ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြား အရန်ငွေကြေးပမာဏ ဇူလိုင်လအတွင်းလျော့နည်း

     ယခုနှစ် ဇူလိုင်လတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အရန်နိုင်ငံခြားငွေ (foreign reserve) သည် ခြောက်လအတွင်း ပထမဆုံးအကြိမ် ပမာဏ ကျဆင်းသွားခဲ့သည်။ ကိုရီးယားဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ယခင်လက အရန်နိုင် ငံခြားငွေသည် အမေရိကန် ဒေါ်လာ ၃၇၀ ဒသမ ၈ ဘီလီယံရှိခဲ့ ပြီး၊ ဇူလိုင်လတွင်မူအမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ကျဆင်းသွားသည်ဟု သိရှိရသည်။ ယင်းသို့ကျဆင်းရခြင်းမှာ အမေရိ ကန်ဒေါ်လာအားကောင်းလာခြင်းေ ကြာင့် ဒေါ်လာမဟုတ်သည့် အခြား ငွေကြေးများဖြင့် လဲလှယ်ရာတွင် အခြားငွေကြေးတန်ဖိုးများ ကျဆင်းရ ခြင်းကြောင့်ဖြစ်သည်။
     ဇူလိုင်လတွင် အမေရိကန် ဒေါ်လာနှင့်ယှဉ်လျှင် သြစတြေးလျ ဒေါ်လာသည် ငါးရာခိုင်နှုန်းတန်ဖိုးကျ ဆင်း၍ ယူရိုငွေသည် ၂ ဒသမ ၅ ရာခိုင်နှုန်းတန်ဖိုးကျဆင်းပြီး၊ ပေါင်စတာလင်ငွေသည် တစ်ရာခိုင် နှုန်းခန့် တန်ဖိုးတက်ခဲ့သ ည်။ ယခုနှစ် ဇူလိုင်လ စာရင်းအရ ကိုရီးယား သမ္မတနိုင်ငံသည် အရန်နိုင်ငံခြားငွေ ထားရှိမှုပမာဏတွင်  ကမ္ဘာတွင် ဆဋ္ဌမမြောက်အများဆုံးနိုင်ငံ ဖြစ်ပြီး၊ တရုတ်နိုင်ငံသည် ပထမ အများဆုံး ၎င်းင်းနောက်ဂျပန်နှင့်ဆော်ဒီ အာရေးဗျနိုင်ငံတို့ဖြစ်ကြသည်။

 

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့