၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ ၁၂ ရက်ထိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ITC ဖြင့်ဆောင်ရွက်မှု ထိပ်ဆုံးမှာရှိနေ
အသေးစား ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားများ ရိုးရှင်းလွယ်ကူစွာနဲ့ ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန်၊ တရားမဝင် ကုန်သွယ်မှုများ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိပြီး ကုန်သွယ်မှု ပမာဏတိုးမြင့် လာစေရန် ၊နိုင်ငံတော်အတွက် အခွန်ငွေများ တိုးတက်ရရှိစေရန် အတွက် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (Individual Trading Card ITC) များ ထုတ်ပေးလျက်ရှိပါ တယ်။
