မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅ ) ရက်နေ့မှ (၁၉) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၅၅၄) သန်း၊ သွင်းကုန်တန်ဖိုးအမေရိကန် ဒေါ်လာ (၀.၀၀၈၁) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၆၃၅)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၅-၁၁-၂၀၂၃) မှ (၁၉-၁၁-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၁၀၅၅.၅၀)တန်၊ တန်ဖိုး (၀.၅၈၅)ဒေါ်လာသန်း၊ ဆန်ကွဲ (၈၈၅.၀၀)တန်၊တန်ဖိုး (၀.၃၈၉)ဒေါ်လာသန်း၊ ပြောင်း (၇၇၄.၆၇၈)တန်၊ တန်ဖိုး (၀.၂၀၂) ဒေါ်လာသန်း၊ ဖရဲသီး (၃၄၅.၂၀) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ (၁၅)ရက်နေ့မှနိုဝင်ဘာလ(၁၉) ရက်နေ့ အတွင်းပို့ကုန်တင်ပို့မှုငါးမှုန့် တစ်တန်လျှင် (၈၉၃) ဒေါ်လာနှုန်းဖြင့်(၆၀၀) တန် ၊ တန်ဖိုး(၀.၅၃၆) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ် သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်း
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း တို့ဖြစ်သည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၅၀၀) ဒေါ်လာသန်းဖြစ်ပါ သည်။
နိုဝင်ဘာလ (၁၉) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂.၂၃၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၃၈၈) ဒေါ်လာသန်း၊ စုစုပေါင်း (၃.၆၂၁) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၅၈.၁၅၅%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၅၅၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၈၁) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၆၃၅)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ မှ ၁၉ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၀၅၅.၅၀)တန်၊ ဆန်ကွဲ (၈၈၅.၀၀)တန်၊ ပြောင်း (၇၇၄.၆၇၈) တန်နှင့် ဖရဲသီး (၃၄၅.၂၀) တန် တင်ပို့နိုင်ခဲ့သည်။
ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် တာယာ(၁၄၀) လုံး၊ စက္ကူလိပ် (၅၈.၅၀)တန်၊ ကော်စေ့ (၆၂.၅၀) တန်၊ ဂျပ်ဖာ (၅.၅၀) တန်၊ ထွန်စက် (၃၃) စီး၊ တစ်သျှူးလိပ် (၁၂.၀) တန်၊ ပလပ်စတစ်လိပ် (၁၄.၀) တန်၊ ကော်ဇော (၂၇,၀၀၀) ခု၊ ဖော့ (၄.၅၀) တန်၊ သံချောင်း/ သံပြား (၅၈.၅၀) တန်နှင့် ကုန်စုံ (၂၃၀.၀) တန် တင်သွင်းနိုင်ခဲ့သည်။
မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ အများဆုံး တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး (အခြောက်) (၈၄၅.၉၉၈) တန်၊ ကြက်သွန်နီ (၁၆၃၇.၂၄၀) တန်၊ ချုပ်ပြီးအထည် (၀.၀၅၆) တန်၊ ဂေါ်ဖီ (၁၉၈၆) တန်၊ မတ်ပဲ (၁၂၈.၀၀) တန်၊ ကော်ဖီ (၃၆.၀၀) တန်၊ သတ္တုနှင့်သတ္တုရိုင်းများ (၉၅.၇၀) တန်၊ ငရုတ် (စိမ်း) (အစို) (၂၇၉.၄၁၈) တန်၊ နှမ်း (နက်) (၄၀.၀၀) တန်နှင့် ငါးမျိုးစုံ (၄၁.၃၇၀) တန်တို့ ဖြစ်သည်။
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ၁၃-၁၁-၂၀၂၃ မှ ၁၄-၁၁-၂၀၂၃ ရက်နေ့အတွင်း ဆန် (၄၁၆.၀၀) တန်၊ တန်ဖိုး (၀.၂၃၁) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၉၂.၀၀) တန်၊ တန်ဖိုး (၀.၀၈၄)ဒေါ်လာသန်း၊ ပြောင်း (၆၀၀.၀၀)တန်၊ တန်ဖိုး (၀.၁၅၆) ဒေါ်လာသန်းနှင့် ဖရဲသီး (၅၁.၀၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်း စာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ ၀.၃၁၃၈ သန်းရှိကြောင်း သိရှိရသည်။
