အီးယူတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှုအချိုးမြင့်တက်

   အီးယူ၌ စုစုပေါင်းစွမ်းအင်သုံးစွဲမှုအနက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုအချိုးသည် ၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၁၄ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ ရာမှ ၂၀၁၃ ခုနှစ်တွင် ၁၅ဒသမ သုည ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် စုစုပေါင်းစွမ်းအင်သုံးစွဲမှုအနက် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်သုံးစွဲမှုအချိုး ၂၀ ရာခိုင်နှုန်းဖြစ်လာစေရန် အီးယူကရည်မှန်းထားပါသည်။ ၂၀၁၃ ခုနှစ်တွင်စုစုပေါင်းစွမ်းအင်သုံးစွဲမှုအနက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုအချိုး အမြင့်ဆုံးအီးယူအဖွဲ့ဝင်နိုင်ငံ များမှာ ဆွီဒင်နိုင်ငံ ၅၂ ဒသမ ၁ ရာခိုင်နှုန်း၊ လတ်ဗီးယားနိုင်ငံ ၃၇ ဒသမ၁ရာခိုင်နှုန်း၊ ဖင်လန်နိုင်ငံ ၃၆ ဒသမ ၈ ရာခိုင်နှုန်း၊ သြစတြီးယားနိုင်ငံ ၃၂ ဒသမ ၆ ရာခိုင်နှုန်း တို့ဖြစ် ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲ မှုအချိုးအနိမ့်ဆုံး နိုင်ငံများမှာလူဇင်ဘတ်နိုင်ငံ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ မောလ်တာ နိုင်ငံ ၃ ဒသမ ၈ ရာခိုင်နှုန်း၊ နယ်သာလန်နိုင်ငံ ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဗြိတိန်နိုင်ငံ ၅ ဒသမ ၁ ရာခိုင်နှုန်းတို့ဖြစ်ကြပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့