ပစိဖိတ်သမုဒ္ဒရာထွက်ပေါက်အဖြစ် အရေးပါလာမည့် လင်ချန်း-ချင်းရွှေဟော်နယ်စပ်စစ်ဆေးရေးဂိတ် မဟာဗျူဟာဖွံ့ ဖြိုးရေးစီမံကိန်း စတင်ဆောင်ရွက်တော့မည်

  ရှမ်းပြည်နယ်၏  အရှေ့မြောက်ဘက်ချင်းရွှေဟော်  ကုန်သွယ် ရေးစခန်းနှင့်  ကပ်လျက်ရှိသော  တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်၊ လင် ချန်းနယ်စပ်စီးပွားရေး ပူးပေါင်းမှုဇုန်၊ မိန်းတိန် တရုတ်-မြန်မာ နယ် စပ်စီးပွားရေးဇုန်၊  ချင်းရွှေဟော်နယ်စပ်  စစ်ဆေးရေး  ဂိတ်အား တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယလေးနိုင်ငံ  စီးပွားရေး လမ်း ကြောင်းအတွက် ရည်ရွယ်တည်ဆောက်နေခြင်း ဖြစ်ပါသည်။    တရုတ် နိုင်ငံအနောက်တောင်ဘက်ခြမ်းမှ တောင်အာရှနှင့် အရှေ့တောင် အာရှသို့  ဖြာထွက်မှုဗဟိုအဖြစ်  သတ်မှတ်ရွေးချယ်ထားပါသည်။ အကောင်အထည်ဖော်   ဆောင်ရွက်မည့်   လုပ်ငန်းများ   အနေဖြင့် ကူမင်း-ချင်းရွှေေ ဟာ်-ကျောက်ဖြူ  ရထားလမ်း၊  တာလိ-လင်ချန်း အမြန်လမ်းမနှင့်   ချန်းယွင်လေဆိပ်တို့   ပါဝင်နေပြီးတည်ဆောက်လျက်ရှိနေပါသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင်  တရုတ် နိုင်ငံ၊  နိုင်ငံတော် ကောင်စီမှ ချင်းေ ရွှဟော် နယ်စပ်ဂိတ်အား အထူး နယ်စပ်ဂိတ် အဖြစ် တည်ဆောက်ရန်  ရန်ပုံငွေ ခွင့်ပြုထားခဲ့ပါသည်။  ချင်းရွှေဟော် နယ်စပ်ဂိတ်အား  တရုတ်နိုင်ငံအတွက်  စားနပ်ရိက္ခာ အဓိက တင်သွင်းရန် ရည်ရွယ်ခွင့်ပြုဆောင်ရွက်ခဲ့ပါသည်။ ကူမင်း အကောက်ခွန်စာရင်းအရ  မိန်းတိန် (ချင်းရွှေဟော်ဂိတ်) မှ  ကုန်စည် ဝင်^ ထွက်မှုပမာဏမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းကုန်တန်ချိန် ရှစ်သောင်းမှ ရှစ်သိန်း အထိ တိုးတက်လာခဲ့ပြီး ယာဉ်ဝင်/ယာဉ်ထွက် ပမာဏမှာ လည်း စီးရေ ၆၈၀၀၀ မှ ၂၈၀၀၀၀ အထိ လေးဆကျော် တိုးတက်လာခဲ့ပါသည်။  ချင်းရွှေဟော်နယ်စပ်၊ လင်ချန်းနယ်စပ် စီးပွားရေးပူးပေါင်းမှုဇုန်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှစ၍ အထူး အလေးပေးအမြန် တည်ဆောက် လျက်ရှိပါသည်။  ၎င်းဇုန်တွင် ထုတ်ကုန်သွင်းကုန်  စီးပွားရေးဇုန်၊  အထွေထွေစီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းဇုန်၊  ကုန်ပစ္စည်းထိန်းသိမ်း သိုလှောင်ရေးဇုန်၊ ရောင်းဝယ်ရေးနှင့်စစ်ဆေးရေးဇုန်၊  အထွေထွေအခွန်  ကင်းလွတ် ခွင့်ဇုန်နှင့် ဈေးဆိုင်ခန်းများဇုန်ဟူ၍ပါရှိပါသည်။ ဇုန်ဧရိယာ ၄ ဒသမ ၂၃ စတုရန်းကီလိုမီတာ  ကျယ်ဝန်းပါသည်။  သိုလှောင်ရေးနှင့် ကုန်ပစ္စည်းစစ်ဆေးရေးဇုန်  သုံးခုကိုလည်း   ဆောင်ရွက်လျက်ရှိ ပါသည်။ဦးစားပေးလုပ်ငန်း အဖြစ်  တရုတ်-မြန်မာနယ်စပ် ဆက်စပ် လမ်းမကြီး တည်ဆောက်ရေးဖြစ်ပြီး လမ်းအကျယ် ၄၃ မီတာ နှင့် ၄ ဒသမ ၃ ကီလိုမီတာ  ရှည်လျားပါသည်။ထို့နောက် တရုတ်- မြန်မာ လမ်းမကြီးအား ပစိဖိတ်သမုဒ္ဒရာသို့ ထွက်ပေါက် အဖြစ် ကူမင်း-လင်ချန်း-ချင်းရွှေဟော်မှ တစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်လုပ်သွားရန် ရည်ရွယ်ထားပါသည်။ အဆိုပါ လမ်းမကြီး တည် ဆောက်ရာတွင် ကွမ်းလုံတံတားသစ် တည်ဆောက် ရေးလည်း ပါဝင် ပြီး ယခုနှစ်အတွင်း စတင်ဆောက်လုပ်မည်ဖြစ်ကာ  ဆောက်လုပ်ချိန်တစ်နှစ်ခန့်ကြာမြင့်မည်   ဖြစ်ပါသည်။ ရထားလမ်း၊  ကားလမ်း၊ လေကြောင်းလမ်းသုံးခုစလုံးဆောင်ရွက်နေပါသည်။  ကူမင်း-လင်ချန်း ရထားလမ်းပိုင်း မှာ  ဖောက် လုပ်ပြီးစီးပြီဖြစ်ကာ  ဆက်လက်၍ လင် ချန်း-ချင်းရွှေဟော် လမ်းပိုင်း ဖောက်လုပ် လျက်ရှိရာ  ၂၀၂၀ ပြည့်နှစ် တွင် ပြီးစီးမည်ဖြစ်ပါသည်။  ကူမင်း-လင်ချန်းအဝေးပြေးလမ်းအား ၂၀၁၅ တွင်  ဖွင့်လှစ်ပြီးစီးခဲ့ပြီး လင် ချန်း- ချင်းရွှေဟော် အမြန်လမ်း ပိုင်းအား ရထားလမ်းနှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင်  တစ်ပြိုင်တည်းပြီး စီးရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။  လင်ချန်းတွင် လေယာဉ် ကွင်းရှိပြီဖြစ်ပြီး  ချန်းယွင်လေဆိပ် ထပ်မံတည်ဆောက် မှုမှာ ယခုနှစ် ကုန်တွင် ပြီးစီးမည်ဖြစ်ပါသည်။  မိန်းတိန် လေဆိပ်ဆောက်လုပ်ခွင့် ကိုလည်း  တင်ပြထားပြီး  ၂၀၂၀ ပြည့်နှစ်တွင်အပြီး  ဆောက်လုပ်သွား မည်ဖြစ်ပါသည်။ ချင်းရွှေဟော်-လားရှိုးလမ်းပိုင်းအတွက်  မီးရထား လမ်းနဲ့ ကားလမ်းဖောက်လုပ်ရန်  အစီအစဉ်လည်း ရှိပါသည်။
လတ်တလောအခြေအနေ၌  ချင်းရွှေဟော်နယ်စပ်စီးပွား ရေးဇုန်၊ မိန်းတိန်  တရုတ်-မြန်မာ နယ်စပ်  စီးပွားရေးဇုန်၊ ချင်းရွှေ ဟော်နယ်စပ်  စစ်ဆေးရေးဂိတ်တွင်  စက်ရုံများတည်ဆောက်ပြီး ဆောက်လုပ်ရေးပစ္စည်း၊  လူသုံးကုန် ပစ္စည်း၊  စားသောက်ကုန်ပစ္စည်း များ  တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။  တရုတ်နိုင်ငံ အနေဖြင့် ချင်းရွှေဟော်နယ်စပ်ဂိတ်အား ၁၉၉၁ ခုနှစ် တွင် ယူနန် ပြည်နယ်  အစိုးရ ခွင့်ပြုချက်ဖြင့်  ဖွင့်လှစ်ခဲ့ ပါသည်။ ၂၀၀၄ ခုနှစ်တွင် ပထမအဆင့် နယ်စပ်ဂိတ်အဖြစ်  သတ်မှတ်ပေးခဲ့ပြီး  ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံတော်ကောင်စီမှ  ကွင်းဆင်းစစ်ဆေးကာ တရား ဝင်ခွင့်ပြုခဲ့ပါသည်။  မြန်မာနိုင်ငံ၏  အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ် ကုန်သွယ် မှုဆောင်ရွက်ရာတွင်  တရုတ်နိုင်ငံသည်  ပထမဆုံးဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့်  တရုတ်နိုင်ငံနှင့်  သံတမန်ဆက်ဆံရေးကို ၁၉၅၀ ခုနှစ်  စက်တင်ဘာ ၈ရက် တွင် စ တင်ခဲ့ပါသည်။   နှစ်နိုင်ငံ အထွေထွေကုန်သွယ်ရေး   သဘောတူစာချုပ်ကို ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင်  လည်းကောင်း၊  ကော်ပိုရေးရှင်းအဆင့် နယ် စပ်ကုန်သွယ်ရေး  သဘောတူစာချုပ်ကို  ၁၉၉၄ ခုနှစ်၊ သြဂုတ် ၅ ရက်တွင်လည်းကောင်း၊ နှစ်နိုင်ငံအကြား  နယ်စပ်ကုန်သွယ်ရေး ဆိုင် ရာ  နားလည်မှု စာချွန်လွှာကို ၁၉၉၄ ခုနှစ် သြဂုတ် ၅ ရက်တွင် လည်းကောင်း အသီးသီးချုပ်ဆို နိုင်ခဲ့ပါသည်။  ထို့ပြင်  မြန်မာ-တရုတ် နယ်စပ်ဒေသ များ စီမံခန့်ခွဲရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ် မတ် ၂၅ ရက်နေ့တွင် ချုပ်ဆိုနိုင် ခဲ့ပြီး တရုတ် နိုင်ငံ၊  ယူနန်ပြည်နယ်  သွင်းကုန်ထုတ်ကုန်  ကော်ပိုရေးရှင်းနဲ့ မြန်မာ့ ပို့ကုန်သွင်းကုန် ကော်ပိုရေးရှင်းတို့  နယ်စပ် ကုန်သွယ်ရေးစတင် ဆောင်ရွက်ရန် ၁၉၉၈ ခုနှစ်  အောက်တိုဘာလ ၁ ရက်တွင် သဘော တူ ခဲ့ကြပါ သည်။  ယခုလက်ရှိ  မြန်မာနိုင်ငံ  ကုန်သွယ်ရေးစခန်းများ အနက်  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည်  တတိယ ကုန်သွယ်မှု ပမာဏအများဆုံး  ကုန်သွယ်ရေးစခန်း တစ်ခု ဖြစ်ပါသည်။  နောင် လာမည့် ကာလများ တွင် စီမံကိန်းများ  အကောင်အထည်ပေါ်လာပြီး ဖွံ့ဖြိုး တိုးတက်လာမည့်  အခွင့်အလမ်း ကောင်းများ ရှိနေပြီး  ရှေ့သို့ တက်လှမ်းနိုင်မည့်  ကုန်သွယ်ရေးစခန်း တစ်ခု  ဖြစ်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကုန်သွယ်ရေးစခန်း (ချင်းရွှေဟော်)