လောင်စာဆီနှုန်းတွေကျဆင်းပြီးနောက် သယ်ယူပို့ဆောင်မှုစရိတ်တွေကို အင်ဒိုနီးရှားနိုင်ငံကလျှော့ချ

   လောင်စာဆီဈေးနှုန်းတွေကျဆင်းမှုရဲ့ အကျိုးဆက်ကြောင့် မီးရထားအပါအဝင်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစရိတ်တွေက ၅ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်။ ဒီလို သယ်ယူပို့ဆောင်ရေးကျဆင်း တာကဖယ်ရီခတွေဖြစ်ပြီး  ခရီးသည်တွေရဲ့ ကုန်ကျစရိတ် ၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျာကာတာပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

   ဈေးနှုန်းတွေလျှော့ချဖို့စဉ်းစားတဲ့ အခါဘေးကင်းလုံခြုံရေးနဲ့ဝန်ဆောင်မှုကို ဘေးဖယ်ထားခြင်းမရှိတဲ့ အများပြည်သူတို့ရဲ့ဝယ်ယူနိုင်မှုစွမ်းအားကို ထည့်သွင်းစဉ်းစားကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ကုန်လမ်းပို့ဆောင်ရေးဌာနညွှန်ကြားရေးမှူးချုပ် ဂျိုကိုဆာဆိုနိုကပြောပါတယ်။

   ''ဓာတ်ဆီဈေးနှုန်း  ကျဆင်းလာတဲ့အတွက် ပြည်သူတွေရဲ့ ကုန်း လမ်းသယ်ယူပို့ဆောင်ရေးစရိတ်ကို လက်ရှိနှုန်းကနေ ၅ ရာခိုင်နှုန်းလျှော့ချပေးဖို့ အစိုးရကဆုံးဖြတ်ခဲ့ပါ တယ်''လို့ ဂျိုကိုက ဇန်နဝါ ရီ ၁၉ ရက်က ပြောပါတယ်။

  အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဇန်နဝါရီ ၁၆ ရက်နေ့မှာ လောင်စာဆီဈေးနှုန်းတွေ လျှော့ချပေးကြောင်း ကြေညာပြီးနောက် သယ်ယူပို့ဆောင်ခ အသစ်တွေ ပြောင်းလဲလာပါ တယ်။ ဇန်နဝါရီ ၁၉ ရက်နေ့ ကစပြီး ပရီမီယံဓာတ်ဆီ တစ်လီတာကိုမူလရူပြား ၇၆၀၀ ကနေ ရူပြား ၆၆၀၀ (၅၂ ဆင့်) အထိ လျှော့ချပေးခဲ့ပါတယ်။

  ဒီဇယ်ဈေးကို ရူပြား ၇၂၅၀ မှ ရူပြား ၆၄၀၀ အထိလျှော့ချပေးခဲ့ပါတယ်။ ယခုအချိန်မှာ အစိုးရက ဓါတ်ဆီအနိမ့်ဆုံးဈေးသတ်မှတ်ဖို့ စဉ်းစားလျက်ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ဆက်လက် ကျဆင်းပေမယ့် အစိုးရကဈေးနှုန်းတွေကိုထပ်ပြီး ချမပေးတော့မယ့်သဘောကိုတွေ့ရပါတယ်။

ဉာဏ်တင်