ဗီယက်နမ် ကြံများအထွက်နှုန်းနဲ့အရည်အသွေးများ ကျဆင်း

ယခုနှစ်အတွင်း   ကြံစိုက်ပျိုးတဲ့  နယ်မြေများမှာ ပူပြင်းခြောက်သွေ့မှုနဲ့ ဆားငန်ရေ   ဝင်ရောက်မှုတွေရှိခဲ့တဲ့ အတွက် ၂၀၁၅-၂၀၁၆ ခုနှစ်ကြံစိုက်ပျိုး ရာသီမှာ စိုက်ပျိုးမြေဧရိယာနဲ့  အထွက် နှုန်းကျဆင်းခဲ့ပြီးအရည်အသွေးလည်း ကျဆင်းခဲ့ကြောင်း   ဗီယက်နမ်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။အရည်အသွေးမြင့်   ထုတ်ကုန် တွေထုတ်လုပ်ရေးက   ကြံနဲ့ သကြား ထုတ်လုပ်ရေးကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ အခက်ခဲဆုံး     ပြဿနာတစ်ရပ်ဖြစ် ကြောင်း ကန်သိုသကြားဖက်စပ်ကုမ္ပဏီဒုတိယညွှန်ကြားရေးမှူးချုပ် ဖန်ကွမ် ဗင်းက ဇူလိုင် ၁၉ ရက် ဟိုချီမင်းစီးတီး မှာ ကျင်းပတဲ့ နှီးနှောဖလှယ် ပွဲတစ်ခုမှာ ပြောပါတယ်။  ကူလောင်( မဲခေါင် ) မြစ်ဝကျွန်းပေါ်ဒေသမှာ စိုက်ပျိုးတဲ့ကြံကအထွက်နှုန်း   ကောင်းပေမယ့် အရည်အသွေးညံ့ကြောင်း ဗင်းကပြော ပါတယ်။ပူပြင်းခြောက်သွေ့မှုနဲ့  ဆားငန် ရေဝင်ရောက်မှုဒဏ်ခံခဲ့ရတဲ့  ကြံစိုက် ဒေသတွေ အထူးသဖြင့် မဲခေါင်မြစ်၀ ကျွန်းပေါ်ဒေသမှာ  လာမယ့်ရိတ်သိမ်း ရာသီရောက်ရင်  အထွက်နှုန်းနဲ့ အရည် အသွေးကျဆင်းလိမ့်မယ်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့  ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (MARD)   လက်အောက်ရှိ လယ်ယာသစ်တော၊ ငါးလုပ်ငန်း ထုတ် ကုန်နဲ့ ဆားထုတ်ကုန် ပစ္စည်း ထုတ်လုပ် မှုနဲ့ကုန်သွယ်မှုဌာနက ပြောပါတယ်။ကြံစိုက်ပျိုးရာနေရာများကို ပြန် လည်နေရာချထားဖို့နဲ့  သကြားစက်ရုံ များကိုMARD  က တိုက်တွန်းထား ပါတယ်။ ပြည်တွင်းဝယ်လိုအားကို ဖြည့် ဆည်းနိုင်ဖို့အတွက်    အထွက်နှုန်းနဲ့ အရည်အသွေး   တိုးတက်ကောင်းမွန် အောင်ရင်းနှီးမြှုပ်နှံမှုတွေ     တိုးမြှင့် ဆောင်ရွက်ဖို့ ဒေသခံတွေနဲ့ သကြား စက်ရုံတွေကိုလည်း တိုက်တွန်းထားပါ တယ်။  ကြံကုန်ကြမ်းရရှိရေးအတွက် သကြားစက်တွေကကြိုးပမ်းဆောင် ရွက်ရာမှာ ကြံစိုက်ဒေသတွေကို ပြန်လည် နေရာချထားရေးက အရေးပါတဲ့ အခန်း ကဏ္ဍမှာပါဝင်လျက်ရှိကြောင်းMARD  ဒုတိယဝန်ကြီးက ပြောပါတယ်။