော် အနေနဲ့ အလေးထား စီမံ ဆောင်ရွက်ပေးရန် လိုအပ် လျက်ရှိပါသည်။

သတ္ထုနှင့် လောင်စာဆီ အပိုင်းတွင် ကုန်ကြမ်း အဆင့် တင်ပို့မှုကို လျှော့ချပြီး ပို့ကုန် တန်ဖိုး တိုးမြှင့် ရရှိစေရန်၊ ကုန်ချော အဆင့်ကို ပြောင်းလဲ ထုတ်လုပ် တင်ပို့သွားရန် (Mo IT)မှ စီစဉ် ထားပါသည်။ လျှပ်စစ် ပစ္စည်းများနဲ့ မိုဘိုင်း ဖုန်းထုတ်လုပ် တင်ပို့မှု အပိုင်းတွင် ယမန်နှစ် တင်ပို့မှုထက် ၁၂ ရာခိုင်နှုန်းကျော် ရရှိနိုင်ရန်နှင့် ရေရှည်တွင် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ပြည်ပမှ စက်ပစ္စည်း တင်သွင်းမှုကို လျှော့ချပြီး ပြည်ပသို့ တင်ပို့နိုင်သည့် အဆင့်သို့ ရောက်ရှိစေရန် ပြောင်းလဲ လုပ်ကိုင်သွားရန် (Mo IT)မှ စီမံကိန်း ရေးဆွဲလျက် ရှိပါသည်။

Source: Nhan Dan Online ---Victory

အမြင့်ထိန်းတန်းနဲ့ Back Hoe တို့ ချိတ်မိ

Tue, 05/14/2013 - 03:19 -- admin
Undefined

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 13 :59 PM

ပဲခူးတိုင်း ဒေသကြီး ဝေါမြို့၊ ရန်ကုန်- မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်ရှိ ပဲခူး- စစ်တောင်း တူးမြောင်းဖြတ် ဝေါတံတားတွင် ၂ဝ၁၃ ဇန်နဝါရီလ ၂၁ ဝ၃းဝဝ ချိန်မှာ မြေတူးစက် Back Hoe တင် Transporter ယာဉ် ၁ စီးက အမြင့်ထိန်း တန်းအား ဝင်ရောက် ချိတ်ဆက် မိတဲ့ အတွက် တံတား အထိန်း အပေါ် တန်းကျိုးပြီး ကားနဲ့ တွဲလျက်ဖြစ်ကာ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။။ အမြင့် ထိန်းတန်းမှာတော့ ၁၅ ပေ အမြင့်လို့ စာတန်း ထိုးထားတာ ဖြစ်ပါတယ်။

ယာဉ်ငယ်များသာ ဖြတ်သန်း သွားလာနိုင်ပြီး ကုန်တင် ယာဉ်ကြီးများ ဖြတ်သန်းနိုင်မှု မရှိဘဲ တံတား ဟိုဘက် ဒီဘက်တွင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ မြဝတီ နယ်စပ် ကုန်သွယ်ရေးကို ဆက်သွယ်ပြီး ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ကုန်စည် စီးဆင်းမှုကို ထိခိုက်မှု ရှိမရှိ မေးမြန်းခဲ့ရာ သိသိ သာသာ ထိခိုက်မှု မရှိကြောင်း၊ ခေါက်တို ကားများနဲ့ တံတား တစ်ဖက် တစ်ချက်ကို ကဲ့သယ်ပေးနေတဲ့ အတွက်လို့ သိရပါ တယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ မှာတော့ ရှင်းလင်းပြီးဖြစ်တဲ့ အတွက် ပုံမှန် အတိုင်းယာဉ်များ ပြန်လည် မောင်းနှင် နိုင်ပြီလို့ သတင်းရရှိပါတယ်။

ချမ်းမြေ့မေ

ဗီယက်နမ် တောင်ပိုင်းရှိ စိုက်ပျိုး မွေးမြူရေး ထုတ်ကုန် ထုတ်လုပ်သူများ Viet GAP အစိမ်းရောင် တံဆိပ် အသိအမှတ်ပြု လက်မှတ်များ လက်ခံရရှိ

Mon, 05/13/2013 - 11:21 -- admin
Undefined

သောကြာနေ့ ၂၅ ဇန်နဝါရီလ ၂၀၁၃ 15 :40 PM

ဗီယက်နမ် နိုင်ငံ တောင်ပိုင်းရှိ စိုက်ပျိုး မွေးမြူရေး ထုတ်ကုန် ထုတ်လုပ်သူ (၁၄) ဦးအား (ဗီယက်နမ်စိုက်ပျိုး ထုတ်လုပ်မှု အလေ့အကျင့်) Vietnam Agriculture Practice အသိအမှတ်ပြု အစိမ်းရောင် တံဆိပ် လက်မှတ် ထုတ်ပေးခြင်း ခံရတယ်လို့ V.O.V online သတင်းမှာ ဖော်ပြထားပါတယ်။

အမျိုးသား လယ်ယာ သစ်တော၊ ရေထွက်ကုန် အရည်အသွေး အသိအမှတ်ပြု အဖွဲ့ (National Agro-Forestry-Fisheries Quality Assurance Department (NAFFQAD) နဲ့ ကနေဒီယန် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (Canadian International Development Agency-CIDA) တို့ ဟိုချီမင်း မြို့တော်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ပူးတွဲ ကျင်းပတဲ့ ညီလာခံမှာ အသိအမှတ်ပြု လက်မှတ်များကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ယခုကဲ့သို့ Viet Gap အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရတဲ့ ရည်ရွယ်ချက် ကတော့ Viet Gap အစိမ်းရောင် တံဆိပ်တပ် လယ်ယာ ထွက်ကုန်များ ထုတ်လုပ်မှု၊ ဖြန့်ဖြူမှုနဲ့ စားသုံးမှုများ အကြားမှာ တိုးတက်ဖွံ့ဖြိုး စေရန်နဲ့ အချိတ် အဆက် မိစေရန် ဖြစ်ပါတယ်။

အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ခြင်း ခံရတဲ့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းရှင်များ ကတော့ ဟင်းသီး ဟင်းရွက် မဝါယမ အသင်း (၃) ခု၊ ဝက် မွေးမြူရေးခြံ (၅) ခြံနဲ့ ကြက် မွေးမြူရေးခြံ (၆) ခြံတို့ ဖြစ်ကြ ပါတယ်။ ညီလာခံ ကျင်းပပြီးတဲ့ အခါ Viet Gap အသိအမှတ်ပြု လက်မှတ်ရ အစိမ်းရောင် တံဆိပ်တပ် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းရှင်များနဲ့ မြို့တော် ဟိုချီမင်းမှ အဓိက ကုန်စည် ဖြန့်ဖြူး ရောင်းချသူများ အကြား စာချုပ် ၂ဝ ခန့် သဘောတူညီ ချက်လက်မှတ် (M.o.U) ရေးထိုး နိုင်ခဲ့တယ်လို့ သိရ ပါတယ်။ Viet Gap စံနဲ့ Viet Gap အစိမ်းရောင် တံဆိပ် အမှတ် အသားများကို နှိုင်းယှဉ်မယ် ဆိုလျှင် အစိမ်းရောင် တံဆိပ် အမှတ် အသားပါ ပစ္စည်းသည် ထုတ်လုပ်မှု အဆင့် အစမှ အဆုံး စိုက်ပျိုးသည်မှ ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနဲ့ ကုန်သွယ်မှုထိ အရည်အသွေး အားလုံး အတွက် စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုရှိကြောင်း အာမခံချက် ပိုရှိတယ်လို့ သိရပါတယ်။ Viet Gap အစိမ်းရောင် တံဆိပ် အမှတ် အသားတပ် ပစ္စည်းဟာ Viet Gap ထက် အဆင့် ပိုမြင့်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Source: VNA/V.O.V online CMK

ဇန်နဝါရီလ ၂ဝ ရက်ထိ နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ITC ကဒ်နဲ့ ကျပ် ၂၁၆ သန်း ကျော်ဖိုး ကုန်သွယ်မှု ဆောင်ရွက်ပြီးပြီ

Mon, 05/13/2013 - 11:20 -- admin
Undefined

သောကြာနေ့ ၂၅ ဇန်နဝါရီလ ၂၀၁၃ 14 :25 PM

ကုမ္ပဏီ ထူထောင်ရန် အရင်းအနှီး မတတ်နိုင်သော ဒေသခံ ကုန်သည် လုပ်ငန်းရှင်များ အနေနဲ့ လုပ်သာ ကိုင်သာ ရှိစေရန် တစ်ဦး တည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကဒ် (Individual Trading Card-ITC) များကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က စပြီး တမူး နယ်စပ် ကုန်သွယ်ရေး စခန်း၊ ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်နဲ့ မြဝတီ ကုန်သွယ်ရေး ဇုန်တို့မှ စတင် ထုတ်ပေး နေပြီဖြစ် ပါတယ်။ ဇန်နဝါရီလ ၂ဝ ရက်နေ့ထိ နယ်စပ် အလိုက် itc ကဒ် ထုတ်ပေးနိုင်မှုနဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ဖော်ပြပေးလိုက် ရပါတယ် -

၂ဝ- ၁- ၂ဝ၁၃ နေ့ထိ itc ကဒ် ထုတ်ပေးမှုနဲ့ လုပ်ငန်းဆောင်ရွက်မှု








              ကျပ်သန်းပေါင်း
စဉ် စခန်း ITC စောင်ရေ ကုန်သွယ်မှု
ပမာဏ
လုပ်ငန်းဆောင်ရွက်မှု
ပို့ကုန် သွင်းကုန်
စောင်ရေ တန်ဖိုး စောင်ရေ တန်ဖိုး
တမူး ၅၆ ၁၁၈.၁၅၄ ၁၃.၀၁၅ ၅၀ ၁၀၅.၅၂၆
မူဆယ် ၉၈ ၉၀.၆၁၅ - - ၅၁ ၉၀.၆၁၅
မြဝတီ ၁၃ ၇.၀၆၃ - - ၇.၀၆၃

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်မှ itc ကဒ် အသုံးပြုပြီး သွင်းကုန် ဆောင်ရွက်တဲ့ ပစ္စည်းတွေ ကတော့ ကားအပို ပစ္စည်းများ၊ ဆံညှပ်၊ ကလစ် စတဲ့ အမျိုးသမီးသုံး အလှကုန် ပစ္စည်းများ၊ အဝတ် အထည်များ၊ ဆောင်းတွင်း ဝတ်ကျား/ မ,ကလေးဝတ် အနွေးထည်များ၊ မြဝတီမှ သွင်းကုန်တွေ ကတော့ တို့စရာ ဒညင်းသီးနဲ့ သရက်သီးစိမ်း တို့ဖြစ်ကြ ပါတယ်။ တမူး နယ်စပ် ကတော့ ပို့ကုန် အနေနဲ့ ပဲပုတ်စေ့၊ ကုလားပဲလုံးဝါနဲ့ မုန်ညှင်းစေ့များ တင်ပို့ခဲ့ပြီး သွင်းကုန် အနေနဲ့ ပိတ်စ အပွင့် ဖော်တဲ့ လက်ရေး ဆိုးဆေးဗူး 3D Outliner ၊ အဝတ်စမှာ ဘော်ကြယ်တပ်တဲ့ 3D Glue ၊ ရွှေရည်စိမ် လက်ကောက်၊ ပလပ်စတစ် လက်ကောက်၊ အိမ်သုံး ကပ်ကြေး၊ ပုဆိုး၊ ပါတိတ်၊ ပိတ်စ၊ စွပ်ကျယ်၊ လက်နှိပ် ဓါတ်မီး၊ တီရှပ်၊ ခေါင်းလျှော်ရည်၊ ဒူးစွပ်၊ ဖနောင့်စွပ် စတဲ့ အိန္ဒိယ နိုင်ငံထုတ် ပစ္စည်းများ တင်သွင်းခဲ့ကြ တယ်လို့ သိရှိရပါတယ်။

စုစုပေါင်း ITC နဲ့ နယ်စပ်စခန်း (၃) ခုမှ ပို့ကုန် ကျပ် ၁၃ ဒသမ ဝ၁၅ သန်း၊ သွင်းကုန် ကျပ် ၂ဝ၃ ဒသမ ၂ဝ၅ သန်း စုစုပေါင်း ကုန်သွယ်မှု ကျပ် ၂၁၆ ဒသမ ၂၂ဝ သန်းခန့် ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ သိရှိရ ပါတယ်။

source : နကသ (မူဝါဒ)ပန်

လာအိုနဲ့ မြန်မာ နှစ်နိုင်ငံအကြား မဲခေါင်မြစ်ကို ဖြတ်သန်း၍ တံတား တစ်စင်း တည်ဆောက်ရန် သဘော တူညီချက်ရ

Mon, 05/13/2013 - 11:17 -- admin
Undefined

ကြာသပတေးနေ့ ၂၄ ဇန်နဝါရီလ ၂၀၁၃ 15:56 PM

လာအိုနဲ့ မြန်မာ နှစ်နိုင်ငံအကြား မဲခေါင်မြစ်ကို ဖြတ်၍ ချစ်ကြည်ရေး တံတား တစ်စင်းကို နောက်လမှာ စတင် တည်ဆောက် တော့မယ်လို့ သိရပါတယ်။ ယခု တည်ဆောက်မဲ့ ချစ်ကြည်ရေး တံတားဟာ လာအိုနဲ့ မြန်မာ နှစ်နိုင်ငံ အကြား ပထမဆုံး တည်ဆောက်မဲ့ တံတားပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နံှမှုများ တိုးတက်ရန်နဲ့ ဒေသတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ပြီး ချစ်ကြည်ရေး တံတား တည်ဆောက်ရခြင်း ဖြစ်ပါတယ်။

လာအိုနိုင်ငံ ပြည်သူ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Sommad Pholsena ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဟာ ဇန်နဝါရီ လဆန်းပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာ အရာရှိကြီးများနဲ့ တံတား တည်ဆောက်ရေး စီမံကိန်းနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ Internet သတင်းမှာ ဖော်ပြ ထားပါတယ်။

လာအိုနိုင်ငံ Luang Namtha ပြည်နယ်ရှိ Xicngkok မြစ်ဆိပ်နဲ့ မြန်မာနိုင်ငံ ကျိုင်းလတ် နေရာမှာ တံတား တည်မှာဖြစ်ပြီး ဖေဖော်ဝါရီလမှာ အုတ်မြစ်ချခြင်း လုပ်ငန်း စတင်မယ်လို့ သိရပါတယ်။ တံတား အရှည်ဟာ ၆၆ဝ မီတာနဲ့ လျှောက်လမ်းများ မပါ တံတား အကျယ် ၉ မီတာ ရှိပါတယ်။ တံတား တည်ဆောက်ရေး ကုန်ကျစရိတ်နဲ့ ပြီးစီးမဲ့ အချိန်များတော့ ရှင်းရှင်း လင်းလင်း ထုတ်ပြန် ထားခြင်းတော့ မရှိပါဘူး။ ဇန်နဝါရီလ ၉ ရက်နေ့က နှစ်နိုင်ငံ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးရာမှာ နည်းပညာပိုင်း ဆိုင်ရာများကို ထောင့်စုံ ဘက်စုံမှ ထည့်သွင်း စဉ်းစား ခဲ့ကြတာ ဖြစ်ပါတယ်။ လာအို နယ်စပ်နဲ့ မြန်မာ နယ်စပ်ကို တရုတ်နိုင်ငံ တောင်ပိုင်းမှ မြစ်ဖျားခံ စီးဆင်းပြီး ဗီယက်နမ် တောင်ပိုင်း မြစ်ဝကျွန်းပေါ်ထိ စီးဆင်း လျက်ရှိသော မဲခေါင်မြစ်နဲ့ နယ်နမိတ် ပိုင်းခြားထားတာ ဖြစ်ပါတယ်။

လာအိုနဲ့ မြန်မာ နှစ်နိုင်ငံဟာ ၁၉၅၅ ခုနှစ်က စတင်ပြီး သံတမန် အဆက်အသွယ် စတင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနဲ့ လာအို နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ လာအိုနဲ့ အခြား အိမ်နီးချင်း နိုင်ငံများရဲ့ ကုန်သွယ်မှု ပမာဏနဲ့ နှိုင်းယှဉ်လျှင် အနည်းငယ်မျှသာ ရှိပါတယ်။

ဒီချစ်ကြည်ရေး တံတားဟာ လာအိုနဲ့ မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးတက်စေမဲ့ အပြင် ကုန်စည် စီးဆင်းမှု ကိုလည်း လွယ်ကူ ချောမွေ့စေပြီး ခရီးသွား လုပ်ငန်းများလည်း တိုးမြှင့်လာ နိုင်စေမှာဖြစ်ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်များဟာ ချစ်ကြည်ရေး တံတား တည်ဆောက်ရန် ဆယ်စုနှစ် ၁ ခုကြာ စီမံကိန်း ရေးဆွဲထားတာ ဖြစ်ပါတယ်။

၂ဝ၁၁ ခုနှစ်အတွင်း လာအို ဝန်ကြီးချုပ် Thongsing Thammavong မြန်မာနိုင်ငံသို့ လာရောက်ခဲ့တဲ့ ချစ်ကြည်ရေး ခရီးစဉ် အတွင်း ဆွေးနွေး ခဲ့ကြပြီးနောက် တံတား တည်ဆောက်ရေး အတွက် အခြေအနေ တိုးတက်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။ တံတား တည်ဆောက်ရန် သဘောတူညီချက်ကို ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်းက နှစ်နိုင်ငံ အစိုးရများ လက်မှတ် ရေးထိုးထားခဲ့ပြီး ဖြစ်ပါတယ်။

ယခု လဆန်းပိုင်းက မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့တဲ့ လာအိုပြည်သူ့ ဆောက်လုပ်ရေး ဝန်ကြီးဟာ မြန်မာသမ္မတ ဦးသိန်းစိန်အား သွားရောက် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုနဲ့ ကောင်းမွန်သော ချစ်ကြည်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ ပါတယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ နွေးထွေးစွာ လက်ခ တွေ့ဆုံခဲ့ခြင်းနဲ့ ချစ်ကြည်ရေး တည်ဆောက်ရေးနဲ့ စပ်လျဉ်း၍ အလေးထား အကြံပေးချက်များ အပေါ် ကျေးဇူးတင် ရှိကြောင်း သတင်းမှာ ဖော်ပြထား ပါတယ်။ ထိုသို့ တွေ့ဆုံ ခဲ့ခြင်းကြောင့်လည်း တံတား တည်ဆောက်ရန် အုတ်မြစ် ချမဲ့ရက်ကို ရွေးချယ် နိုင်ခဲ့ပြီး တံတား စတင် တည်ဆောက်ရန် ရက်များ သတ်မှတ်ပေး နိုင်ခဲ့တာဖြစ် ပါတယ်။

ချစ်ကြည်ရေး တံတား တည်ဆောက်ခြင်းသည် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နံှမှု တိုးတက် စေရုံ သာမက နှစ်နိုင်ငံ ပြည်သူများ အကြား လာမဲ့နှစ်များမှာ ပူးပေါင်း ဆောင်ရွက်နိုင်စေမဲ့ အနာဂတ် အလားအလာ ကောင်းများပေါ်ထွက် လာစေရန် မျှော်မှန်း ချမှတ်ထားတဲ့ အစီအစဉ် တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

Source: Asia News Network/ Vientiane Times - - - CMK

၂ဝ၁၃ ခုနှစ်တွင် ဆန်မွှေးတန် ၇ သိန်းခန့် ပြည်ပသို့ တင်ပို့ရန် ဗီယက်နမ် မျှော်မှန်း

Mon, 05/13/2013 - 11:13 -- admin
Undefined

ကြာသပတေးနေ့ ၂၄ ဇန်နဝါရီလ ၂၀၁၃ 14:44 PM

၂ဝ၁၃ ခုနှစ်တွင် ဆန်မွှေး တန်ချိန် ၇ သိန်းခန့် ပြည်ပသို့ တင်ပို့ရန်နဲ့ မကြာမီနှစ် ကာလ အတွင်း တန်ချိန် ၁ သန်းထိ တိုးမြှင့် တင်ပို့ သွားရန် မျှော်မှန်း ထားတယ်လို့ ဗီယက်နမ် စားသောက်ကုန် အသင်း (VFA) ရဲ့ ထုတ်ပြန် ချက်အရ သိရှိရပါတယ်။

ယမန်နှစ်က ဆန်မွှေး တင်ပို့မှု တန် ၅၈၄ဝဝဝ ထိရှိခဲ့ပြီး ၎င်းတို့ရဲ့ ဈေးကွက်များမှာ ဟောင်ကောင်၊ တရုတ်၊ အာဖရိက အနောက်ပိုင်းတို့ ဖြစ်ကြပြီး ဟောင်ကောင်နဲ့ အာဖရိက အနောက်ပိုင်း ဈေးကွက်များမှာ ၄ဝ ရာခိုင်နှုန်းစီ အသီးသီး နေရာရရှိထား ကြပါတယ်။

ဗီယက်နမ် ဆန်မွှေးရဲ့ ဈေးနှုန်းနဲ့ အရည်အသွေး ကောင်းမွန်မှု များကြောင့် ဗီယက်နမ် ဆန်မွှေး ရောင်းအားဟာ ယှဉ်ပြိုင်ဖက် ထိုင်းနိုင်ငံထက် အသာစီး ရရှိနေတာ ဖြစ်ပါတယ်။ ဆန်မွှေး အထွက်နှုန်း သာမန် ပြည်ပပို့ ဆန်ထက် ပိုမို မြင့်မားခဲ့ပါတယ်။

ဗီယက်နမ် နိုင်ငံအနေနဲ့ ဆန်တင်ပို့ရန် အလား အလာ ကောင်းများ ရှိနေသော်လည်း လယ်သမား အများစုဟာ ဆန်မွှေး စိုက်ရန် ဝန်လေး နေကြတယ်လို့ သိရပါတယ်။ ဗီယက်နမ် နိုင်ငံဟာ တစ်နှစ်လျှင် ဆန် ၃ ကြိမ် ထုတ်လုပ် လျက်ရှိပါတယ်။ ဆောင်းဦးပေါက်နဲ့ မိုးဦးကျ ရိတ်သိမ်းတဲ့ စပါးများဟာ အရည်အသွေး ကောင်းမွန်လျက် ရှိပါတယ်။ နွေဦးပေါက်မှာ ရိတ်သိမ်းတဲ့ စပါးကတော့ အရည် အသွေး နိမ့်ပြီး ဆန်မွှေး ရနံ့ နည်းတယ်လို့ သိရပါတယ်။

ရည်မှန်းချက်များ ပြည့်မီစေရန် နိုင်ငံ အနေနဲ့ လုံလောက်သော စိုက်ပျိုးမြေ၊ ကောင်းမွန်သော ရာသီဥတု အခြေအနေများ ရှိတဲ့ အတွက် ဗီယက်နမ် စားသောက်ကုန် အသင်းက မဲခေါင် မြစ်ဝှမ်းရှိ Cuu Long ဒေသမှ တောင်သူများအား ဆောင်းဦးပေါက် ရာသီမှာ ဆန်မွှေး စပါးများ တိုးခဲျ့ စိုက်ပျိုးပေးရန် တိုက်တွန်း ပြောကြားလျက် ရှိပါတယ်။

ဆန်မွှေး အထူးပြု ဇုန်တစ်ခု ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တောင်သူ လယ်သမား များအား စိုက်ပျိုးရေး နည်းပညာများ ပံ့ပိုးမှုများကို စိုက်ပျိုးရေး ဌာနအနေနဲ့ လုပ်ဆောင်ပေးရန် ဗီယက်နမ် စားသောက်ကုန် အသင်းဥက္ကဌ Truang Thanh Phong က ပြောကြားခဲ့ ပါတယ်။ စိုက်ပျိုးရေး ဌာနအနေနဲ့ မျိုးကောင်း မျိုးသန့် ဆန်မွှေး မျိုးစေ့များကို စပါးစိုက် တောင်သူများကို လုံလောက်အောင် ပံ့ပိုးဖို့ လိုအပ်တယ်လို့ ဗီယက်နမ် စားသောက်ကုန် အသင်း ဥက္ကဌ Truang Thanh Phong က ထောက်ပြ ပါတယ်။

၂ဝ၁၃ ခုနှစ်ပထမ (၁ဝ) ရက် အတွင်းမှာ ကန်ဒေါ်လာ ၅၂၃ သန်း တန်ဖိုးရှိ ဆန် ၄၉၂၉၆ တန် တင်ပို့ထားပြီး ဖြစ်ကြောင်းနဲ့ ပထမ လေးလတာ ကာလ အတွင်းမှာ ဆန်တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့ရန် ရည်မှန်း ထားတယ်လို့ ဗီယက်နမ် စားသောက်ကုန် အသင်းရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

Source: Hanoi, Viet Nam News --- CMK

သဘာဝ ပတ်ဝန်းကျင် သာယာဖို့ တရားမဝင် သစ်တင်ပို့မှု တားဆီးထိန်းချုပ်စို့

Mon, 05/13/2013 - 11:10 -- admin
Undefined

ကြာသပတေးနေ့ ၂၄ ဇန်နဝါရီလ ၂၀၁၃ 14:30 PM

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်မှုဟာ ထိုနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အပေါ် အဓိက မှီတည်နေပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ ကုန်သွယ်မှု တိုးမြှင့်နိုင်ခြင်းဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ကို ထောက်ပံ့မှု ကြီးစွာ ပေးတယ်လို့ ပညာရှင်များက ဆိုပါတယ်။ ပို့ကုန် တိုးမြှင့်စေရေးကို အလေးထား ဆောင်ရွက်ဖို့ လိုပေမယ့် အဲဒီ ပို့ကုန်ကြောင့် မိမိနိုင်ငံ ရေမြေ သဘာဝ ပတ်ဝန်းကျင်ကို မပျက်စီး မဆုံးရှုံးရအောင်လည်း ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ဒါမှသာ သားစဉ် မြေးဆက် တိုင်အောင် ရေရှည် အကျိုးစီးပွားကို ထိန်းသိမ်း ထားနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ သဘာဝ သယံဇာတများ မပျက်စီး မဆုံးရှုံးစေရန် အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီး ဌာနက ပြည်ပသို့ သစ်တင်ပို့မှုတွေကို စည်းမျဉ်း ဥပဒေများ ချမှတ်ကာ စနစ်တကျ ခွင့်ပြု ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့လည်း မသမာသူ ကိုယ်ကျိုးစီးပွား ရှာသူများ ကတော့ ဝိသမ လောဘကြောင့် တရားမဝင် သစ်တင်ပို့မှုတွေကို ဆောင်ရွက် နေကြတာ တွေ့ရပါတယ်။ အဲဒီလို တရားမဝင် သစ်တင်ပို့ခြင်းကြောင့် နိုင်ငံရဲ့ အခွန်ဘဏ္ဍာငွေ နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေတာကြောင့် ပြင်းပြင်း ထန်ထန် ထိထိ ရောက်ရောက် တားဆီး ကာကွယ် နေတာကို တွေ့ရပါတယ်။

ယခု မျက်မှောက် ကာလမှာ တရားမဝင် ကူးသန်းရောင်းဝယ်မှုတွေ တရားဝင် ကုန်သွယ်မှု လမ်းကြောင်း ပေါ်ကို ရောက်ရှိလာအောင် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းပြီး တရားမဝင် မှောင်ခို ကူးသန်း ရောင်းဝယ်မှုတွေကို တားဆီး ထိန်းချုပ်မှုများကို ထိထိ ရောက်ရောက ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ မူဆယ်- မန္တလေး လမ်းကြောင်း အတွက် (အဖွဲ့-၁) နဲ့ မြဝတီ-ရန်ကုန် လမ်းကြောင်း အတွက် (အဖွဲ့-၂) ဆိုပြီး အဖွဲ့ နှစ်ဖွဲ့ခွဲကာ တရားမဝင် ကူးသန်း ရောင်းဝယ်မှုတွေကို ဖော်ထုတ်ပြီး မှန်ကန်တဲ့ ကုန်သွယ်မှု လမ်းကြောင်းမှန်ပေါ် ရောက်ရှိအောင် ဆောင်ရွက်နေကြပါတယ်။

အဲဒီလို ဆောင်ရွက်လျက် ရှိရာမှာ ၁၅-၁-၂ဝ၁၃ ရက်နေ့က (အဖွဲ့-၂) ဟာ စစ်တောင်း တံတားသစ်/ ဟောင်း လမ်းဆုံကနေ ဝေါမြို့သို့ သွားရောက် စစ်ဆေးရာမှာ ယာဉ်အမှတ် x/xxxx ကို ရှောင်ကွင်းလမ်းမှ မောင်းနှင်လာတယ်လို့ သံသယရှိတဲ့ အတွက် ရပ်တန့် စစ်ဆေးခဲ့တဲ့ အခါ သစ်ခွဲသား ၂ ဒသမ ၇၈၂၅၂ တန် တင်ဆောင် လာတာကို စစ်ဆေး တွေ့ရှိခဲ့ရတဲ့ အတွက် အဲဒီယာဉ်ကို ခေတ္တ တားဆီးထားပြီး ဝေါမြို့နယ် သစ်တော ဦးစီးဌာနသို့ ဆက်သွယ် အကြောင်းကြားပြီး လွဲှပြောင်း ပေးအပ်ခဲ့ပါတယ်။ သစ်တော ဦးစီးဌာန ကလည်း အဲဒီယာဉ် ကို ဝေါမြို့နယ် တရားရုံးမှာ အမှုဖွင့် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို ပြည်ပသို့ တရားမဝင် သစ်တင်ပို့ဖို့ အတွက် တရားမဝင် သစ်ထုတ်လုပ်ခြင်းနဲ့ သစ်တောများ ခုတ်လဲှခြင်း များကြောင့် နိုင်ငံတော်ရဲ့ အဖိုးတန် သဘာဝ သစ်တောများ ပြုန်းတီးကာ ရာသီဥတု ဖောက်ပြန်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ကိုက်ညီ ကျနအောင် ချိန်ညှိပေးတဲ့ ဂေဟစနစ်ကိုပါ ယိုယွင်း ပျက်စီးစေခြင်း စတဲ့ဆိုးကျိုး များကိုလည်း ဖြစ်ပေါ်စေတဲ့ အပြင် နိုင်ငံ့ဘဏ္ဍာငွေ အလဟဿ ဆုံးရှုံးစေပါတယ်။ ဒါတင်မက တရားမဝင် ကူးသန်း ရောင်းဝယ်မှုတွေဟာ ဈေးကွက် အတွင်း တရားမျှတတဲ့ ယှဉ်ပြိုင်မှုကိုလည်း ပျက်စီး ဆုံးရှုံးစေနိုင်ပြီး တရားဝင် ကူးသန်းရောင်းဝယ်မှု ပြုလုပ် နေကြသူ ကုန်သည် လုပ်ငန်းရှင်တွေ အတွက်လည်း နစ်နာမှုတွေကို ဖြစ်စေတာကြောင့် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တား ခြိမ်းခြောက်နေတဲ့ လုပ်ရပ် တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး အနေနဲ့ နိုင်ငံတော်ရဲ့ အဖိုးတန် သဘာဝ သယံဇာတများ မပျက်စီးအောင်၊ နိုင်ငံ့ ဘဏ္ဍာ တိုးတက် လာအောင်နဲ့ နိုင်ငံရဲ့ ကုန်သွယ်မှုကို မှန်ကန်တဲ့ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် မားမား မတ်မတ် ရပ်တည်နိုင်ရေး တို့ကို ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ် ဆောင်ရွက်ကြပါစို့လို့ ဆန္ဒပြု တိုက်တွန်း လိုက်ရပါတယ်။

မေကြည်ဖြူ (ကမရ)

Pages

Subscribe to RSS - Department of Trade