Wednesday Talkဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Wednesday Talkဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်မင်းသိုက် က “မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ချုပ်ဆိုထားသော နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များနှင့် လိုက်ပါဆောင်ရွက်မှု အခြေအနေများ” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြခဲ့ပါ သည်။

၃။       ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးဒေါ်နှင်းစန္ဒာ၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်ရှင်း နှင့် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် က ဆွေးနွေးပြောကြားခဲ့သော ညွှန်ကြားရေးမှူး၊ ဦးအောင်မင်းသိုက် အား ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၄။         ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါ သည်။

၅။     အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် နှင့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၈၉) ဦး တို့ တက်ရောက် ခဲ့ပါသည်။