ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) တို့ ပူးပေါင်း၍ အချက်အလက်(ဒေတာ)စည်းမျဉ်းများ၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုကို ဆန်းစစ်ထားသည့်အစီရင်ခံစာ ထုတ်ပြန်

 

နယ်စပ်ဖြတ်ကျော် ဒေတာစီးဆင်းမှု (cross -border data flow) နှင့် ဒေတာနေရာသတ်မှတ်ခြင်း (data localization) ဆိုင်ရာ စည်းမျဉ်းများ၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို WTO နှင့် OECD တို့ ပူးပေါင်းဆန်းစစ်ထားသည့် အစီရင်ခံစာကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

အစီရင်ခံစာက ဒေတာစည်းမျဉ်းများအတွက် အကာအကွယ်ပေးရေးနည်းလမ်းများ၊ စည်းမျဉ်းများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ပူးပေါင်းအဖြေရှာခြင်းဖြင့် ရရှိမည့် စီးပွားရေးအကျိုးကျေးဇူးများကို အလေးပေးဖော်ပြထားပါသည်။ 

“ဒေတာစည်းမျဉ်းများ၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ - ပွင့်လင်းမှုနှင့် ယုံကြည်မှုကို ဟန်ချက်ညီအောင်ထိန်းခြင်း” ဟု အမည် ပေးထားသည့် အစီရင်ခံစာတွင် နေ့စဉ်လူမှုစီးပွားဘဝများ၌ ဒေတာစီးဆင်းမှု၏ အရေးပါလာပုံ၊ ဒေတာစီးဆင်းခြင်း သို့မဟုတ် ဒေတာများကို ပြည်တွင်း၌ သိမ်းဆည်းခြင်း/ဆောင်ရွက်ခြင်းတို့ကို ထိန်းညှိပေးသည့် စည်းမျဉ်းများ တိုးတက်လာပုံတို့ကို မီးမောင်းထိုးပြခဲ့ပါသည်။

အစီရင်ခံစာက ဒေတာစီးဆင်းမှုစည်းမျဉ်းများ ပြဋ္ဌာန်းရာတွင် လွတ်လပ်စွာ စီးဆင်းစေခြင်းနှင့် ပြည်ပသို့ လွှဲပြောင်းပေးသည့် ဒေတာများအပေါ် အကာအကွယ်ပေးခြင်းအကြား၌ ကောင်းစွာနားလည်ရန် ခက်ခဲသေးကြောင်း မှတ်ချက်ပြုခဲ့ပြီး ဒေတာစီးဆင်းမှုစည်းမျဉ်းများကြောင့် ဖြစ်လာနိုင်သည့် ကုန်ကျစရိတ်များ၊ အကာအကွယ်ပေးမှု မူဘောင်များကြောင့် ဖြစ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုနှင့် ဆက်စပ်အကျိုးကျေးဇူးများ၊ ယင်းကွာဟချက်များကို ထိန်းညှိရာတွင် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းအဖြေရှာခြင်းဖြင့် ဖွံ့ဖြိုးမှုအဆင့်တိုင်းရှိ နိုင်ငံများအတွက် ရရှိနိုင်သည့် ပိုမိုကောင်းမွန်သော စီးပွားရေးရလဒ်များကို တင်ပြထားပါသည်။

အကယ်၍ အကာအကွယ်ပေးထားသော လွတ်လပ်စွာ ဒေတာလွှဲပြောင်းနိုင်သည့် မူဝါဒကျင့်သုံးပါက ကမ္ဘာ့ပို့ကုန်သည် .နှင့် ကမ္ဘာ့ဂျီဒီပီသည် .၇၇တိုးလာမည်ဖြစ်ကြောင်း၊ ဝင်ငွေအနည်းဆုံးနှင့် အလယ်အလတ်အဆင့် စီးပွားရေးနိုင်ငံများအတွက် အကျိုးအမြတ်အမြင့်ဆုံးဖြစ်ကာ ၎င်းတို့၏ GDP သည် ၄ ကျော် တိုးတက်နိုင်ကြောင်း၊ ဒေတာစီးဆင်းမှုလုံးဝကန့်သတ်ထားသည့် နိုင်ငံများကြောင့် ကမ္ဘာ့ဂျီဒီပီသည် ၄.နှင့် ကမ္ဘာ့ပို့ကုန် .လျော့ကျနိုင်ကြောင်း၊ ဒေတာစီးဆင်းမှု စည်းမျဉ်းမရှိခြင်းသည် စီးပွားရေးရလဒ်များတွင် အနုတ်လက္ခဏာဆောင်နိုင်ပြီး ဒေတာစီးဆင်းမှုစည်းမျဉ်းကို ဖယ်လိုက်ပါက ကုန်သွယ်မှုကုန်ကျစရိတ်များ ကျဆင်းနိုင်သော်လည်း စီးပွားရေးလုပ်ငန်းများအတွက် ယုံကြည်မှုလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ပြည်တွင်း၌ ဒေတာထိန်းသိမ်းခြင်း သို့မဟုတ် ပြည်တွင်း၌ ဒေတာလုပ်ငန်းဆောင်ရွက်ခြင်း စသည့် data localization နှင့်စပ်လျဉ်း၍ ကျင့်သုံးသည့်နည်းလမ်းအလိုက် အကျိုးသက်ရောက်မှု ကွာခြားမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အဆိုပါနည်းလမ်းများကို ဖယ်ရှားပါက အများဆုံး အကျိုးရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(အစီရင်ခံစာသည် စီးပွားရေးလုပ်ငန်းများအား မေးမြန်းထားသည့် မေးခွန်းလွှာများမှ ဒေတာစီးဆင်းမှုဆိုင်ရာ အချက်များအပေါ် သုံးသပ်ထားခြင်းဖြစ်ပါသည်။ မူဝါဒချမှတ်သူများအတွက် ကောင်းမွန်သော စည်းမျဉ်းများရွေးချယ်နိုင်ရေး ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။)

ရင်းမြစ်။        https://www.wto.org