တောင်ကိုရီးယားနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ဖိအားပေးမှုများပြုလပ်ရန် အမေရိကန်က ပြင်ဆင်လျက်ရှိ

 အမေရိကန် ပြည်ထောင်စုအနေ ဖြင့် ကိုရီးယားနိုင်ငံအပေါ် ဖိအား ပေးမှုများကို အကောက်အခွန်မဟုတ်သော အတားအဆီးများဖြင့် တိုးမြှင့် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်ကိုရီးယားသတင်းထောက်များ ကို ဆိုးလ် မြို့ အမေရိကန်သံရုံး၌  တွေ့ဆုံခဲ့ရာတွင် အမေရိကန်မှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ   ကိုရီးယားနိုင်ငံတွင် ဆောင်ရွက်လျက် ရှိသေအမေရိကန်စီးပွားရေးလုပ်ငန်းအချို့အနေဖြင့်  ကျိုးကြောင်းဆီ လျော်မှုမရှိသည့် စည်းမျဉ်းအချို့ကြောင့်  အခက်အခဲများ တွေ့ကြုံလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။ ၎င်းင်းတို့အနေဖြင်ယခုကဲ့သို့အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည်ကို စိုးရိမ်ကြောင်းနှင့် ယင်းအခြေအနေသည် ကိုရီးယား အစိုးရက Trans-Pacific Partnership လွတ်လပ်သော ကုနသွယ်မှုသဘောတူညီချက်ကို ပူးပေါင်းအကောင်အထည်ဖော်ရာတွင် ဆိုး ကျိုးများသက်ရောက်လာမည်ကို စိုးရိမ်ကြောင်းပြောကြားခဲ့သည်ကိုရီးယားနိုင်ငံအနေဖြင့် အကောက်ခွန် မဟုတ်သောအတားအဆီး အဖြစ် လေယာဉ်ပြင်ဆင် ထိန်းသိမ်းမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေး မှုကို အစီရင်ခံရခြင်းမော်တော်ယာဉ်တင်သွင်းမှုတွင် ယာဉ်ပါထိုင်ခုံအရေအတွက်ကန့်သတ်ခြင်း၊ အီလက်ထရောနစ် စနစ်ဖြင့် ငွေပေးချေခြင်း၊ စီးပွား ရေးလုပ်ငန်းအတွက် မဖြစ်မနေ မှတ်ပုံတင်ရခြင်းနှင့် အခြားသေစည်းမျဉ်း များသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ လွှတ်တော်သို့ ဖေဖော်ဝါရီ လက ပေးပို့ ခဲ့သော ပြည်တွင်းဥပဒေ ဝန်ဆောင်မှု ဈေးကွက်ဖွင့်လှစ်ရန်ဆိုသည့် ကိုရီးယားအစိုးရ၏အစီအစဉ်အပေါ်တွင်လည်း စိတ်ကျေနပ်မှုမရရှိကြောင်း၊ ကိုရီးယား-အမေရိကန် လွတ်လပ်သော ကုန်သွယ်မှုသဘော တူညီချက်၏ ရည်ရွယ်ချက်နှင့် ဆန့် ကျင်ေ ဆာင် ရွက်ခဲ့ရာရောက်သဖြင့်ကိုရီးယား အနေ ဖြင့် ယင်းသဘောတူညီမှုကို အကောင်အထည်ဖော်ရာမရောက်ကြောင်း၊ ကိုရီးယားအနေဖြင့် အဆိုပါ FTA  မှ တစ်ဖတ်သက်အကျိုးမြတ်သာ ယူနေ သလိုဖြစ်ကြောင်း ၊အဘယ်ကြောင့်ဆိုသော် ကိုရီးယားနိုင်ငံတွင် လုပ်ငန်း ဆောင်ရွက်နေသည့် အမေရိကန် စီးပွား ရေးလုပ်ငန်းအချို့အနေဖြင့် အခက် အခဲများစွာကို ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံရှိပြီးခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ကိုရီးယားနိုင်ငံသည် ဂျပန်၊ တရုတ် နှင့် တရုတ်(တိုင်ပေ)နိုင်ငံများနည်းတူ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရာတွင် ကုန်သွယ် မှုပိုငွေပြမှု တိုးတက်လာ သည့် နိုင်ငံ တစ်နိုင်ငံ လည်းဖြစ်သည်။ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှမူ အမေရိကန်၏ပြောကြားချက်များကို အချိန်မရွေး ဖြစ်ပေါ်နိုင်သည့် ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှု၏ အစိတ်အပိုင်း တစ်ခုဖြစ်ေ ကြာင်း ၊ အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးနှင့် ဆက်လက်ဆွေးနွေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။ 

                         
 ခင်မျိုးသော်၊ စီးပွားရေးသံမှူး