ဆန်၊ ဆန်ကွဲများအား ပြည်ပသို့ တင်ပို့ ခွင့်ပြုခြင်း

ဆန်၊ ဆန်ကွဲများအား ပြည်ပသို့ တင်ပို့ခွင့်ပြုခြင်း

     မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်လများအတွင်း မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာမြေများ ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့်အတွက် ပြည်တွင်းစားသုံးမှု လုံလောက်စေရန် ပြည်ပသို့ ဆန်တင်ပို့မှုအား ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှ စတင်၍ ခေတ္တဆိုင်းငံ့ထားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ထိုင်ဝမ် Sinotech Engineering Consultants ကုမ္ပဏီ၏ ဥက္ကဌ၊ နိုင်ငံတော်သမ္မတ၏ အမျိုးသားမူဝါဒဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်နှင့် စီးပွားရေးရာဝန်ကြီးဟောင်း ဖြစ်သူ Mr.Yen- Shiang Shih ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ထိုင်ဝမ် Sinotech Engineering Consultants ကုမ္ပဏီ၏ ဥက္ကဌ၊ နိုင်ငံတော်သမ္မတ၏ အမျိုးသားမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့်စီးပွားရေး ရာဝန်ကြီးဟောင်း(၂၀၀၉ -၂၀၁၃ ဖေဖေါ်ဝါရီလထိ) ဖြစ်သူ Mr.Yen- Shiang Shih ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ ၁၁း၃၀ နာရီအချိန် တွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ