စားသောက်ကုန်စည်များစွာအပေါ် အကောက်ခွန်နှုန်းများအား သမ္မတထရမ့် ပြန်လည်ရုတ်သိမ်း

 

အမေရိကန်၌ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းကြောင့် ထရမ့်အစိုးရအပေါ် ဖိအာများမြင့်တက်လာရာ ကော်ဖီ၊ ငှက်ပျော၊ အမဲသား၊ ထောပတ်သီး၊ ခရမ်းချဉ်သီး၊ အုန်းသီး၊ သရက်သီးအပါအဝင် စားသောက်ကုန် အများအပြားအပေါ် အကောက်ခွန်အသစ်ဖြင့် ကောက်ခံမှုမှ ကင်းလွတ်ခွင့် အမိန့်ကြေငြာစာကို နိုဝင်ဘာလ ၁၄ ရက်နေ့က သမ္မတထရမ့် လက်မှတ်ရေးထိုးခဲ့သည်။

ထရမ့်က အမေရိကန်၏ ကုန်သွယ်မှုလိုငွေအတွက် အခွန်အကောက်များ လိုအပ်ကြောင်း၊ အကောက်ခွန်နှုန်းအသစ်များကြောင့် ဈေးတက်ခြင်းမဟုတ်ကြောင်း၊ အကောက်ခွန်နှုန်းမြင့်မားပါက အမေရိကန်၌ နေထိုင်သူများသည် သွင်းကုန်ထက် အမေရိကန်ထုတ်ကုန်များကိုသာ အသုံးပြုကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သို့သော် မီးဖိုချောင်သုံး ကုန်ခြောက်ပစ္စည်းများနှင့် အမဲသား ဈေးတက်ခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးမှုများအပြီး စားသောက်ကုန်များအတွက် အ ကောက်ခွန်အသစ်များအား ပြန်လည်ရုတ်သိမ်းခြင်း အမိန့်ထုတ်ပြန်ကာ ကော်ဖီဈေးနှုန်းကို ယခုနှစ်အတွင်း ၂၀ % လျော့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သော အကောက်ခွန်အသစ်နှင့် မကောက်ခံမည့် စားသောက်ကုန်များတွင် ကော်ဖီ၊ ကိုကိုး၊ ဘလက်တီး၊ ဂရင်းတီး၊ ဗနီလာစေ့၊ အမဲသားထုတ်ကုန်မျိုးစုံ (လှီးပြီးသား၊ အရိုးပါ၊ အရိုးမပါ၊ အေးခဲ၊ ဆားရေစိမ်၊ အခြောက်ခံ၊ ကြပ်တိုက် အပါအဝင်)၊ သစ်သီးမျိုးစုံ ( ဘယ်ရီသီး၊ ထော ပတ်သီး၊ ငှက်ပျောသီး၊ အုန်းသီး၊ မာလကာသီး၊ သံပုယိုသီး၊ လိမ္မော်သီး၊ သရက်သီး၊ သီးမွှေး၊ နာနတ်၊ ငြုပ်ကောင်းမျိုးစုံနှင့် ခရမ်းချဉ် အပါအဝင်)၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အစေ့အဆံများ၊ ကောက်သီးနှံ များ၊ သစ်ဥသစ်မြစ်များ၊ မျိုးစေ့များ၊ မုယောစပါး၊ ဘရာဇီးလ် အခွံမာသီးများ၊ ပဲတောင့်များ၊ သီဟိုဠ်စေ့၊ သစ်အယ်သီး၊ မကာဒမီးယားစေ့၊ မီဆိုပဲငပိ၊ ထန်းလျက်၊ ထင်းရှူးစေ့များ၊ ဘိန်းစေ့များ၊ ပီလောပီနံ၊ ပိန်းဥ၊ ကျွဲခေါင်းသီး စသည့် စားသောက်ကုန်အမျိုးပေါင်း ၁၀၀ ကျော် ပါဝင်ကြောင်း ဘီဘီစီသတင်းဌာနက တင်ပြထားပါသည်။ 

ရင်းမြစ်။        https://www.bbc.com/