အိန္ဒိယအစိုးရက ပဲတန်ချိန် ၉၀၀၀၀ ခန့် ထပ်မံတင်သွင်းမည်

အိန္ဒိယအစိုးရသည် ပြည်တွင်းပဲ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းထောက်ပံ့ နိုင်ရန်နှင့်ပဲဈေးနှုန်းများ ထိန်းညှိနိုင်ရန် အတွက် ပဲနီလေးနှင့်ပဲစင်းငုံအပါအဝင် ပဲမျိုးစုံတန်ချိန် ၉၀၀၀၀ ခန့်အား ထပ် မံတင်သွင်းနိုင်ရန် သြဂုတ် ၂၆ ရက် တွင် ဆုံးဖြတ်ခဲ့ကြောင်း  စားသုံးသူရေး ရာဦးစီးဌာန အတွင်းဝန်က ဈေးနှုန်း တည်ငြိမ်ရေး ရန်ပုံငွေအဖွဲ့ (Price Stabilisation Fund)  အစည်းအဝေး၌ အဆိုပါဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစည်းအဝေး တွင် အရန် သိုလှောင်သည့် ပဲများဝယ်ယူမှုနှင့် ဖြန့် ဖြူးမှုအခြေအနေတို့ကို     ပြန်လည် လေ့လာသုံးသပ်မှုများလည်း ပြုလုပ်ခဲ့ ကြကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံတွင်   နှစ်နှစ်ဆက် တိုက် မိုးခေါင်ရေရှားမှုကြောင့်   ပြည် တွင်း ပဲအထွက်နှုန်းလျော့ကျခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် ပဲအမျိုးမျိုး၏ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၁၁၅ ရူပီးမှ ၁၇၅ရူပီး အတွင်းရှိနေကြောင်း၊ အရန်ပဲအဖြစ် ယခုဝယ်ယူမည့် ပဲအမျိုး အစားများနှင့်  ပမာဏတို့မှာ ပဲနီလေး တန်ချိန် ၄၀၀၀၀၊ ပဲစင်းငုံတန်ချိန် ၂၀၀၀၀၊ ကုလားပဲလုံးဖြူတန်ချိန် ၂၀၀၀၀ နှင့် မတ်ပဲတန်ချိန် ၁၀၀၀၀ တို့ ဖြစ် ကြောင်း၊ ယခုတင်သွင်းမည့် ပမာဏ အပါအဝင် အစိုးရက အရန်ပဲ အဖြစ် တန်ချိန် ၁ ဒသမ ၇၆ သိန်းခန့် ဝယ်ယူ တင်သွင်းထားပြီးဖြစ်ကြောင်း၊ ပြည်တွင်း မှ ဝယ်ယူမှုမှာ တန်ချိန် ၁ ဒသမ ၂ သိန်း ခန့်ရှိပြီဖြစ်ကြောင်း၊ ဗဟို အစိုးရအနေ ဖြင့် ဈေးနှုန်းထိန်း ညှိမှု များ ပြု လုပ်ရန် ယခုနှစ်အတွင်း ပြည်တွင်း ဝယ်ယူမှုနှင့် ပြည်ပမှတင်သွင်းမှုတို့မှတစ်ဆင့်   အရန် ပဲတန်ချိန်   နှစ်သန်းဝယ်ယူရန်   လျာ ထားကြောင်း၊ ထို့ပြင် အရန် ဝယ်ယူထား သည့် ပဲများအား ပြည်နယ်များ သို့လည်း ဖြန့်ဖြူးရောင်း ချပေးလျက်ရှိပြီး   တစ် ကီလိုဂရမ်လျှင်   ရူပီး  ၁၂၀ ထက်မပို သော လက်လီဈေးနှုန်းဖြင့် ပြန်လည် ရောင်းချရန် ပြည်နယ်အစိုးရများသို့ တိုက်တွန်းထားကြောင်း၊ ယနေ့ အချိန် အထိ ဗဟိုအစိုးရ က ဝယ်ယူထားသည့် အရန်ပဲများအနက် တန်ချိန် ၄၀၀၀၀ ခန့်အား ပြည်နယ်အစိုးရများသို့ ခွဲေ၀ ဖြန့်ဖြူးရောင်းချပေးပြီးဖြစ် ကြောင်း၊ ထိုသို့ဖြန့်ဖြူးရာ၌ ပဲစင်းငုံ တစ်ကီလို ဂရမ်လျှင် ၆၇ ရူပီးနှုန်းနှင့် မတ်ပဲ တစ်ကီလိုဂရမ်လျှင် ၈၂ ရူပီးနှုန်း တို့ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရပါ သည်။ထိုမျှသာမက ယခုနှစ်တွင် ပဲ အထွက်နှုန်းကောင်းမွန်မည်ဟု ခန့်မှန်း ထားရာ မကြာမီထွက်ရှိလာမည့် ပြည် တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံအား ပိုမို တိုးမြှင့်ဝယ်ယူရန်    အစိုးရအေဂျင်စီများကိုလည်း   ညွှန်ကြားထားပြီးဖြစ် ကြောင်း၊   ၂၀၁၅-၁၆   သီးနှံရာသီ         (ဇူလိုင်လ-ဇွန်လ) ၏ ပဲအထွက်နှုန်းမှာ နှစ်စဉ်မျှော်မှန်းအထွက်နှုန်းဖြစ်သည့် တန်ချိန် ၂၃ ဒသမ ၅ သန်းခန့်အောက် လျော့နည်းပြီး ၁၆ ဒသမ ၅ သန်း ဝန်း ကျင်ခန့်သာ ထွက်ရှိမည်ဟု မျှော်မှန်း ထားကြောင်း၊ လိုအပ်သည့် ပမာဏအား ပြည်ပမှ ဝယ်ယူတင်သွင်း ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း သိရပါသည်။
ယဉ်ယဉ်နွယ်၊  စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ နယူးဒေလီမြို့