ဘဏ္ဍာရေး စီမံခန့်ခွဲမှုကောင်းမွန်ရေးက အက်စ်အမ်အီးများအတွက် အရေးပါ

ဏ္ဍာရေးစီမံခန့်ခွဲမှုကောင်းမွန်ရေးက အသေး စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ  (အက်စ် အမ်အီး) ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေး ပါကြောင်း ှSPRING Singapore ဒါရိုက်တာဘုတ် အဖွဲ့ ဒုတိယဥက္ကဋ္ဌရဲ့ ဇွန်လ ၃၀ ရက်နေ့က ပြော ကြားချက်ကို ကိုးကားပြီး   စီအင်န်အေသတင်းမှာ ဖော်ပြပါတယ်။SPRING Singapore န  နဲ့  စင်ကာပူအိတ်ချိန်းတို့ ပူးတွဲကျင်းပတဲ့   အက်စ်အမ်အီး ဘဏ္ဍာရေးစီမံခန့် ခွဲမှုဖွံ့ဖြိုးတိုး တက်ရေး    နှီးနှော ဖလှယ်ပွဲမှာ  သူက ယခုလို  ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနား က ရေရှည်ဖွံ့ဖြိုးမှုအတွက်   အရေးပါတဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနယ်ပယ်ငါးခုကို    အက်စ်အမ်အီးတွေ သိမြင်နားလည်ပြီး လိုက်နာဆောင်ရွက်လာအောင် အားပေးဖို့ရည်ရွယ်ပြီး ကျင်းပပေးတာ ဖြစ်ပါတယ်။သတ်မှတ်ထားတဲ့နယ်ပယ်တွေထဲမှာ ကော်ပို ရိတ်   ပြန်လည်ဖွဲ့စည်းတည်ဆောက်ရေး၊ လုပ်ငန်း တွင်းထိန်းချုပ်မှုမူဘောင်နဲ့ ဘဏ္ဍာရေးအစီရင်ခံစာ တို့အပါအဝင်    ဆုံး ရှုံးနိုင်ခြေရှိမှုနဲ့ ကော်ပိုရိတ်စီမံ ခန့်ခွဲမှုစတဲ့နယ်ပယ်တွေ ပါဝင်ပါတယ်။အက်စ်အမ်အီးတွေရဲ့ စွမ်းဆောင်ရည်ပြည့်၀ ရေးကိုဦးတည်ဆောင်ရွက်မယ်ဆိုရင် အက်စ်အမ်အီး တွေရဲ့လုပ်ငန်းဆောင်ရွက်မှုနည်းစဉ်နဲ့   ဖွဲ့စည်းမှု စနစ်ကို ခိုင်မာစေပြီး အက်စ်အမ်အီးတို့အတွက် မတည်ရင်းနှီငွေဈေးကွက်ကို လွယ်ကူစွာဆက်သွယ် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းSPRINGက ပြောပါတယ်။ အက်စ်အမ်အီး လုပ်ငန်းတွေကို   မြှင့်တင် ဖို့ ဆောင်ရွက်တဲ့ အချိန်မှာ ခိုင်မာထိရောက်တဲ့ဘဏ္ဍာ ရေးစနစ်နဲ့    လုပ်ငန်းဆောင်ရွက်မှုနည်းစဉ်တွေက အက်စ်အမ်အီးလုပ်ငန်းများ   ကျယ်ပြန့်လာရေး အတွက် အရေးပါတဲ့   အထောက်အပံ့ဖြစ်ကြောင်းSPRING Singapore ရဲ့ စွမ်းဆောင်ရည်  ဖွံ့ဖြိုးရေး ဌာနခွဲ ညွှန်ကြားရေးမှူး ယောင်မြာလင်းက ပြောပါ တယ်။စင်ကာပူအိတ်ချိန်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့်  အက်စ်အမ်အီး   ဘဏ္ဍာရေးမူဘောင်တွေနဲ့ မတည်ရင်းနှီးငွေရရှိရေး   မဟာဗျူဟာကို တိုး တက် ကောင်း မွန်စေပြီး ရေရှည်ဖွံ့ဖြိုးမှုရစေဖို့ ရည်ရွယ် ထားကြောင်း သူမကပြောပါတယ်။