ပူူပြင်းခြောက်သွေ့ မှုဒဏ်ကို ခံစားနေရတဲ့ လယ်သမားများအတွက် ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကူညီရေးနည်းလမ်းများရှာ

Wed, 03/16/2016 - 08:52 -- admin_ygn

        ယခုနှစ်မှာ ထိုင်းနိုင်ငံရှိ ပြည်နယ် ၂၂ ခုမှာ ပြင်းထန်တဲ့ မိုးခေါင် ခြောက်သွေ့မှုဒဏ်ကို ခံစားရပြီး အဆိုပါမိုးခေါင်ခြောက်သွေ့မှုဒဏ်ကို ခံနိုင် ရည်ရှိစေဖို့အတွက် တောင်သူလယ်သမားများက သီးနှံများကို ပြောင်းလဲစိုက် ပျိုးခဲ့ရပါတယ်။ ဒီလိုပြောင်းလဲစိုက်ပျိုးရာမှာ အောင်မြင်မှုရရှိစေနိုင်ဖို့ ထိုင်းစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကကြိုးပမ်းဆောင်ရွက် နေကြောင်းနးရှင်းသတင်းမှာဖော်ပြပါတယ်။အပိုဝင်ငွေရရှိရေးအတွက် လယ်သမားများက ယခုနှစ်အတွင်း ကျေးလက်ထုတ်ကုန်တွေ  ရောင်းချရာမှာလည်း ဝန်ကြီးဌာနက အကူအညီပေး သွားမှာ ဖြစ်ပါတယ်။ ပဲမျိုးစုံ၊ မြေပဲ၊ ပြောင်း၊ ပီလောပီနံ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ စပါးလင်၊ ဖရုံသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ အုန်းသီး၊ ဒူးရင်းနဲ့ ငှက်ပျောသီး  စတဲ့ သီးနှံတွေရဲ့ ဈေးကွက်တည်ငြိမ်ရေးအတွက် လည်း ဝန်ကြီးဌာနက အကူအညီပေးနေကြောင်း လက်ထောက်အမြဲတမ်း အတွင်းဝန် ဆွမ်ချပ်ဆရွိုင်းသောင်းက ပြောပါတယ်။ရေနဲ့မနီးတဲ့ သို့မဟုတ်ရေသွင်းစိုက်ပျိုးမှုမရှိတဲ့သို့မဟုတ် အစားထိုးသီးနှံမစိုက်ပျိုးနိုင်တဲ့နယ်မြေဒေသတွေမှာလယ်သမားများရဲ့ဝင်ငွေဆုံးရှုံးမှုကိုကာမိစေဖို့အတွက် လယ်သမားများက သူတို့ကျေးလက်ဒေသတွေနဲ့ အထူးကိုက်ညီတဲ့ ထုတ်ကုန်တွေထုတ်လုပ်နိုင်ရေးအတွက် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ခံပြည်နယ်ရုံးများက အကူအညီပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။အဆိုပါထုတ်ကုန်တွေထဲမှာ အထည်ရက်လုပ်ခြင်းနဲ့ တောင်းများရက်လုပ်ခြင်းမှ အစပြုပြီးသစ်သားထွင်းထုခြင်း၊ အသုံးအဆောင်ပစ္စည်း ထုတ် လုပ်ခြင်း နဲ့ အလှဆင်လုပ်ငန်းများအထိပါဝင်ပါတယ်။ ဝန်ကြီးဌာနက ဒီလိုထုတ်ကုန်တွေအတွက် ဝယ်လက် များရရှိအောင် အကူအညီပေးသလိုဝယ်လိုအားရှိတဲ့ ကုန်ပစ္စည်းတွေကိုလယ်သမားများကထုတ်လုပ်ပြီး ဈေးကွက်များရရှိအောင်ဆောင်ရွက်နိုင်ရေးအတွက်ပညာပေးလုပ်ငန်းများကိုလည်းဆောင်ရွက်ပေးပါတယ်။ ယခုနှစ် အတွင်းရောင်းလိုအား ကျဆင်းနိုင်တဲ့ အတွက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ဥနဲ့ ဝက်သားဈေးတွေသာမန်ထက်ပိုမို မြင့်မားမယ်လို့ ဆွမ်ချတ်ကယုံကြည်ထားပါတယ်။ ဒါပေမယ့် ပစ္စည်းရှားပါးပတ်လပ်မှု လျော့ပါးသက်သာစေဖို့နဲ့  ဈေးနှုန်းတွေ အဆ မတန်မြင့်တက်မသွားစေဖို့အတွက် ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိပါတယ်။ဈေးနှုန်းတွေမြင့်တက်စေရန် ရည်ရွယ်ချက်နဲ့ ကုန်သည်တွေက ကုန် ပစ္စည်းတွေ သိုလှောင်ထားမှာကို တားဆီးပြီး စားသုံးသူများကို အကာအကွယ် ပေးနိုင်ဖို့အတွက် နိုင်ငံတစ်ဝန်းရှိ ဝန်ကြီးဌာနရဲ့ ပြည်နယ် ရုံးများက ကုန်စည် နဲ့ ဝန်ဆောင်မှုဈေးနှုန်းများကို စောင့်ကြည့်လေ့လာလျက်ရှိပါတယ်။

Local Trade News

Pages