တရုတ်နှင့်ရုရှား ရေနံစိမ်းပိုက်လိုင်းအသစ်သွယ်တန်း

    တရုတ်သည် ရုရှားနှင့် ဒုတိယမြောက်  ရေနံစိမ်းပိုက် လိုင်းအသစ်တစ်ခု  ထပ်မံသွယ်တန်းနေပြီး လာမည့်နှစ်မှ စတင်၍ လက်ရှိပိုက်လိုင်းနှင့်အတူ ပိုက်လိုင်းနှစ်ခုမှ နှစ်စဉ် စုစုပေါင်းရေနံစိမ်းတန်ချိန် သန်းပေါင်း ၃၀ တရုတ် သို့တင် သွင်းမည်ဖြစ်ကြောင်းNational Energy Administration (NEA) က ပြောကြားလိုက်ပါသည်။အဆိုပါ တရုတ်-ရုရှား ရေနံစိမ်းပိုက်လိုင်းတည်ဆောက် မှုမှာ စက်တင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ပြီး အကြိမ်ကြိမ် စမ်းသပ်မှုကို နှစ်လကြာ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ ဟေလောင်ကျန်းပြည်နယ်၊  Mohe  မှDaqing အထိ ၉၄၁ ဒသမ ၈ ကီလိုမီတာ ရှည်လျားသည့် အဆိုပါပိုက် လိုင်းမှ နှစ်စဉ်ရေနံ စိမ်းတန်ချိန် ၁၅ သန်းခန့် ပို့ဆောင်ပေးမည် ဖြစ်သည်။ပထမပိုက်လိုင်းကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ လမှစတင်၍Skovorodinoမှ တရုတ်နိုင်ငံ၊ စေလောင်ကျန်းပြည်နယ်Mohe  မြို့ကိုဖြတ်သန်း၍ Daqing  မြို့အထိ ကီလိုမီတာ ၁၀၀၀ ခန့် ရေနံစိမ်းပိုက်လိုင်းတစ်ခုဆက်သွယ်ထားပါသည်။ ယခုအချိန် အထိ ရုရှားမှ တရုတ်သို့တန်ချိန် ၁၀၄ ဒသမ ၉၁ သန်းအထိ တင်ပို့ခဲ့ကြောင်းHeilongjiang Entry –Exit Inspection and Quarantine Bureau   က ဖော်ပြထားပါသည်။ ပိုက်လိုင်းဖြင့် ဆက်သွယ်တင်ပို့မှုသည် ပင်လယ်ရေကြောင်းတင်ပို့မှုထက် ပို၍စိတ်ချလုံခြုံမှုရှိသည့်အပြင် တရုတ်၏ စွမ်းအင်လုံလောက် မှုအတွက် အထောက်အပံ့ဖြစ်စေကြောင်း၊ တရုတ်သို့ တင် ပို့သည့် အခြားပိုက်လိုင်းနှစ်ခုဖြစ်သည့် တရုတ်-မြန်မာရေနံ စိမ်းပိုက်လိုင်းနှင့် တရုတ်-ကာဇက်စတန် ရေနံစိမ်းပိုက်လိုင်း များသည် စွမ်းအင်ကို အရင်းအမြစ်များစွာမှ တင်သွင်းဝယ် ယူမှုအတွက် အရေးကြီးသည့် ပိုက်လိုင်းများဖြစ်ကြောင်း ဆက်လက်ဖော်ပြထားပါသည်။၂၀၁၆ ခုနှစ်အတွင်း စုစုပေါင်းရေနံစိမ်း တန်ချိန် သန်း ၅၆၀ သုံးစွဲခဲ့ပြီး ၆၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းခဲ့ပါသည်။ ရုရှားသည် တရုတ်၏ ရေနံစိမ်းအဓိကတင်ပို့သည့်နိုင်ငံဖြစ် ပြီး နှစ်နိုင်ငံ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့် မည်ဖြစ်ကြောင်းသိရှိရပါသည်။ တရုတ်သည် ကမ္ဘာ့ဒုတိယ အများဆုံး စွမ်းအင်သုံးစွဲသူဖြစ်ပြီး ရုရှားသည် ကမ္ဘာ့ထိပ်ဆုံး ရေနံစိမ်းထုတ်လုပ်သူဖြစ်သည့်အတွက် နှစ်ဖက် အကျိုး ရှိသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း   ဖော်ပြထားပါသည်။ တရုတ်၏ရေနံစိမ်းသုံးစွဲမှုမှာ ဆက်လက်မြင့်တက်နေသည့် အတွက် ပြည်ပမှတိုးမြှင့်တင်သွင်းမည်ဖြစ်ရာ စွမ်းအင်အရင်း အမြစ်နိုင်ငံ အမျိုးမျိုးနှင့် ပူးပေါင်းေ ဆာင်ရွက်နေကြောင်းသိ ရပါသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး