အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

          အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေသည် ခေတ်နှင့်လျော်ညီ‌စေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များအား အစဉ်တစိုက် လေ့လာသုံးသပ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”ကို ဖွဲ့စည်းခဲ့ပါသည်။

စင်ကာပူသမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အာရှ-ပစိဖိတ် ဥပဒေအကြီးအကဲများညီလာခံသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ခြင်း

“၂၀၂၃ ခုနှစ်၊ အာရှ-ပစိဖိတ် ဥပဒေအကြီးအကဲများညီလာခံ” ကို စင်ကာပူသမ္မတနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံတွင် ပြည်တွင်း/ ပြည်ပ ဥပဒေအကြံပေးပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်များ၊ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ ဥပဒေအရာရှိများစွာတို့ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က တက်ရောက်ဆွေးနွေးခဲ့ပါသည်။

“လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များတွင် ပါဝင်သော ယှဉ်ပြိုင်မှုမူဝါဒ” အွန်လိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

          “လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များတွင် ပါဝင်သော ယှဉ်ပြိုင်မှုမူဝါဒ” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို အာဆီယံနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (International Trade Centre)တို့က ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့နှင့် စက်တင်ဘာလ ၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

            အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာမူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ရက်၊ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ တတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး တက်ရောက်ခြင်း

         ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်မှုအတွက် ညှိနှိုင်းမှုများစတင်ကြောင်း ကြေညာခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးညှိနှိုင်းမှုများကို ၂၀၂၃ ခုနှစ်မှစတင်၍ အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။

အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ တတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက် ဒုတိယအကြိမ် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ တတိယအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက် ဒုတိယအကြိမ် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲ (2nd Caucus for 3rd ACFTA WGCC) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံ ဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ တတိယအကြိမ် အထူးအစည်းအဝေး (3rd Special CCS Meeting on ASFF) သို့ ပါဝင်တက်ရောက်ခဲ့မှု

  ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်ဆိုင်ရာ တတိယအကြိမ်အထူးအစည်းအဝေး (3rd Special CCS Meeting on ASFF) ကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်(၂) ဦးနှင့် မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိ

အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု ဒေသ၏ စတုတ္ထအကြိမ်မြောက် ပင်ရင်းနိုင်ငံ စည်းမျဉ်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲအစည်းအဝေး အတွက် ပထမအကြိမ်အာဆီယံနိုင်ငံများ အချင်းအချင်းအကြား ညှိနှိုင်းအစည်းအဝေးသို့ပါဝင်တက်ရောက်ခဲ့မှု

    အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ၏ စတုတ္ထအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲအစည်းအဝေးအတွက် ပထမအကြိမ် အာဆီယံနိုင်ငံများ အချင်းအချင်းအကြား ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မလေးရှားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာနမှ Mr.

(၂၆)ကြိမ်မြောက် အာဆီယံ-ဩစ​တြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှု ဒေသပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာဆပ်ကော်မတီအစည်းအဝေးသို့ပါဝင်တက်ရောက်ခဲ့မှု

    (၂၆) ကြိမ်မြောက် အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာဆပ်ကော်မတီအစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် (၂) ဦး နှင့် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၂)ဦးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။