ထိုင်းလုပ်သားဈေးကွက် နှစ်ထပ်ကွမ်းစိန်ခေါ်မှုနဲ့ရင်ဆိုင်နေရ

   လူမှုရေး၊ စီးပွားရေးနဲ့ပတ်သက်တဲ့ ကမ္ဘာ့အသိုက်အဝန်းနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ဆက်သွယ်ရေးပိုမိုများပြားလာမှုနဲ့ သက်ကြီးရွယ်အို ပိုမိုများပြားလာမှုဆိုတဲ့ စိန်ခေါ်မှုနှစ်မျိုးနဲ့ ရင် ဆိုင်နေရပြီး ဒီအခြေအနေနှစ်ခုက ထိုင်းနိုင်ငံရဲ့လုပ်သားဈေးကွက်ကို ဂယက်ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်လို့ နေးရှင်းသတင်းမှာဖော်ပြထားပါတယ်။

   အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ)က ဒီနှစ်အကုန်မှာ ပေါ်ထွန်းလာတော့မှာဖြစ်ပါတယ်။ အေအီးစီအကောင်အထည်ပေါ်ပြီဆိုပါက ဒေသတွင်းမှာ အလုပ်သမား စီးဆင်းမှုတွေပိုမိုကောင်းမွန်လာတော့မှာဖြစ်ပါတယ်။

   ဝင်ငွေပိုမိုရရှိပြီး လူနေမှုအဆင့်အတန်းမြင့်မားတဲ့နေရာကိုရွှေ့ပြောင်းကြရင်း  ထိုင်းနိုင်ငံထဲကိုဝင်လာမယ့် ရွှေ့ပြောင်းလုပ်သားအရေအတွက်ကလည်း ပိုမိုများပြားလာတော့ မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ၂၀၀၃ ခုနှစ်ကစပြီး အသက်အရွယ်ကြီးရင့်သူများပြားတဲ့နိုင်ငံဖြစ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နာကွမ်ဆီပါအာချာ ကပြောပါတယ်။

   ၂၀၃၀ ပြည့်မှာ  ထိုင်းနိုင်ငံ စုစုပေါင်းလူဦးရေရဲ့ ၂၃ ရာခိုင်နှုန်းက  အသက် ၆၅ နှစ်ကျော်သူတွေဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂကခန့်မှန်းထားပါတယ်။

   ဒီအခြေအနေက  ထိုင်းနိုင်ငံ  တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ်ရောက်ရင်  အာဆီယံဒေသမှာ အသက် ၆၅ နှစ်ကျော်တဲ့ လူဦးရေက ၆၅ သန်းကျော်ရှိလာပါ မယ်။ အဲဒီအရေအတွက်က ယနေ့ခေတ်ထိုင်းနိုင်ငံလူဦးရေနဲ့ညီမျှပါတယ်။ ဒီအခြေအနေမျိုးကအသစ်ဖြစ်ထွန်းလာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ အချို့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မကြာမီ ကြုံတွေ့ရတောမယ့် အလားအလာတွေဖြစ်ပါတယ်။ ယခု ရောက်ရှိနေတဲ့ အလားအလာက ထိုင်းနိုင်ငံရဲ့အလုပ်သမားဈေးကွက်၊ သက်သာချောင်ချိရေးစနစ်၊ လူမှုရေးသဟဇာ တဖြစ်မှုနဲ့  တိုင်းပြည်ရဲ့ သာယာဝပြောရေးလမ်းကြောင်းကို ပုံဖော်ပေးမှာဖြစ်ကြောင်း နာကွမ်ကပြောပါတယ်။

  ထိုင်းနိုင်ငံ  လူဦးရေက လျင်မြန်စွာပြောင်းလဲနေကြောင်းနဲ့ လာမယ့် ခုနစ်နှစ်အတွင်းမှာ လူဦးရေရဲ့ ငါးပုံ တစ်ပုံက အသက် ၆၀ ကျော်တွေဖြစ်လိမ့်မယ်လို့ ဒူရာကီ ပန်ဒစ် တက္ကသိုလ် ဥက္ကဋ္ဌ တွဲဖက်ပါမောက္ခ ဗာရာကွန်ဆာကိုဆက်ကပြောပါတယ်။

ဉာဏ်တင်