ယှဉ်ပြိုင်မှုဥပဒေပြဌာန်းချက်များအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်
၁။ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများအကြား ယှဉ်ပြိုင်မှု ဥပဒေပြဌာန်းချက်များအပေါ် သုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲတွင် (၄-၂-၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ Zoom Application အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
