၂၀၁၅ ခုနှစ်ရဲ့ နှစ်ဆန်းမှာ ပြောင်းတင်ပို့မှုလျော့ကျ

Thu, 01/22/2015 - 15:05 -- admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ ၆ ဒသမ ၄၁၇ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၂၉၁၉ တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ တန်ချိန်တွေကတော့ မူဆယ်မှ ၂၂၆၁၈ တန်နဲ့ ချင်းရွှေဟော်မှ ၃၀၁ တန်ဖြစ်ပါတယ်။ ယခုရက်သတ္တ ပတ်မှာ လွယ် ဂျယ်နဲ့ ကန်ပိုက်တီးကနေ ပြောင်းတင်ပို့မှု မရှိခဲ့ ပါဘူး။ ယခင်ရက်သတ္တပတ်က ၃၉၁၄၅ တန်ထိ တင်ပို့နိုင်ခဲ့လို့  ယခုတစ်ပတ်မှာ ၁၆၂၂၆ တန် လျော့နည်းသွား တာတွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာလည်း ယခင်ရက်သတ္တပတ်က ပြောင်းတစ်တန်ရဲ့  မိမိဘက်ဈေး ၂၇၅၀၂၁ ကျပ်ဖြစ်ပြီး ယခုတစ်ပတ်မှာ ၂၇၄၃၃၆ ကျပ်သို့ ဈေး အနည်းငယ်ကျဆင်းသွားခဲ့ ပါတယ်။ မန္တလေး-မူဆယ် ကုန်စည်သယ်ယူခမှာ ယခင်ရက်သတ္တပတ်က ပြောင်းတစ်ပိဿ     ာကို ၁၀၁-၉၃ ကျပ်ရှိပြီး ယခုရက်သတ္တပတ်မှာ ၁၀၁-၉၆ ကျပ်သို့ သယ်ပို့ကားခ များ ဈေးအနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။

မော်မော်အောင် MIRT (DCCA)

 

Border Trade News

Pages