ဘရက်ဇစ်ကြောင့် အင်ဒိုနီးရှား-အီးယူစေ့စပ်ညှိနှိုင်းမှုများကို ထိခိုက်နိုင်

ဥရောပသမဂ္ဂ (အီးယူ)မှ ဗြိတိန် နိုင်ငံနုတ်ထွက်မယ့်   ဆုံးဖြတ်ချက် (ဘရက်ဇစ်) ကြောင့်အင်ဒိုနီးရှား-အီးယူ ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ် (IE- CEPA) အတွက် စေ့စပ်ညှိနှိုင်းမှုေ တွ ကို နှောင့်နှေး ကြန့်ကြာေ စလိမ့်မယ်လို့ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး သောမတ်လမ်ဘောင်းက ပြောပါတယ်။ဘရက်ဇစ်လို့ လူသိများနေတဲ့ အီးယူမှ ဗြိတိန်နိုင်ငံထွက်ခွာမှုက ကမ္ဘာ့ စီးပွားရေးအထူးသဖြင့် ဗြိတိန်နဲ့ အီးယူ တို့ရဲ့   စီးပွားေ ရးကို ထူးထူးခြားခြား ထိခိုက်စေမယ့်  အဖြစ်အပျက်တစ်ခု အဖြစ် သောမတ်ကယူဆထားပါတယ်။အီးယူကော်မရှင်က ဗြိတိန်နိုင်ငံ ထွက်ခွာရေးလုပ်ငန်းများကို အလေး ပေးဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် အီးယူနဲ့ အင်ဒို နီးရှားနိုင်ငံတို့ ဆောင် ရွက်ဆဲ ဖြစ်တဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်အတွက်    စေ့စပ် ညှိနှိုင်းမှုများကို     ထိခိုက်မှုရှိစေနိုင် ကြောင်းနဲ့ အင်ဒိုနီးရှားအစိုးရအနေဖြင့် စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းများကို ဆက် လက်ဆောင် ရွက်လိုတဲ့ ဆန္ဒရှိကြောင်း မစ္စတာသောမတ်က ပြောပါတယ်။''စေ့စပ်ညှိနှိုင်းမှုတွေကနှေးကွေး ကြန့်ကြာဦးမယ့်သဘော   ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကို ကျွန် တော်တို့  နားလည်ပါတယ်''လို့ သူက ပြောပါတယ် ။ပြသနာ  ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားအစိုးရက အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ အီးယူသံရုံးနဲ့ ပေါင်းစပ်ညှိနှိုင်း မှုများကို ပြုလုပ်ပြီး   ဘရက်ဇစ်ကြောင့် ဖြစ်ပေါ်လာမယ့်   အခြေအနေတွေကို မျက်ခြည်မပြတ  စောင့်ကြည့်သွား မှာ ဖြစ်ပါတယ်။    လာမယ့်ရက်တွေက အရေးပါတဲ့အချိန်တွေ  ဖြစ်ပါတယ်။ နှစ်ရက်အတွင်း  အီးယူအရာရှိတွေ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို   ကျွန် တော်တို့ စောင့်ကြည့်နေပါတယ်လို့သူက ပြောပါတယ်။အင်ဒိုနီး ရှားနိုင်ငံနဲ့  ဗြိတိန်နိုင်ငံ တို့ရဲ့    ကုန်သွယ်မှုဆက်ဆံရေးမှာ ဘရက်ဇစ်ရဲ့     ဂယက်ရိုက်ခတ်မှုနဲ့ ပတ်သက်ပြီးပြောကြားရာမှာ  အီးယူမှ ဗြိတိန်နိုင်ငံထွက်ခွာတဲ့အခါ သတ်မှတ် ထားမယ့်   စည်းကမ်းသတ်မှတ်ချက် တွေအပေါ် မှာ   မူတည် မှာဖြစ်ကြောင်း သူက ပြောပါတယ်။