ထိုင်းနိုင်ငံ၏ ဖရန်ချိုက်စ်လုပ်ငန်း ၃၃ ခုက မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံသို့ ချိတ်ဆက်ဆောင်ရွက်မည်

ထိုင်းနိုင်ငံရှိ Franchises လုပ်ငန်းများ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု သည် ယမန်နှစ်က ဘတ် ၂၅၀ ဘီလီယံရှိရာမှ ယခုနှစ်တွင် ဘတ် ၂၇၀ ဘီလီယံသို့ တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။ ထိုင်း  Franchises လုပ်ငန်း များအနေဖြင့် ပြည်ပနိုင်ငံများသို့ တိုးချဲ့လုပ်ကိုင်ကြ ရန်လည်း အစိုးရက တွန်းအား ပေးဆောင်ရွက်လျက်ရှိပါသည်။ ယခု နှစ် သြဂုတ်လနှင့် ဒီဇင်ဘာလအတွင်း  Franchises လုပ်ငန်းများပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆို ပါပြပွဲမှ တစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်နိုင်ငံတို့နှင့် ချိတ်ဆက်နိုင်မည့် အခွင့် အလမ်းများ ရရှိကြမည်ဖြစ်ပါသည်။
ထိုင် း Franchisesျ လုပ်ငန်း ၂၂ ခုသည် နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ မုန့်ဖုတ်လုပ်ငန်း၊ အလှပြင် လုပ်ငန်းနှင့် ပညာရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း စုစုပေါင်း ဝင်ငွေ ဘတ် ၈၀ ဘီလီယံခန့် ရရှိနိုင်ပါသည်။ ထိုင်း  Franchises လုပ်ငန်း ၂၀၉ ခုသည် နိုင်ငံခြားသို့ တင်ပို့ရောင်းချ လျက်ရှိပြီး မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တိုးချဲ့လုပ်ကိုင်မည့် ထိုင်း ၤFranchisesလုပ်ငန်း ၃၃ ခုရှိ ကြောင်း တွေ့ရှိရပါသည်။
ထိုင်းနိုင်ငံတွင်  Franchises လုပ်ငန်းစုစုပေါင်း ၁၅၁၉ ခုရှိရာ ၃၈ ရာခိုင်နှုန်းသည် လက်လီရောင်းချသည့်လုပ်ငန်း၊ ၂၈ ရာခိုင်နှုန်းသည် အစား အသောက်လုပ်ငန်း၊ ၂၃ ရာခိုင်နှုန်းသည် ဝန်ဆောင်မှုလုပ်ငန်း၊ ခြောက် ရာခိုင်နှုန်း သည် ပညာရေးလုပ်ငန်းနှင့်ငါးရာခိုင်နှုန်းသည် အလှပြင်လုပ်ငန်း များကို လုပ်ကိုင်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်အတွင်း Franchises  လုပ်ငန်းပေါင်း ၁၈၀၀ ခန့်အထိ တိုးတက်လာနိုင်ကြောင်း ခန့်မှန်း ထားပါ သည်။

ကျော်သူရ၊ စီးပွားရေးသံမှူး ၊  မြန်မာသံရုံး၊ ဗန်ကောက်မြို့