ဟိုပုံးမြို့၊ ကျောက်တန်းရွာတွင် ထောပတ်သီး စိုက်ပျိုးသူများ ဝင်ငွေကောင်း

Fri, 01/06/2017 - 04:41 -- admin_ygn

ဟိုပုံးမြို့နယ်အတွင်းရှိ ကျောက် တန်းရွာသည် ထောပတ်သီးပင်များကို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြ သော်လည်း ထောပတ်သီးများ အများ အပြားထွက်ရှိသည့် ရွာအဖြစ်နာမည် ကျော်ကြားသည့် ရွာတစ်ရွာဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ရှမ်း ပြည်နယ်အစိုးရအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောက်တန်းကျေးရွာသို့ ထောပတ်ပျိုးပင် လေးသောင်းကို တောင်သူများထံ ပေးအပ်ခဲ့သည်။ ထော ပတ် ပင် များအား ခြံစည်းရိုးတွင် ရိုးရာ ဓလေ့ထုံးစံအရ စိုက်ပျိုးခဲ့ရာမှ ခြံကျယ် များတွင်စိုက်ပျိုးသည့် အလေ့အထသို့ ကူးပြောင်းခဲ့ရာ ကျောက်တန်းရွာသည် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ သည်။ထောပတ်သီးရောင်းချရာတွင် ခြံပြတ်၊ အပင်ပြတ်ရောင်းချသူများ ရှိ သကဲ့သို့ လက်လီရောင်းချသူများလည်း ရှိကြောင်း၊ ထောပတ်သီးများကို ခူး ဆွတ်ရာတွင် ခေတ်မီနည်းစနစ်များကို အသုံးပြုလာခဲ့ကြကြောင်း သိရသည်။ကျောက်တန်းရွာမှ ထောပတ်ခြံ ပိုင်ရှင် ဦးမန်းက ''ဒီနှစ်မှာ ကျွန်တော့်ခြံ က ကျပ် ၁၈ သိန်းဖိုး ရောင်းရပါတယ်။ လာမယ့်နှစ်အတွက် ငွေကျပ် ၃၅ သိန်း နဲ့ ကြိုတင်စာချုပ်ချုပ်ပြီး ဝယ်ယူသွား ပါတယ်''ဟု ပြောကြားခဲ့သည်။ထို့ပြင် ၂၀၁၇ ခုနှစ် ရာသီ အတွက် ထောပတ် ပျိုး ပင် လေးသောင်း ခန့်ကို ထောပတ်စိုက်ပျိုးမည့် တောင်သူ များထံသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ကျောက်တန်းရွာမှ ဦးလွန်းက ပြော ကြားခဲ့သည်။တောင်ကြီး ခရိုင်အတွင်း ထောပတ် သီးစိုက်ဧက ၄၀၀ မှ ၁၀၀၀ ကြား ရှိ ကြောင်း သိရသည်။  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းသည် ဒီဇင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ကျောက်တန်းရွာတွင် စိုက်ပျိုးထားသော ထောပတ်သီးခြံများ ၏ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချမှု အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

စောမောင်(တောင်ကြီး)

Local Trade News

Pages