ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးလုပ်ငန်းများ ထိပ်သီးအစည်းအဝေး ကျင်းပမည်

 

ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) က ဦးဆောင်၍ ကမ္ဘောဒီးယား - အာဆီယံ စီးပွားရေးလုပ်ငန်းများ ထိပ်သီးအစည်းအဝေး (၂၀၂၅) ကို မတ်လ ၅ ရက် နှင့် ၆ ရက်တို့၌ ဖနွမ်းပင်တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် လူတန်းစားမျိုးစုံ ပါဝင်မည်ဖြစ်ပြီး စီးပွားရေး တိုးတက်မှုအရှိန်မြှင့်တင်ရန်၊ ဒေသတွင်းပေါင်းစည်းမှုကို အားကောင်းလာစေရန်နှင့် ကမ္ဘောဒီးယား-အာဆီယံဒေသအတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးသော အစည်းအဝေးတစ်ခုဖြစ်ရန် အလားအလာရှိနေပါသည်။

"လူ၊ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်မှုတို့ဖြင့် အာဆီယံ၏ ချိတ်ဆက်မှုကို အရှိန်မြှင့်ခြင်း" ဟုအမည်ရှိသည့် အဆိုပါ ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အစည်းအဝေးသို့ စက်မှုကဏ္ဍ အပါအဝင် ကဏ္ဍစုံမှ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ အမှုဆောင်ချုပ်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အာဆီယံနိုင်ငံများမှ မူဝါဒချမှတ်သူများ တက်ရောက်မည်ဖြစ်သည်။

ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း၏ အဆိုအရ အစည်းအဝေးဆောင်ပုဒ်သည် ကမ္ဘောဒီးယား အစိုးရမူဝါဒတွင် အာဆီယံစီးပွားရေး ရည်မှန်းချက်များနှင့်အညီ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အစိုးရ၏ အလေးအနက်ထားမှုကို ဖော်ပြခြင်းဖြစ်ကြောင်း၊ အစည်းအဝေး၌ တက်ရောက်လာသူများအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် အဓိကဆွေးနွေးပွဲများ၊ အစိုးရ - ပုဂ္ဂလိက စီးပွားရေးတွေ့ဆုံပွဲများ၊ ကဏ္ဍအလိုက် အစည်းအဝေးများ၊ တစ်ဦးချင်း တွေ့ဆုံပွဲများ ပါဝင်မည်ဖြစ်ပါသည်။ 

Source- https://en.vietnamplus.vn/cambodia-asean-summit-to-boost-intra-bloc-economic-cooperation-post310256.vnp