ဗီယက်နမ်မှာ ယခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းသစ်နဲ့ရင်းနှီးမြှုပ်နှံမှုအသစ်များ တိုးပွားလာ

စီးပွားရေးလုပ်ငန်းဝန်းကျင် တိုး တက်ကောင်းမွန်ရေးနဲ့ စီးပွားရေးလုပ် ငန်းဆောင်ရွက်လိုတဲ့  စိတ်ဓာတ်များ တိုးတက်မြင့်မားရေးအတွက် အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခု နှစ်အတွင်းဗီယက်နမ်နိုင်ငံမှာ စီးပွား ရေး လုပ်ငန်း သစ်များရဲ့ အရေအတွက် က ထူးထူးခြားခြား မြင့်တက်လာကြောင်း နဲ့ ထိုသို့မြင့်တက်မှုကို ကြည့်ခြင်းအား ဖြင့်စီးပွားရေးလုပ်ငန်းအပေါ်  ယုံကြည် မှု   မြင့်မားလာတာကို   ပြသလျက်ရှိ ကြောင်း ဗီယက်နမ် နယူးစ်သတင်းမှာ   ဖော်ပြထားပါတယ်။ယခုနှစ် ပထမခြောက်လအတွင်း မှာ ဗီယက်နမ်နိုင်ငံမှာ  လုပ်ငန်းသစ် ၅၄၅၀၀ ကို ထူထောင်ခဲ့ပြီးဖြစ်ရာ  ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအားဖြင့် ဗီယက် နမ်   ဒေါင် ၄၂၇ ဒသမ ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ  ၁၉ ဒသမ ၁ ဘီလီယံ) ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် အရေအတွက်အား ဖြင့် ၂၀ ရာခိုင်နှုန်းနဲ့  တန်ဖိုးအားဖြင့် ၅၁ ရာခိုင်နှုန်းအသီးသီး   တိုးတက်ခဲ့ ကြောင်း စီမံကိန်းနဲ့ရင်းနှီးမြှုပ်နှံ မှု ဝန်ကြီး ဌာနလက်အောက်ရှိ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြားရေးမှူး ဘူဘိအန်းတူအန်က ပြောပါတယ်။ယခုနှစ်ပထမနှစ်ဝက်မှာ ဗီယက် နမ်နိုင်ငံစီးပွားရေးလုပ်ငန်းများအတွင်း သို့ ဗီယက်နမ်ဒေါင် ၁၂၀၀ ထရီလီယံ ကို ဖြည့်ဆည်းပေးခဲ့ရာ အဆိုပါ ရရှိငွေ များအနက် ၆၅ ရာခိုင်နှုန်းမှာ ရှိရင်းစွဲ စီးပွားရေးလုပ်ငန်းများအတွက် ဖြစ်ပါ တယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်း များကို  တိုးချဲ့ ဆောင်ရွက်လိုတဲ့ သဘောကို ပြသလျက် ရှိကြောင်း တူအန် က ပြောပါတယ်။စီးပွားရေးလုပ်ငန်းများရဲ့   စိတ် ဝင်စားမှုကို   ဆွဲဆောင်နိုင်တဲ့ စီးပွား ရေးလုပ်ငန်းကဏ္ဍအနက်   အိမ်ခြံမြေ လုပ်ငန်း၊  သတ္တုတူးဖော်ရေး၊ သတင်း အချက်အလက်နဲ့   ဆက်သွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာစတဲ့ကဏ္ဍတွေ ပါဝင် ပါတယ်။စီးပွားရေး  လုပ်ငန်းများအပေါ် ယုံကြည်မှုမြင့်မားလာတဲ့ အကြောင်း တရားများအနက် စီးပွားရေးလုပ်ငန်း ဆိုင်ရာဥပဒေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတို့ကို ပြဋ္ဌာန်းပေး တာကြောင့် ဖြစ် သလိုစီးပွားရေးလုပ်ငန်းဝန်းကျင် အခြေအနေနဲ့    စီးပွားရေးလုပ်ငန်း ရှင်များရဲ့ စိတ်ဓာတ်မြင့်မားတိုးတက် ရေးအတွက် ဆောင်ရွက်ပေးတဲ့အစိုးရ ရဲ့  လမ်းညွှန်မှုများကြောင့်လည်း ဖြစ် ကြောင်း တူအန်ကပြောပါ

တယ်။