နောက်ဆုံးရ သတင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနပိုင် အဆောက်အဦး(၁)ခု ၊ အခန်း(၁) ခန်းနှင့် သိုလှောင်ရုံ (၅) လုံးတို့အား အိတိဖွင့်တင်ဒါခေါ်ယူခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန ၊နေပြည်တော်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း (မူလ)ခွင့်ပြုရန်ပုံငွေဖြင့်  ရုံးသုံးစက်ကိရိယာဖြစ်သော ICT ဆက်စပ်ပစ္စည်း(၁၅)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ်စံချိန်စံညွှန်းနှင့် တင်ဒါစည်းကမ်းချက်များအတိုင်း စျေးနှုန်းစိစစ်ရွေးချယ်ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီ /  အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက် များနှင့်အညီ  ပူးတွဲ PDF  file ပါပစ္စည်းများကို တင်ဒါပေးသွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

 

 

တင်ဒါရောင်းချသည့်နေ့  -  ( ၂၁ - ၁ -၂၀၂၀  မှ  ၃ - ၂ - ၂၀၂၀ ) ထိ

တင်ဒါကော်မတီဖြင့်

စျေးနှုန်းစိစစ်မည့်ရက်    -  ( သီးခြားထပ်မံ အကြောင်းကြားပါမည် )

ကျင်းပမည့်နေရာ          - ရုံးအမှတ် ( ၃ ) ၊ တိုးချဲ့အစည်းဝေးခန်းမ ၊ စီးပွား / ကူးသန်း

ဆက်သွယ်ရန်ဖုန်း         - ၀၆၇ - ၄၀၈၀၁၀

 

တင်ဒါကော်မတီ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

                                                                                                                                                                               

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးအောင်ထူးသည် Fu Xing Brothers Group of Companies မှ ဥက္ကဌဖြစ်သူ ဉီးအိုင်ထွန်း ဉီးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Ms. Tone Tinnes အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ

၂၀၁၇  ခုနှစ်အတွင်း  ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြည်လည်ပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ(၄၅၃) ခုအား စတင်ကြေညာသည့်ရက်မှ ရက်ပေါင်း(၆၀) အတွင်း ပို့ကုန်ရငွေအားလုံးကို  မိမိတို့ဘဏ်စာရင်းအသီးသီးတွင် ထည့်သွင်းကြရန်နှင့် ထည့်သွင်းရန် ပျက်ကွက်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြု ထုတ်ပေးထားသော  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပတ်သိမ်းခြင်းအပါအဝင် တည်ဆဲဉပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ၂၀၁၇  ခုနှစ်အတွင်း  ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြည်လည်ပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ(၄၅၃) ခုအား  ပူးတွဲပါ PDF Fileတွင်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း