ဂျာမနီနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခသတ်မှတ်လိုက်ခြင်းကြောင့် လူအစားအလိုအလျောက်လုပ်စက်ကိရိယာများအသုံးပြုမှုတိုးတက်လာနိုင်

   ဂျာမနီနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ခြင်းဆိုင်ရာစည်းမျဉ်းသည် ဇန်နဝါရီလ တစ်ရက်မှစ၍ သက်ဝင်လာပြီဖြစ်သည်။ အဆိုပါစည်းမျဉ်းအရ ဂျာမနီနိုင်ငံရှိလုပ်သားများ၏ အနည်းဆုံး တစ်နာရီလုပ်ခမှာ ၈ ဒသမ ၅ယူရို ဖြစ်ပါသည်။ ထိုသို့ ဂျာမနီနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခသတ်မှတ်လိုက်ခြင်းကြောင့် ဂျာမန်လုပ်သား ၃ ဒသမ ၇ သန်းခန့် အကျိုးအမြတ် ရရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် အကျိုးဆက်အနေဖြင့် လုပ်သားစရိတ်လျှော့ချရန် ဂျာမနီနိုင်ငံ၌စက်ပစ္စည်းများနှင့် လူအစား အလိုအလျောက်လုပ်နိုင်သော စက်ကိရိ ယာများ(စက်ရုပ်လူသား) အပေါ်ရင်းနှီးမြှုပ်နှံမှုများ ရေရှည်ကာလတွင်တိုးတက်များပြားလာနိုင်ကြောင်းခန့်မှန်းရပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့