ဟောင်ကောင်တွင် အစိုးရအိမ်ရာများ၏ အိမ်ခန်းငှားရမ်းခဈေးနှုန်း တိုးမြှင့်ရန်လျာထား

ဟောင်ကောင်ရှိ အစိုးရအိမ်ရာ များတွင် နေထိုင်သူများအား စက်တင် ဘာလမှစတင်၍ အိမ်ခန်းခ တစ်လ လျှင် ထပ်မံ ပျမ်းမျှဟောင်ကောင် ဒေါ်လာ ၁၇၀ ခန့် တိုးမြှင့်ရန်လျာထား ခဲ့သည်။ အိမ်ထောင်စုဝင်ငွေမြင့်တက် လာ သဖြင့် အိမ်ရာငှားရမ်းခများ တိုး မြှင့်ခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်စု ဝင်ငွေ မြင့်တက်လာခြင်းနှင့် ပတ်သက် ၍ အိမ်ထောင်စု ၄၈,၀၀၀ အား နမူနာ စာရင်းကောက်ယူခဲ့ရာ ပျမ်းမျှဝင်ငွေ အတိုးနှုန်းမှာ ၂၀၁၃ တွင် ၁၆ ဒသမ ၁၁ ရာခိုင်နှုန်းတိုးလာခဲ့ပြီး၊ ဟောင် ကောင် ဒေါ်လာ ၁၈၀၃၄ မှ ၂၀၉၃၉ အထိရှိကြောင်းသိရသည်။
ဟောင်ကောင်အစိုးရအနေဖြင့် ယခင်ငှားရမ်းခဈေးနှုန်းတိုးမြှင့်ခဲ့စဉ်က ပေးလေ့ရှိသည့် တစ်လနေထိုင်ငှားရမ်း ခသက်သာခွင့်ပေးခဲ့သော်လည်း ယခု တစ်ကြိမ်တွင် အိမ်ရာလုပ်ငန်း၏ ဘတ်ဂျက်လိုငွေ  ဟောင်ကောင်ဒေါ် လာ နှစ်ဘီလီယံရှိ နေသည့်အတွက် တစ်လ ငှားရမ်းခ သက်သာခွင့်ပေးမည်မဟုတ် ကြောင်း အိမ်ရာအာဏာပိုင်က ပြောကြား ခဲ့သည်။ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အစိုးရအိမ်ရာနေထိုင်သူ အိမ်ထောင်စု ပေါင်း ၇၃၆၁၀၀ ရှိခဲ့ကြောင်း ဟောင် ကောင် အစိုးရက ထုတ်ပြန်သော ကိန်း ဂဏန်းအချက်အလက်များအရ သိရ သည်။ အိမ်ရာအာဏာပိုင်များကမူ  အစိုးရအိမ်ရာ ငှားရမ်းခနှုန်းအား နှစ် နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်လေ့ရှိ ပြီး၊ အိမ်ထောင်စုဝင်ငွေပေါ်မူတည်၍ အမြင့်ဆုံး ၁၀ ရာခိုင်နှုန်းအထိ ညှိနှိုင်း တိုးမြှင့်ခဲ့သည်။
ယင်းကဲ့သို့တိုးမြှင့်မှုအပေါ် နေထိုင်သူများအနေဖြင့် ကျေနပ်မှုမရှိ ကြောင်း၊ ရရှိသည့်ဝင်ငွေမှာ မပြောင်း လဲဘဲ ခရီးသွားလာစရိတ်အပါအဝင် အသုံးစရိတ်များသာ တက်လာချိန်တွင် ငှားရမ်းခနှုန်းတိုးတက်မှုသည် ၎င်းတို့ ၏ဘဝများအတွက်များစွာသက်ရောက် မှုရှိကြောင်း၊ အချို့မှာလည်း တန်ဖိုးလျော့ သည့်ပစ္စည်းများကို ဝယ်ယူခြင်းဖြင့် ပိုမို ချွေတာသုံးစွဲရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။၂၀၀၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် တွင် ထုတ်ပြန်ခဲ့သည့် အိမ်ရာအမိန့်ကြော်ငြာစာရှိငှားရမ်းခညှိနှိုင်းမှု ယန္တရား အသစ် စတင်သည့်အချိန်မှစ၍ ငှား ရမ်းခမှာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက် ခဲ့သည့် အကြိမ်ပေါင်းသုံးကြိမ်ရှိခဲ့ပြီး ဖြစ်သည်။
အိမ်ရာငှားရမ်းနေထိုင်သူများ၏ အိမ်ထောင်စုဝင်ငွေ ၆၈ ဒသမ ၅ ရာခိုင် နှုန်း တိုးတက်ချိန်တွင် အစိုးရ အိမ်ရာ ငှားရမ်းခမှာ ၄၀ ရာခိုင်နှုန်း အထိသာ တက်ရသေးကြောင်း၊ ၂၀၁၀ မှ ၂၀၁၅ အတွင်း ပြန်လည်သုံးသပ်ပြီး ငှားရမ်းခ တက်သည့်အချိန်တိုင်း တစ်လစာငှား ရမ်းခသက်သာခွင့်ပေးခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် ပျမ်းမျှအစိုးရ  အိမ်ရာငှားရမ်းခနှင့်ပျမ်းမျှဝင်ငွေ အချိုးမှာ ၉ ဒသမ ၉၇ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ၉ဒသမ ၁၀ ရာခိုင်နှုန်းသို့ တဖြည်း ဖြည်းကျဆင်း လာခဲ့ကြောင်း လေ့လာသုံးသပ်သူများ ကပြောကြားခဲ့သည်။
အိမ်ရာအာဏာပိုင်များ အနေ ဖြင့် အစိုးရ၏ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး တိုးလာစေနိုင်သော တစ်လစာငှားရမ်း ခသက်သာခွင့်ကဲ့သို့သော စီမံချက်မျိုး ချမှတ်ရန် အစီအစဉ်မရှိကြောင်း၊ အိမ်ထောင်စုများ၏လစာပမာဏ များများတက်လာချိန်တွင် ငှားရမ်းခ တိုးမြှင့်သည့်ပမာဏမှာ အလွန်နည်းပါး ကြောင်း၊ ငှားရမ်းခတိုးမြှင့်ခြင်း အဆိုပြု ချက်အား ဥပဒေပြုကောင်စီနှင့်အဖွဲ့ဝင် တို့မှ မဲပေးဆုံးဖြတ်ကြမည်ဖြစ်ကြောင်း အိမ်ရာကော်မတီဥက္ကဋ္ဌ Wong yuen-fai  မှ ပြောကြားခဲ့သည်။
ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဟောင်ကောင်မြို့