DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ ဖြစ်သည်။

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက် မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၅၀၀) ဒေါ်လာ သန်းဖြစ်ပါသည်။

              စက်တင်ဘာလ (၁၂) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၅၃၂) ဒေါ်လာသန်း၊ သွင်းကုန်(၀.၂၁၆)ဒေါ်လာသန်း၊ စုစုပေါင်း (၀.၇၄၈)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထား ချက်အပေါ် (၁၆.၆၂၂%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၉-၉-၂၀၂၃) ရက်နေ့မှ (၁၁-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ နှမ်း၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ မြေပဲ၊ နနွင်းမှုန့်၊ ရေထွက်ပစ္စည်းဖြစ်သည့် ငါးကြင်းဆီဖောင်း၊ ငါးပူတင်းခြောက်၊ CMP ပစ္စည်းများနှင့် တွင်းထွက်ပစ္စည်း များဖြစ်သည့် ခဲ/ သတ္တုတို့ကို တင်ပို့ခဲ့ပါသည်။ 

DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

DotBorderdep

 

တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁၃)ရက်နေ့အထိ ဆန်မာ တစ် အိတ်လျှင် (၂၁၀) ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၂၈၀) ယွမ်၊ ဆန်ကွဲတစ်အိတ်လျှင် (၁၅၀) ယွမ်နှင့် ပြောင်း တစ်အိတ်လျှင် (၁၂၅) ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၁-၉-၂၀၂၃) မှ (၁၂-၉-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၁၀၀.၂၅) တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

DotBorderdep

(၁၂-၉-၂၀၂၃)

              ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပို့ကုန်လိုင်စင် လျှောက်ထား/ ထုတ်ပေးမှုမရှိဘဲ  သွင်းကုန်လိုင်စင် (၁၄၂)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ မှ ဩဂုတ်လထိ) ပို့ကုန်ကန်ဒေါ်လာ (၂၈.၉၉၃) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၄၃.၁၅၉) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၇၂.၁၅၂) သန်း ဆောင် ရွက်နိုင်ခဲ့ပါသည်။ (၁၂-၉-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူတန်ချိန် (၄၇.၅) တန်၊ တန်ဖိုး (၀.၁၀၀)ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇) တန်၊ တန်ဖိုး (၀.၀၄၃)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန် (၃၆) တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တာချီလိတ်မြို့နယ်အတွင်း ပြည်သူများ အဓိကထားသုံးစွဲနေသည့် ထိုင်းနိုင်င

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့

               ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စက်တင်ဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၄၀) ဒေါ်လာသန်းဖြစ်ပြီး စက်တင်ဘာလ (၁-၉-၂၀၂၃မှ၁၀-၉-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၂၆၈) ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၅၈၁) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၇.၇၃%)ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်တယ်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့

           မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။