Department of Trade
နယ်စပ်စခန်းများမှ ဇန်နဝါရီလအတွင်းဆန်တင်ပို့မှုလျော့ကျပြီး ဆန်ကွဲတင်ပို့မှုပိုမို
မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်စခန်းများမှ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၁၁၆ တန် တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဒသမ ၆၈၇ သန်းဖိုးဖြစ်ပြီး စခန်းအလိုက်တင်ပို့နိုင်မှုများမှာ မူဆယ် ၁၀၅ မိုင်မှ ငစိန်ဆန် ၁၅၀၄၀ တန်၊ ဧည့်မထဆန် ၈၅၃၅ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၅၄၁ တန်နဲ့ လွယ်ဂျယ်စခန်းမှ တန် ၁၀ဝ၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၄၀ဝ၀ ကျော် လျော့နည်း ခဲ့ပါတယ်။ယခုတစ်ပတ်မှာ မောင်တောစခန်းမှ ဆန်တင်ပို့မှုမရှိခဲ့ပါဘူး။
မောတောင်နယ်စပ်စခန်းမှ ပင်လယ်ခရု တန် ၁၀ဝ၀ တင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းက ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၂၉၂ တန်ဖိုးရှိ ပင်လယ်ခရု တန် ၁၀ဝ၀ တင်ပို့နိုင်ခဲ့တဲ့အပြင်ကန်ဒေါ်လာ ၂၂၉၅ တန်ဖိုးရှိ ရေငန်ငါး တန်၂၁၀ဝ တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက ပင်လယ်ခရု တန် ၁၀ဝ၀ နှင့် ရေငန်ငါး တန် ၁၀ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက်ဘိလပ်မြေတင်သွင်းမှုအခြေအနေ
စဉ် စခန်းအမည် ယခုသီတင်းပတ် ယခင်သီတင်းပတ် နှိုင်းယှဉ်ချက်
အနီးစပ်ဆုံးကာလထက် လယ်ယာထွက်ကုန် ပိုမိုဆောင်ရွက်နိုင်ခဲ့တဲ့ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပို့ကုန်ကန်ဒေါ်လာသုည ဒသမ ဝ၇၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာသုည ဒသမ ဝ၄၀ သန်းဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုတစ်ပတ်မှာတော့ ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၃၅ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မြဝတီနယ်စပ်မှ ရေထွက်ကုန်ပိုမိုတင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၃၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၁၁၁ တန်ကျော်၊ ကဏန်း ၂၄ တန်နီးပါး၊ ပုစွန် ၄ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ငါးမျိုးစုံ ၁၁ တန်ကျော်နဲ့ ပုစွန်အနည်းငယ်ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကဏန်း ၁၃ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။
မြဝတီနယ်စပ်မှ လယ်ယာထွက်ကုန် ၉၃၁ တန်ကျော်တင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၄၅၂ တန်ကျော်နဲ့ မြေပဲဆံ ၄၇၉ တန်နီးပါးတင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ကြက်သွန်နီတန် ၈၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပြီး မြေပဲဆံ ၅၆ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။