စေ့စပ်ညှိနှိုင်းနိုင်သော ကုန်တင်စာရွက်စာတမ်းများ မူဘောင်ဆိုင်ရာ ဆွေးနွေးမှုများ UNCITRAL တွင် ရှေ့ဆက်ဆောင်ရွက်

 

သယ်ယူပို့ဆောင်ရေးပုံစံမျိုးစုံတွင် အသုံးပြုသော ကုန်တင်စာရွက်စာတမ်းများကို စံနှုန်းသတ်မှတ်နိုင်ရန် နိုင်ငံတကာသဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာရေး ကုလသမဂ္ဂ၏ နိုင်ငံတကာကုန်သွယ်မှု ဥပဒေကော်မရှင် (UNCITRAL)တွင် ညှိနှိုင်းလျှက်ရှိရာ နိုင်ငံတကာကုန်သွယ်မှုတွင် စာရွက်စာတမ်းဆိုင်ရာ အလေ့အထများ ပြောင်းလဲနိုင်သည့် အလားအလာများတွေ့ရှိနေရပါသည်။

လက်ရှိ သယ်ယူပို့ဆောင်ရေး စာရွက်စာတမ်းများတွင် သိသာသော ကွာဟချက်ကို ဖြေရှင်းနိုင်ရန် နည်းလမ်းများအား ၂၀၂၂ ခုနှစ်မှစတင်၍ ဆွေးနွေးလျှက်ရှိရာ ယခင်ကတည်းက ပင်လယ်ရေကြောင်း ပို့ဆောင်ရေးတွင် ကုန်ပစ္စည်းစာရင်း (Bill of Lading-BL)ကို ထိပ်တန်းစာရွက်စာတမ်းအဖြစ် အသုံးပြုခဲ့သော်လည်း ရထားလမ်း၊ လမ်းနှင့် လေကြောင်းလိုင်းများအတွက် သယ်ယူပို့ဆောင်ရေး စာရွက်စာတမ်းများသည် ညှိနှိုင်း၍မရပေ။

UNCITRAL အဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ ဆွေးနွေးလျှက်ရှိသည့် ကုန်တင်စာရွက်စာတမ်းများ ဆိုင်ရာသဘောတူညီချက်မူကြမ်းတွင် ရုပ်ပိုင်းဆိုင်ရာ ကုန်တင်စာရွက်စာတမ်းများ (physical documents)နှင့်တူညီသော ပုံစံရှိအီလက်ထရွန်နစ်ကုန်တင်မှတ်တမ်းများ(unified documentation) ဟူ၍ အဓိကစာရွက်စာတမ်း ၂ မျိုးအပေါ် ဆွေးနွေးနေကြခြင်းဖြစ်ပါသည်။

အဆိုပြုမူဘောင်(မူကြမ်း)အရ ကုန်တင်စာရွက်စာတမ်းများတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်၏ အသေးစိတ်အချက်အလက်များ၊ ကုန်ပို့သူနှင့်ကုန်လက်ခံသူတို့၏ အချက်အလက်၊ ကုန်စည်ဆိုင်ရာ အချက်အလက်အပြည့် အစုံ၊ သက်သေခံအမှတ်အသားများ၊ ကုန်စည်အခြေအနေ၊ ပို့ဆောင်ခပေးချေမှုနှင့် ပို့ဆောင်ရမည့်နေရာတို့ကို မဖြစ်မနေ ထည့်သွင်းရန်လိုအပ်ပါသည်။ အဆိုပါယန္တယားသည် ကုန်စည်တဆင့်ခံ သယ်ယူပို့ဆောင်စဉ် ဝယ်ယူခြင်းနှင့်ရောင်းချခြင်းတို့ကို လွယ်ကူချောမွေ့စေရန်၊ ကုန်သွယ်မှုငွေကြေးအထောက်အပံ့ စာရွက်စာတမ်းများ တိုးတက်လာစေရန်နှင့် ငွေကြေးအဖွဲ့အစည်းများအတွက် လိုက်လျောညီထွေရှိသော ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ 

UNCITRAL က သဘောတူညီချက်ကို ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အတည်ပြုနိုင်ရန် မျှော်လင့်ထားပါသည်။ အဆိုပါသဘောတူညီချက်သည် နိုင်ငံများက မဖြစ်မနေ လိုက်နာရ မည့် တာဝန်များချမှတ်ခြင်းမဟုတ်ပဲ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအတွက် ကွဲပြားခြားနားသော ဆုံးဖြတ်ပိုင်ခွင့်များအကြား လိုက်လျောညီထွေရှိစွာ အကောင်အထည်ဖော်မှုကို အားပေးသည့် ဆန္ဒအလျောက် လိုက်နာရန် လိုအပ်သော ဥပဒေမူဘောင် တစ်ခုဖြစ်ပါသည်။

အဆိုပါသဘောတူညီချက်သည် လက်ရှိနိုင်ငံတကာစနစ်များကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ပဲ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအနေဖြင့် ကွဲပြားသောသယ်ယူပို့ဆောင်ရေးပုံစံများတွင် စာရွက်စာတမ်းများ ထုတ်ပေးနိုင်ရန်နှင့် အီလက်ထရွန်းနစ် ကုန်တင်မှတ်တမ်းကို အသိအမှတ်ပြုနိုင်ရေး တရားဝင်စံနှုန်းတစ်ခု တည်ဆောက်ရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။

ယခုသဘောတူညီချက် (မူကြမ်း)ကို ကာဇက်စတန်နှင့်တရုတ်ကြားကုန်သွယ်ရေးလမ်းကြောင်းများတွင် ရှေ့ပြေးစီမံကိန်းအဖြစ်စမ်းသပ်ခဲ့ရာ လက်တွေ့ကျကြောင်းတွေ့ရှိရပါသည်။ ဥပမာ တရုတ်ဗဟိုဘဏ်၊ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးအသင်းများအဖွဲ့ချုပ်နှင့် တရုတ်အခြေစိုက် blockchain လုပ်ငန်းစု TradeGo တို့က ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုများကို အီလက်ထရွန်နစ် ကုန်တင်မှတ်တမ်းများဖြင့် ဖြေရှင်းခဲ့ကြပါသည်။

တရုတ်နိုင်ငံ၊ ကျန်းစုဘဏ်ခွဲ (Jiangsu Branch )သည် နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးအသင်းများ အဖွဲ့ချုပ်(FIATA) နှင့် eFBL ငွေကြေးဝန်ဆောင်မှုစနစ်ကို အသုံးပြုပြီး တရုတ်-ဥရောပ မီးရထား   အမြန်လမ်းမှတစ်ဆင့် ကာဇက်စတန်မှ ဂျုံတိရိစ္ဆာန်အစာမှုန့်တင်သွင်းသည့် SME နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီအား နိုင်ငံတကာကုန်သွယ်မှုငွေကြေးထောက်ပံ့ပေးခဲ့ပါသည်။

ကုမ္ပဏီသည်အရေးပေါ် သယ်ယူပို့ဆောင်မှု လိုအပ်ချက်များကြောင့် စာချုပ်ဖောက်ဖျက်မှုတစ်ခုကို ရင်ဆိုင်နိုင်ဖွယ်ရှိလာရာ ဘဏ်က အီလက်ထရွန်းနစ် ကုန်တင်မှတ်တမ်းများကို အသုံးပြုပြီး TradeGo နှင့်ပူးပေါင်းကာ ၎င်းတို့ ပလက်ဖောင်းမှတဆင့် FIATA eFBL ကိုထုတ်ပေးရန် အကြံပြုခဲ့ပါသည်။ ဤ ပူးပေါင်းဆောင်ရွက်မှုက ကုမ္ပဏီအားငွေကြေးထောက်ပံ့မှုရရှိခဲ့ပြီး အချိန်မီတင်ပို့နိုင်ကာ UNCITRAL ကွန်ဗင်းရှင်း မူကြမ်းအရ အီလက်ထရွန်းနစ် ဘက်စုံသယ်ယူပို့ဆောင်ရေးမှတ်တမ်းများ၏ ထိရောက်မှုကိုပြသခဲ့ပါသည်။

သို့သော် ယခုသဘောတူညီချက်အောင်မြင်မှုသည် လုပ်ငန်းကဏ္ဍတစ်ခုလုံးမှ လက်ခံကျင့်သုံးမှုနှင့် ပြဋ္ဌာန်းချက်များသည် အကြောင်းအရာမျိုးစုံအတွက် လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်မှုအပေါ် မူတည်ကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Trade Finance Global (TFG) ၏ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြထားသည်ကို တင်ပြအပ်ပါသည်။

ရင်းမြစ်၊  https://www.tradefinanceglobal.com/