တန်ဖိုးကြီး နိုင်ငံခြားဖြစ်အရက်များ၊ ကွမ်းစားဆေးရွက်ဘူးကြီးများ၊ LED TV၊ အိမ်သုံးကုန်များစွာနဲ့ ကုန်တင် ၁၂ ဘီးယာဉ်အား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း

 

          တစ်ဖက်နိုင်ငံမှ တရားမဝင်အကောက်ခွန်မဲ့တင်သွင်းထားသော ကုန်ပစ္စည်းများ၊ ကန့်သတ်တားမြစ် ကုန်များအား သထုံ-ကျိုက်ထို-ပဲခူး-ရန်ကုန်လမ်းကြောင်းအတိုင်း ဒေသထွက်အဖြစ်ကြေညာပြီး တရားမဝင် သယ်ဆောင်မှုများရှိနေကြောင်း သတင်းများရရှိတဲ့အတွက် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကွပ်ကဲမှုရုံး (ရန်ကုန်) ရဲ့ ညွှန်ကြားချက်အရ ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ဆောင်ရွက်နေသော Mobile Team လရ-၂ အဖွဲ့ဟာ စနစ်တကျ စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိနေပါတယ်။  ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းမှာ ဒေသသုံးကုန်ပစ္စည်းများ တင်ဆောင်ဝင်ရောက်လာတဲ့ FUSO ၁၂ဘီးယာဉ်အား စစ်ဆေးရာမှာ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများ၊ ကန့်သတ်တားမြစ်ထားသော တန်ဖိုးကြီး နိုင်ငံခြားဖြစ်အရက်များ၊ ကွမ်းစားဆေးရွက်ဘူးများ ပါရှိလာတဲ့အတွက် ပဏာမစစ်ဆေးခဲ့ပြီးနောက် အသေးစိတ် ဖွင့်ဖောက်စစ်ဆေးရန် လုံခြုံရေးအခြေအနေအရလည်းကောင်း၊ ပစ္စည်း ‌ပျောက်ဆုံးပျက်စီးမှု     မရှိစေရန်       လည်းကောင်း၊ ဗဟိုကော်မတီကွပ်ကဲမှုရုံး ရန်ကုန်သို့ ဦးစီးအရာရှိတစ်ဦး  ဦးစီးသောအဖွဲ့နဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ  ရန်ကုန်ဆူးလေမြေပြင်ချစစ်ဆေးရေးသို့ လာရောက်ခဲ့ပါတယ်။ ဆူးလေမြေပြင်ချစစ်ဆေးရေးမှာ Mobile Team အဖွဲ့စုံနဲ့ အသေးစိတ်စစ်ဆေးရာမှာ FUSO ယာဉ်ပေါ်မှ Chivas Regal (နှစ်ချို့)၊ Chivas Brothees (ESpfcsKdU)၊ Caribbeam Rum၊ Nectar Impeial၊ Whisky ( Scoth၊ Jennesses၊ Single Malt၊ Bourbon ၊ Blender Scoth) France Wine၊  White Wine၊  Coffee Liquar  စတဲ့ ဘီယာ၊ ဝိုင်၊ ဝီစကီမျိုးစုံ ၄၉၃၈ လုံး၊ ကွမ်းစားဆေးရွက်ကြီး (ကွမ်းစားဆေး) (၁ x ၁၀ x  ၃၀)  ၁၀ဝ တာ၊ SamSumg  အမှတ်တံဆိပ်ဖုန်စုပ်စက် ၄ လုံး၊ Microwave Oven ၂၃ လုံး၊ LED TV ၃၂ လက်မ ၂၀ လုံးနဲ့  ၄၂ လက်မ ၇၃ လုံးနဲ့အတူ ဇာပိတ်လိပ် ၃၂၂ ကီလိုဂရမ်ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိကုန်ပစ္စည်းများနဲ့အတူ ပစ္စည်းများတင်ဆောင်လာတဲ့ FUSO ၁၂ ဘီး ယာဉ်ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် လုပ်ထုံးလုပ်နည်းနဲ့ အညီ အကောက်ခွန်အမှုတွဲ ဖွင့်လှစ်နေကြောင်းသိရပါ တယ်။

         

 

                                                                                                                                                           DCCA DCCA