ချေးငွေကုန်ကျစရိတ်နည်းပါးမှုနဲ့ စည်းမျဉ်းဥပဒေများလျှော့ချမှုကြောင့် တောင်ကိုရီးယားဘဏ်များရဲ့ အိမ်ထောင်စုချေးငွေမြင့်တက်

    ချေးငွေကုန်ကျစရိတ်နည်းပါးခြင်း နဲ့ အပေါင်ထားချေးငှားရာမှာချမှတ်ထားတဲ့  စည်းမျဉ်းဥပဒေများလျှော့ချ ပေးမှုတို့ကြောင့် ၂၀၁၄ ခုနှစ်မှာ ဘဏ်များကထုတ်ပေးတဲ့ အိမ်ထောင်စုချေးငွေမှာမြင့်မားလာခဲ့ကြောင်း ယွန်ဟပ်သတင်းမှာဖော်ပြပါတယ်။  ဒီလိုချေးငွေတွေ တစ်ဟုန်ထိုးမြင့်တက်လာမှုကြောင့် အာရှဒေသမှာ စတုတ္ထမြောက်အင်အား အကြီးမားဆုံးဖြစ်တဲ့ တောင်ကိုရီးယားစီးပွားရေးကျဆင်းသွားစေနိုင်ကြောင်းဗဟိုဘဏ်က ဖေဖော်ဝါ ရီ ၂၃ ရက်က ပြောပါတယ်။

   ဘဏ်တွေကထုတ်ပေးတဲ့  အိမ်ထောင်စုချေးငွေက ၂၀၁၃ ခုနှစ်မှာ ဝမ် ၃၇ ဒသမ ၃ ထရီလီယံ (ဒေါ်လာ ၃၃ ဒသမ ၆ ဘီလီယံ) ထိရှိခဲ့ပြီး  အိမ် အပေါင်ထားချေးငွေက ဝမ် ၃၅ ဒသမ ၄ ထရီလီယံရှိခဲ့ကြောင်း တောင်ကိုရီးယားဗဟိုဘဏ်က   အမျိုးသားလွှတ်တော်ကိုတင်သွင်းတဲ့  အစီရင်ခံစာ မှာဖော်ပြထားပါတယ်။   စီးပွားရေးတိုးတက်မှုကို တွန်းအားပေးဖို့အတွက် ပြည်တွင်းဝယ်လိုအားနဲ့ အိမ်ခြံမြေရောင်းချမှုများကိုမြင့်တက်လာအောင် အစိုးရကကြိုးပမ်းလျက်ရှိတဲ့အတွက် အိမ်ထောင်စုချေးငွေတွေ တစ်ဟုန် ထိုးမြင့်တက်လာတာဖြစ်ပါတယ်။

  အိမ်ပေါင်ထားချေးငွေအတွက် အမြင့်ဆုံးသတ်မှတ်ချက်အပါအဝင် ဒီရည်မှန်းချက်တွေ ထမြောက်အောင် အကောင်အထည်ဖော်ဖို့အတွက် အစီအမံတွေကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇူလိုင်လအတွင်းမှာချမှတ်ခဲ့ပါတယ်။

  ဒီအစီအမံတွေက သြဂုတ် ၁ ရက် က စတင်အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ တောင်ကိုရီးယားဗဟိုဘဏ်က ပေါ်လစီအတိုးနှုန်းကို သြဂုတ်နဲ့ အောက်တိုဘာလတွေမှာ သုည ဒသမ ၂၅ ရာခိုင်နှုန်းစီ အသီးသီးလျှော့ချခဲ့ရာ ယခုအခါ စံချိန်တင် အနိမ့်ဆုံးအတိုးနှုန်းဖြစ်တဲ့ နှစ်ရာခိုင်နှုန်း ကိုရောက်ရှိခဲ့ပါတယ်။

ဉာဏ်တင်