ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သုံးခွမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ
နိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးဥပဒ် အန္တရာယ်ကင်းစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်မှ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို ပြဌာန်းခဲ့သဖြင့် ဥပဒေ၏ ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ စားသုံးသူ ပြည်သူများမှ အမျိုးသားရေးစိတ်ဓါတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦး
