တင်းကျပ်သောစည်းမျဉ်းများကြောင့် အထူးစီးပွားရေးဇုန်များကို ထိခိုက်

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ် ဒေသများရှိ အထူးစီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် စိတ်အား ထက်သန်လျက်ရှိသော်လည်း အချို့ သော စည်းမျဉ်းစည်းကမ်းများသည် လက် ရှိအခြေအနေနှင့်ကိုက်ညီခြင်း မရှိဘဲ မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် ရှိ စီးပွားရေးဇုန်များအတွက် ပိုမိုဆွဲ ဆောင်မှုရှိသော အလားအလာများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ၄၅ ကီလိုမီတာခန့်တွင် တည်ရှိသော မြဝတီစီးပွားရေးဇုန်ကို ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း၌ တည်ဆောက်ခဲ့ ကြောင်း၊ မြဝတီစီးပွားရေးဇုန်သည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လျက် ရှိကြောင်း၊ မဲဆောက်-မြဝတီ အကြား ၄၅ ကီလိုမီတာ အဝေးပြေးလမ်း တည်ဆောက်ပြီးနောက် သယ်ယူပို့ ဆောင်မှုပိုမိုကောင်းမွန်လာခြင်းနှင့် အတူ ရင်းနှီးမြှု ပ်နံှသူ များသည် မြဝတီ စီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နံှရန် ဆုံး ဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် မြဝတီ စီးပွားရေးဇုန်အတွက် မြေဧရိယာ ရိုင် ၈၀၀၀ သတ်မှတ်ပေး ခဲ့ပြီး ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အထူး အခွင့်အရေးများပေးကာ ကမ်းလှမ်းခဲ့ ပါသည်။ မြဝတီစီးပွားရေးဇုန်တွင် သိုလှောင်ရုံနေရာပါရှိသော ပို့ကုန်-သွင်းကုန်ဇုန်၊ စက်မှုဇုန်တို့ပါဝင်ပါ သည်။ ထိုင်းနိုင်ငံ၏ အထူးစီးပွားရေးဇုန် များအတွက်ပေးသော အထူးအခွင့် အရေးများသည် မြန်မာနိုင်ငံမှပေး သော အထူးအခွင့်အရေးများနှင့် အလားတူပင်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များမှ ဆိုပါသည်။ သို့ရာ တွင် အီးယူမှဖွံ့ဖြိုးမှုနည်းသော နိုင်ငံ များအတွက် ပေးသောအကောက်ခွန် သက်သာခွင့်သည် မြန်မာနိုင်ငံအား အခွင့်အလမ်းပိုမိုကောင်းစေလျက်ရှိပါ သည်။ ထုတ်လုပ်မှုစရိတ် သက်သာပြီး အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် အီးယူသို့ တင်ပို့နိုင်ခြင်းသည် ရင်းနှီး မြှုပ်နှံသူများကို ပိုမိုဆွဲဆောင်လျက်ရှိ ကြောင်း သိရှိရပါသည်။

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့