ပထဝီဝင်ဒေသဆိုင်ရာ အညွှန်းများကို တိုးမြှင့်အသုံးပြုဖို့ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို တိုက်တွန်း

ပထဝီဒေသဆိုင်ရာ  အညွှန်း ကိန်း  မှတ်ပုံတင် (Registration of  Geographical Indication-GI) က ကုန်အမှတ်တံဆိပ်များကို   ကာကွယ် ခြင်း၊ ကမ္ဘာ့ဈေးကွက်မှာ  စီးပွားရေး လုပ်ငန်းရဲ့အနေအထားကို  တိုး တက် ကောင်း  မွန်စေခြင်းစတဲ့ လုပ်ငန်းများကို ဆောင်ရွက်ရာမှာ ကောင်းမွန်တဲ့ နည်း လမ်းတစ်ခုဖြစ်ပြီး  အီးယူအပါအဝင် ဝယ်လိုအားများတဲ့  ဈေးကွက်တွေကို အလွယ်တကူ ဝင်ရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေ က  ပြောကြောင်း ဗီယက်နမ်နယူးစ်သတင်းမှာ   ဖော်ပြ ပါတယ်။
ပထဝီဆိုင်ရာ အညွှန်းကိန်း(GI) ဆိုတာက    ထုတ်ကုန်တစ်ခုအတွက် သတ်မှတ်ချက်တစ်မျိုးဖြစ်ပြီး ထုတ်ကုန်တစ်ခုရဲ့ပင်ရင်းဒေသနဲ့ဆိုင်တဲ့ အထူး အရည်အသွေး၊   နာမည်ကောင်းရှိမှု သို့မဟုတ် တခြားသွင်ပြင်လက္ခဏာေ တွ ကို မှတ်ပုံတင်ဖော်ပြတဲ့ လက်မှတ်ဖြစ်ပါ တယ်။ဇွန် ၂၉ ရက်က ဟနွိုင်းမြို့မှာ ဥရောပကုန်သွယ်ရေးမူဝါဒနဲ့  ရင်းနှီး  မြှုပ်နှံမှုထောက်ပံ့ရေးစီမံကိန်း  (EU-MU TRAP)  နဲ့ ဗီယက်နမ် သိပ္ပံနဲ့နည်း ပညာဝန်ကြီးဌာနတို့ပူးတွဲပြီး    အီးယူ- ဗီယက်နမ် လွတ်လပ်စွာ   ကုန်သွယ်ရေး သဘောတူညီချက်တွင်ပါရှိတဲ့   ကတိ ကဝတ်များဆိုင်ရာ    အလုပ်ရုံဆွေးနွေးပွဲ ကိုကျင်းပခဲ့ပါတယ်။ကမ္ဘာပေါ်မှာ  ကုန်  ပစ္စည်းအတုတွေ      ပျံ့နှံ့နေကြောင်း အဆိုပါအစည်းအဝေးသို့တက်ရောက် လာတဲ့  ကျွမ်းကျင်သူတွေက ပြောပါ တယ်။ လောလောဆယ် အဓိကဈေး ကွက်ကြီးတွေမှာ   ခွင့်ပြုထားတGI ထုတ်ကုန် ၇၀၀၀ အနက် ဖူကွပ်ဝက်အူ ချောင်းတစ်မျိုးတည်းကိုသာ ဗီယက်နမGIအဖြစ် အီးယူကအသိအမှတ်ပြုထား ပါတယ်။
ွှု  ထုတ်ကုန်တွေရဲ့   အရည် အသွေးနဲ့  ကုန်အမှတ်တံဆိပ်ကို အသိ အမှတ်ပြုထားပြီးဖြစ်တဲ့အတွက် တခြား ထုတ်ကုန်တွေနဲ့    နှိုင်းယှဉ်ရင်GI  ထုတ်ကုန်တွေက ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ပိုရှိကြောင်း သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဒုတိယဝန်ကြီး ထရန်ဗီယက်သန်းက ပြောပါတယ်။