ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ က ပြည်ပရုံးသစ်များ ဖွင့်လှစ်ရန် စီစဉ်

 ထိုင်းခရီးသွားလုပ်ငန်းအာဏာ ပိုင်အဖွဲ့ (TAT)  သည် ထိုင်းခရီးသွားလုပ် ငန်းအနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုနေ ရမှုကို လျှော့ချပြီး အလားအလာရှိသော ဈေးကွက်များ ရရှိနိုင်ရန် ၂၀၁၈ ခုနှစ် နောက်ဆုံးထား၍ ပြည်ပရုံးခွဲသစ် ငါးရုံး ဖွင့်လှစ်မည်ဖြစ်ပါသည်။TAT၏ ပြည်ပ ရုံးသစ်များကို အစ္စတန်ဘူလ်၊ ဗလာဒီဗော့ စတော့၊ ယိုဟန်နက်စဘတ်၊ ဗျူနိုအေရီစ် မြို့များနှင့် ကနေဒါရှိ မြို့တစ်မြို့တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။လောလောဆယ်တွင် ထိုင်းခရီး သွားလုပ်ငန်းသည် တရုတ်နိုင်ငံဈေးကွက် အပေါ်တွင်များစွာမှီခိုလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ရုရှား နိုင်ငံကဲ့သို့ အလားတူဖြစ်ရပ်မျိုး တွေ့ကြုံ ခံစားရမည်ဆိုပါက ထိုင်းခရီးသွားလုပ် ငန်းအနေဖြင့် ၎င်းင်းရည်မှန်းချက် ပြည့်မီ အောင် မည်သို့ ဆက်လက်ခရီးဆက် မည်ကို ထည့်သွင်းစဉ်းစားလျက်ရှိကြ ကြောင်း၊ ထိုင်းခရီးသွားလုပ်ငန်းအတွက် စွန့်စားရမှု နည်းအောင် ဆောင်ရွက်လျက် ရှိကြကြောင်း သိရှိရပါသည်။ထိုင်းနိုင်ငံသို့ ယခုနှစ် ပထမကိုးလ အတွင်း တရုတ် ခရီးသွား ဧည့်သည် ဝင် ရောက်မှုသည် ၆ ဒသမ ၁၁ သန်း ဖြစ်ပါ သည်။ တစ်နှစ်လုံးအနေဖြင့် တရုတ် ခရီးသွားဧည့်သည် ရှစ်သန်းခန့်လာ ရောက်လိမ့် မည်ဟု မျှော်လင့် ထားပါ သည်။ရုရှားခရီးသည် ဝင်ရောက်မှုသည် ယခုနှစ် ပထမကိုးလအတွင်း၌ ၄၇ ရာခိုင်နှုန်း ကျဆင်းပြီး ၅၇၉၄၆၂ ဦးသာ  ရှိခဲ့ကြောင်း၊ ရုရှားခရီးသွားဧည့်သည် ဈေးကွက်သည် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်း (ရုရှားငွေကြေး/ရူဘယ်တန်ဖိုးအားပျော့ သွားချိန်) မှစ၍ သိသိသာသာ ထိုးကျ သွားခဲ့ကြောင်း သိရှိရပါသည်။ထိုင်းခရီးသွားလုပ်ငန်းအတွက် အာဂျင်တီးနားနှ င့်တောင် အာဖရိက ဈေးကွက်များသည် အလားအလာ ကောင်းနေဆဲဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ အာဂျင်တီးနားမှ ခရီးသည်ဝင်ရောက်မှု သည် ယခုနှစ် ပထမကိုးလအတွင်း၌ ၃၄ ရာခိုင်နှုန်း မြင့် တက် ခဲ့၍ ၂၀၁၄၆ ဦးရှိ ခဲ့ပြီး တောင်အာဖရိကမှ ခရီးသည် ဝင် ရောက်မှုသည် ၈ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်၍ ၅၀၃၄၄ ဦးရှိခဲ့ပါသည်။အဆိုပါနိုင်ငံများ မှ ခရီးသည် ဝင်ရောက်မှုဦးရေ နည်းပါးနေသေးသော် လည်း (အဆိုပါ နိုင်ငံများသို့ ပျံသန်းပြေး ဆွဲသည့်) လေယာဉ်အရေအတွက်နှင့် အတူ မြင့်တက်လာမည်ဟုTAT  မှယုံ ကြည်ထားပါသည်။အာဂျင်တီးနားနှင့် တောင် အာဖရိက ရှိ နေရာများသို့ Thai Airways International  ူ   လေကြောင်းလိုင်းမှ တိုက် ရိုက်ပျံသန်းပြေးဆွဲသည့် လေယာဉ်မရှိ ကြောင်း၊ လေယာဉ်တိုက်ရိုက်ပြေးဆွဲမှု မရှိခြင်းသည် ခရီးသွားလုပ်ငန်းအတွက် အဟန့်အတားတစ်ခုဖြစ်ကြောင်း သို့ရာ တွင် အရှေ့အလယ်ပိုင်း   လေကြောင်း လိုင်းများမှ အကူအညီ ရရှိနိုင်ကြောင်း သိရှိရပါသည်။
ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့