ရက်သတ္တပတ်အတွင်း စီးပွားရေး သတင်းတိုများ

ဆိုးလ်
    တရုတ်နိုင်ငံ    အပါအဝင် တောင်ကိုရီးယားရဲ့  အဓိက ကုန် သွယ်ဖက်နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုး မှု နှုန်းနှေးကွေး ကျဆင်းမှု၊ ရေနံစိမ်း ဈေးနှုန်းများဆက်လက်ကျဆင်းမှု တို့ကြောင့် ယခင်နှစ်ကာလတူနဲ့ နှိုင်း ယှဉ်ပါက တောင်ကိုရီးယားနိုင်ငံရဲ့ နိုဝင်ဘာ ပြည်ပတင်ပို့မှုက ၁၃ ဒသမ ၈  ရာခိုင်နှုန်းကျဆင်းပြီး အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၆၄ ဘီလီယံအထိ ကျဆင်းခဲ့ကြောင်း ဒီဇင်ဘာ ၁ ရက် က ထုတ်ပြန်တဲ့ အစိုးရကိန်းဂဏန်း များကို ကိုးကားပြီး ယွန်ဟပ်နယူးစ် သတင်းမှာဖော်ပြပါတယ်။
မနီလာ
    ဖိလစ်ပိုင်နိုင်ငံမှာ   နိုင်ငံခြား အီလက်ထရွန်းနစ်  ကုမ္ပဏီများက စက်ရုံများ လာရောက်တည်ထောင် ကြတဲ့အတွက် ယခုနှစ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံရဲ့  အီလက်ထရွန်း နစ်လုပ်ငန်းက    တိုးတက်မှုရှိတဲ့ အခြေအနေကို   ရောက်ရှိလာနိုင် ကြောင်း ဖိလစ်ပိုင်ပို့ကုန်လုပ်ငန်းရှင် များအသင်း (Philippine Exporters Confederation Inc-Philexport) ရဲ့ ပြောကြားချက်ကို ဖီးလ်စတားသတင်း မှာ ကိုးကားဖော်ပြပါတယ်။
ဟနွိုင်း
    ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း မြင့်မားလာခြင်း၊ ပစိဖိတ်ဖြတ် ပူး ပေါင်းဆောင်ရွက်ရေး စာချုပ်စေ့စပ် ညှိနှိုင်းမှုများအရ ပြည်တွင်းစီးပွား ရေးမှာ အခွင့်အလမ်းများပေါ်လာ ခြင်းတို့ကြောင့် ဗီယက်နမ်စီးပွားရေး က ၂၀၁၆ ခုနှစ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်းမှ ၆ ဒသမ ၈ ရာခိုင်နှုန်း အတွင်း တိုးတက်လာနိုင်ကြောင်းဘဏ္ဍာရေးကြီးကြပ်မှုကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗီယက် နမ်  နယူးစ်အေဂျင်စီသတင်းမှာ ဖော်ပြပါတယ်။
ဝါရှင်တန်
    အမေရိကန်နိုင်ငံရဲ့   အလုပ် လက်မဲ့  ခံစားခွင့် လျှောက်ထားသူ အရေအတွက်က ဒီဇင်ဘာ ၂၆ ရက်မှာ ကုန်ဆုံးတဲ့  ရက်သတ္တပတ် အတွင်းနှစ်သောင်းထပ်မံတိုးတက် ပြီး ၂၈၇၀၀၀ ရှိခဲ့ကြောင်း အမေရိကန် အလုပ်သမားဝန်ကြီးဌာနက ဒီဇင် ဘာ ၃၁ရက်ကထုတ်ပြန်ခဲ့ရာ ဇူလိုင် နောက်ပိုင်း   အမြင့်ဆုံးဖြစ်ခဲ့ကြောင်းနဲ့ အမေရိကန်  အလုပ်အကိုင်ဈေး ကွက်ရဲ့ အရှိန်အဟုန်ကျဆင်းမှုကို ပြသလျက်ရှိကြောင်း   ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။