မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၁၀၆/၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်
(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ယှဉ်ပြိုင်မှှုဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ "မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်" ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-
(က) ပြည်ထောင်စုဝန်ကြီး ဥက္ကဌ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
( ခ ) ဦးသန်းမောင် ဒုတိယဥက္ကဌ
ဥပဒေပညာရှင်
( ဂ ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
စက်မှှုဝန်ကြီးဌာန
(ဃ) ဒုတိယညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန
( င ) ဒုတိယညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
( စ ) ဒုတိယညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ဥပဒေစိစစ်အကြံပြုရေးဦးစီးဌာန
ပြည်ထောင်စုရှေ့နေချုပ်ရုံး
(ဆ) ဦးသုတအောင် အဖွဲ့ဝင်
စီးပွားရေးပညာရှင်
( ဇ ) ဒေါ်မြတ်မြတ်ကျော် အဖွဲ့ဝင်
ဥပဒေပညာရှင်
( ဈ ) ဒေါ်အေးအေးသိန်း အဖွဲ့ဝင်
ဥပဒေပညာရှင်
(ည) ဦးအေးဟန် အဖွဲ့ဝင်
ဗဟိုအလုပ်အမှုဆောင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
( ဋ ) ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
ကုန်သွယ်ရေးဦးစီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၂။ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ ယှဉ်ပြိုင်မှုဥပဒေပါ ပြဌာန်းချက်များအတိုင်းဖြစ်သည်။