အမေရိကန်နိုင်ငံတွင် ပထမသုံးလပတ်ရှိ current-account လိုငွေပြမှုမြင့်တက်

အမေရိကန်နိုင်ငံ၏ ၂၀၁၅ ခုနှစ် ပထမသုံးလပတ်ရှိ ပြည်ပငွေပေးငွေယူ ရှင်းတမ်း (current-account)  လိုငွေပြမှု သည် အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၃ ဘီလီယံဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် စတုတ္ထသုံးလပတ်တွင် လိုငွေပြမှုသည် ဒေါ်လာ ၁၀၃ ဒသမ ၁ ဘီလီယံဖြစ်၍ ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံမြင့်တက် ခဲ့ကြောင်း၊ current-account  နှင့်ဂျီဒီပီ အချိုးသည်လည်း ၂၀၁၄ ခုနှစ်၊ စတုတ္ထ သုံးလပတ်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်း ရှိရာမှ ၂ ဒသမ ၆ ရာခိုင်နှုန်းသို့ မြင့် တက်ခဲ့ကြောင်း ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ယခုကဲ့သို့  current-account  လို ငွေပြမှု မြင့်တက်ရခြင်းမှာ ရင်းနှီးမြှုပ်နှံ မှုမှ ဝင်ငွေအပါအဝင် primary income  ပိုငွေပြမှု လျော့ ကျခြင်းနှင့်ကုန်စည်ကုန် သွယ်ရေးတွင် လိုငွေပြမှု မြင့်တက်ခြင်း တို့ကြောင့်ဖြစ်ပါသည်။ ကုန်စည်နှင့် ဝန်ဆောင်မှု နှစ်ရပ်ပေါင်းကုန်သွယ်ရေး လိုငွေသည် ၂၀၁၄ ခုနှစ်၊ စတုတ္ထ သုံးလ ပတ်တွင်   ဒေါ်လာ  ၁၂၈ ဒသမ ၃ ဘီလီယံရှိရာမှ ၂၀၁၅ ခုနှစ်၊ ပထမ သုံးလပတ်တွင် ဒေါ်လာ ၁၃၀ ဒသမ ၃ ဘီလီယံသို့ မြင့်တက်ခဲ့ပါသည်။

အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဝါရှင်တန်မြို့