ကမ္ဘာ့စီးပွားရေးမရေရာမှုများကြောင့်အီးစီဘီက အရေးယူဆောင်ရွက်မှုများတိုးမြှင့်

မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ဈေးကွက်နဲ့ စီးပွားရေးမရေရာမှု တွေက ယူရိုဇုန်ကို ဂယက်ရိုက်ခတ်လာတဲ့အတွက် သမိုင်းတင်လောက်အောင် နိမ့်ကျနေပြီဖြစ်တဲ့  အတိုးနှု န်းတွေကို ယခုအတိုင်း   ဆက်လက်ထားရှိမှာဖြစ် ကြောင်း ဥရောပဗဟိုဘဏ် (European Central Bank) က စက်တင်ဘာ ၃ ရက်မှာကြေညာခဲ့ပါတယ်။အဖွဲ့ဝင်  ၂၅ ဦး ပါဝင် တဲ့ အီးစီဘီ အဖွဲ့အနေနဲ့ အီးစီဘီရဲ့အခြေခံ စံထားနှုန်းကို   ပြောင်းလဲခြင်းမပြုဘဲ သုည ဒသမ ၀၅ ရာခိုင်နှုန်းအတိုင်း ဆက်လက်ထားရှိမှာဖြစ်ကြောင်း လေ့လာဆန်းစစ် ရေးမှူးတွေက ခန့်မှန်း ထား ပါတယ်။ ဒါပေမယ့် ငွေကြေး ဖောင်းပွမှုကျဆင်းခြင်း၊ စီးပွားရေးနဲ့ ဈေးကွက်တင်းမာမှုများ ဆက်လက်ဖြစ် ပွားနေခြင်းစတဲ့    အချက်များကြောင့် ယူရိုဇုန်   စီးပွားရေးကို ကျားကန်ပေး ရန် နဲ့ ငွေတန်ဖိုးကျုံ့မှု ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုများကို ရှောင်ရှားရန် အတွက်အရေးယူဆောင်ရွက်နိုင်ဖို့ အီးစီဘီက ထပ်မံဆောင်ရွက်စဉ်းစားရ တော့မှာ ဖြစ်ပါတယ်။ယခုရက် သတ္တပတ် မှာ  ထုတ်ပြန် ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်များ အရငွေကြေးဖောင်းပွမှုနှုန်းမှာ သြဂုတ် လက သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိ ပါတယ်။ တရုတ်စတော့ဈေးကွက် ကျဆင်းလာ တာကြောင့်လည်း ကမ္ဘာ့  ငွေကြေးဈေးကွက်မှာကသောင်း ကနင်း ဖြစ်မှုတွေကြုံတွေ့ခဲ့ရပါတယ်။ အီးစီဘီက ရည်မှန်းထားတဲ့ ငွေကြေး ဖောင်းပွမှုနှုန်းကို ၂ ရာခိုင်နှုန်းအောက် ရောက် ရှိရေးအတွက်အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေက ထုတ်ဝေထားတဲ့ ယူရို ၁ ဒသမ  ၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ)  တန်ဖိုး ရှိတဲ့ဘွန်းစာချုပ်တွေကို ဝယ်ယူ သွား ရန် ဗဟိုဘဏ်က   အသင့်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း  အီးစီဘီ စီးပွားရေး ပညာရှင်အကြီးအကဲ  ပီတာပရာအက် က ပြောပါတယ်။