နိုဝင်ဘာ ၁၉ ရက်မှ နိုဝင်ဘာ၂၅ ရက်အထိသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ၃၇၀၃၁၅၉၈ တန်ဖိုးရှိ ဒီဇယ် ၇၈၃၆၀ ဒသမ ၄၃ တန်နဲ့ အမေရိကန်ဒေါ်လာ ၁၁၈၄၅၃၇၆ တန်ဖိုးရှိ ဓာတ်ဆီ ၂၄၅၉၃ ဒသမ ၄၃ တန်၊ စုစုပေါင်း ၁၀၂၉၅၃ ဒသမ ၈၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၆၀၉၁၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၁၇၄၅၀ ကျော် အဝင်ပိုခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၅၇၃၄၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၃၁၇၄၀ ကျော် တင် သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်အဝင်ပိုပြီး ဓာတ
ရှမ်းချင်းအသစ်တွေကတော့ ပုံမှန်ဝင်ရောက်လာပါပြီ။ အောင်ပန်းဈေးကွက်မှာတော့ ၅ရက်တစ်ဈေးကို ပိဿာချိန်သောင်းဂဏန်းခန့် ဝင်ရောက်နေပါတယ်။ ချင်း(ဥမ)ကတော့ အချို့ပွဲရုံတွေမှာ လက်ကျန်အနည်းငယ်သာ ရှိပါတော့တယ်။ အချို့ဝယ်လက်တွေက ဥမကိုဝယ်ယူနေလို့လက်ကျန်တွေ ရောင်းရတယ်လို့သိရပါတယ်။ အခုလတ်တလောဈေးကွက် ကိုဝင်နေတဲ့ ရှမ်းချင်းအသစ်တွေကလည်းတောင်သူတွေကစိတ်ကြိုက်မဟုတ်ပေမယ့် ေ ဈးနှုန်းသင့်တင့်စွာရနေသလို အစိုအတိုင်းအရောင်းအဝယ်ဖြစ်နေလို့ ချင်းခြောက်ပြုလုပ် ခြင်းမရှိကြသေးပါဘူး။ ချင်းခြောက်ကလည်းအဝယ်မလိုက်လို့ ဈေးအနည်းငယ်ပြန်ကျလာတယ်လို့ ဈေးကွက်မှသိရှိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီ(ကျယ်ဂေါင်) မြို့၊ ကျောက်မျက်ဈေးတွင် (၁၆) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် (၁၂) ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းေ ရးကော်မတီ (Joint Border Trade Cooperating and Coordinating Committee-JBTCCC) အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါပြပွဲကို မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရန်၊ အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုး
မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၈ရက်မှ ၂၄ရက်အထိ သီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၂၂ ဒသမ ၀၂၂ သန်းတန်ဖိုးရှိဆန်၆၀၃၁၈တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန်၂၀၃တန်ကျော်၊ ဧည့်မထဆန် ၄၉၄၀၈ တန်အပြင် ကောက်ညှင်းဆန်၁၇၃တန် ခန့်ပါ တင်ပို့ခဲ့ပါတယ်။ ချင်းေ ရွှဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၉၇တန်ကျော်နဲ့ ဧည့်မထဆန် ၉၈တန်ကျော်၊ လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန်၁၀၂၈၆တန်ကျော် တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စ
မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် လေးပတ်မြောက်အဖြစ် ဆက်လက်ကျဆင်းခဲ့သည်။ ရင်းဂစ်ငွေတန်ဖိုးမြင့်တက်လာ မှုနှင့် ထုတ်လုပ်မှုမြင့်တက်လာမှုတို့ကြောင့် စားအုန်းဆီဈေး နှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း စတားအွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။ ရင်းဂစ်ငွေနှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက် တွင် ဆက်လက်မြင့်တက်ခဲ့ရာ တစ်နှစ် တာ အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ အမေရိကန်ဒေါ်လာ နှင့်ရင်းဂစ်တို့၏ ဖလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက်မတိုင် မီက အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၉၅၀ ရင်းဂစ် ရှိခဲ့ရာမှ နိုဝင်ဘာ ၂၃ ရက
မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၁၄ သန်းတန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန် ၅၂၄၃၁ တန် နီးပါးတင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရဲ့ ကုန်သွယ် ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆ တန်ကျော်၊ ဧည့်မထဆန် ၄၉၁၄၅ တန်နဲ့ ကောက်ညှင်းဆန် ၃၁၉ တန်ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၂၁၀၄တန်ကျော်တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေး စခန်းမှ ဧည့်မထ ဆန် ၃၂ တန်၊ မောင်တောကုန်သွယ်ရေးစခန်း မှ ဧည့်မထ
မြန်မာနိုင်ငံမှ တင်ပို့နေသည့် ဖရဲသီး၊ သခွားမွှေးသီးတင်ယာဉ်များ သည် ကျိန်စမ်းကျော့ နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ကွင်း အတွင်းသို့ ဝင်ရောက်ပြီး တရုတ် သစ်သီးတင်ယာဉ်များနှင့် ယာဉ်ချိန်း ပြောင်း တင်ဆောင်ရာတွင် တရုတ်အကောက်ခွန်ဌာနမှ ဖရဲသီးတစ်တန် လျှင်ယွမ် ၁၁၀၊ သခွားမွှေးသီးတစ်တန် လျှင်ယွမ်၁၆၀၊ ပိုးမွှားစစ်ဆေးရေးဌာနမှ မြန်မာကားတစ်စီးလျှင်ပိုးမွှားစစ် ဆေးရေးခအဖြစ် ယွမ် ၁၀၀၊ ယာဉ် ပြောင်းအ လုပ်သမားခအနေဖြင့် ကား တစ်စီးလျှင် ဂျပ်ဖာထည့်အသီး ယွမ် ၅၀၊ ရိုးရိုးဝမ်းပုံအသီးယွမ် ၃၀၊ တရုတ် ပြည်တွင်းကုန်သည်အစား ဝယ်ယူပေး သောသစ်သီးကွင်း အဝယ်တော်အား ပွဲခအ
အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၈၁၃၈ တန်ဖိုးရှိ လက် ဖက်ခြောက် ၂၆ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၀၂၈ တန်ဖိုးရှိ လက် ဖက်ခြောက် ၆ တန်ခွဲကိုလည်းကောင်း တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁၉၄၇ တန်ဖိုးရှိ လက်ဖက်ခြောက် တန် ၃၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် (၁၄) မျိုး၊ တန်ချိန်အားဖြင့် ၅၅၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၁၃၀ ကျော်နဲ့ နှိုင်းယှဉ်ပါက ၄၂၉ တန် ပိုမိုတင် ပို့တာ တွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ မိကျော င်းကွမ်းဖတ် စေ့၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ နနွင်းတက်၊ တောချင်း၊ ချင်းခြောက်၊ ဝဥ ခြောက်၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ မာလာဥ၊ မာလာဥခေါင်း၊ ဆီးဆန် နဲ့ ချ
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက် မှ ၂၀ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၂၁ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ် ပတ်က ၄၃၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၁၃ တန်လျော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်း ရော ရိဒ်ကုန်သွယ်ရေးစခန်းကပါ တင် ပို့မှုလျော့နည်းခဲ့တဲ့အတွက် ယခုလို တင်ပို့မှု ကျဆင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။