အရှေ့တောင်အာရှရဲ့ စီးပွားရေးသတင်းအချက်အလက်စိစစ်ရေး အချက်အချာဌာနဖြစ်အောင် မလေးရှားနိုင်ငံကြိုးပမ်း
အရှေ့တောင်အာရှဒေသမှာ စီးပွားရေးသတင်း အချက်အလက်များ လေ့လာစိစစ်ရေး (Big Data and Analytics) အချက်အချာဌာနဖြစ်အောင် မလေးရှား နိုင်ငံက ကြိုးစားဆောင်ရွက်လျက်ရှိရာတိုးတက်မှုများ ရရှိနေပြီြ ဖစ်ကြောင်း အင်နဲအက်စ်တီဝက်ဘ်ဆိုက် သတင်းမှာ ဖော်ပြထားပါတယ်။၂၀၁၆ ခုနှစ် သြဂုတ်လအထိ စာရင်းအရ မလေးရှားနိုင်ငံမှာ နိုင်ငံပေါင်း ခြောက်နိုင်ငံမှ နိုင်ငံစုံBDAကုမ္ပဏီပေါင်း ၂၂ ခုက လုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း မလေးရှားဒစ်ဂျစ်တယ် စီးပွားရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဒါတွတ် ယာစမင်မာမွတ်က ပြောပါတယ်။''ဒီကုမ္ပဏီ တွေထဲမှာ အိုင်အိပ်ချ် အက်စ်မားကစ(IHS Markit) နဲ့ ဆိုက်ကိုး (Sitecore) တို့လည်း ပါဝင်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေသာမက ပြည် တွင်းကုမ္ပဏီတွေဖြစ်တဲ့ ဖူရှင်နက(Fusionex) နဲ့ဒေတာမိုက်ကရွန် (Data Micron) တို့လည်းပါဝင်ပြီး ဒီကုမ္ပဏီ တွေက ကမ္ဘာ့ဈေးကွက်ထဲအထိ လုပ်ငန်းချဲ့ ထွင်ဖို့ လုံးပန်းနေပါတယ်}} လို့ စက်တင်ဘာ ၁၉ ရက် က ဆောင်ရွက်ခဲ့တBig Data WeekAsia 2016ဖွင့်ပွဲ အခမ်းအနားမှာ သူမကပြောပါတယ်။
မလေးရှားနိုင်ငံမှာ ကိန်းဂဏန်း လေ့လာစိစစ် ရေးလုပ်ငန်းများကို ပြည်ပအတွက်တာဝန်ယူဆောင် ရွက်နေတဲ့BDA ကုမ္ပဏီပေါင်း ၃၂ ခုရှိကြောင်းနဲ့ သတင်းအချက်အလက် စိစစ်ရေးကဏ္ဍမှာ တီထွင်ဆန်းသစ် မှုတွေ နဲ့ နောက် ဆုံးပေါ် နည်းပညာတွေကို ရှာ ဖွေ ဖော်ထုတ်နေတဲ့ ထူထောင်စBDA ကုမ္ပဏီ ၄၇ ခုရှိကြောင်း ယာစမင်က ပြောပါတယ်။BDA လုပ်ငန်း ကဏ္ဍမှာ ပညာရှင်တွေ ပြုစုပျိုးထောင်ဖို့အတွက် မလေးရှား ဒစ်ဂျစ် တယ် စီးပွားရေး ကော်ပိုရေးရှင်းနဲ့ မဟာဗျူဟာ မိတ်ဖက်လုပ်ငန်းတွေက စီးပွားရေးလုပ် ငန်းနဲ့ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေးကို ထိရောက်စွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီနည်းနဲ့ အာရှဒေသမှာ ပညာရှင်လိုအပ်ချက် ကွာဟ မှုကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းလျက်ရှိပါတယ်။
''ဒေတာစိစစ်ရေး သိပ္ပံညာဘွဲ့လွန်ပညာရပ်တွေ ကို ဆောင်ရွက်လျက်ရှိတဲ့အပြင် အိုင်တီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘွဲ့မရသေးတဲ့သူတွေအတွက်လည်း ဒေတာစိစစ်ရေးသိပ္ပံကို အထူးပြုတဲ့ ဘွဲ့ဒီဂရီကိုစတင် ပို့ချပေးနေပါ တယ်''လို့ သူမကပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဒေတာစိစစ်ရေးသိပ္ပံပညာရှင် ၂၀၀၀ နဲ့ ဒေတာစိစစ်ရေးပညာရှင်ဝန်ထမ်း ၁၆၀၀၀ မွေးထုတ် ပေးဖို့ မလေးရှားနိုင်ငံကရည်မှန်းထားပါတယ်။ လော လောဆယ် မလေးရှားနို င်ငံမှာ ပြည်တွင်းပြည်ပဒေတာ စိစစ်ရေးပညာရှင် ၃၀၀ ရှိပါတယ်။