M-STEP စီမံကိန်း၏ ကုန်သွယ်မှုအချက်အလက်များဆန်းစစ်ခြင်းအဆင့်မြင့်သင်တန်းကျင်းပပြုလုပ်
၂၀၂၀ပြည့်နှစ်ဩဂုတ်လ၂၈ရက်ကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)တွင် M–STEP စီမံကိန်း၏ ကုန်သွယ်မှုအချက်အလက်များဆန်းစစ်ခြင်း အဆင့်မြင့်သင်တန်းကို သင်တန်းခန်းမ၌ သင်တန်း သားများကိုယ်တိုင် တက်ရောက်သင်ကြားခြင်းနှင့် Online စနစ်ဖြင့်ပို့ချခြင်း၊ နည်းစနစ်နှစ်မျိုးဖြင့် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အောက်ရှိ အရာထမ်း/အမှုထမ်းများအား ကုန်သွယ်မှုဆိုင်ရာအချက်အလက်များပေါ်မူတည်၍ သုံးသပ်ချက်များ ပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။



