လွယ်ဂျယ်မှ ဖရဲတန် ၂၀၀ ကျော်ပို့

Tue, 12/23/2014 - 10:15 -- admin_ygn

    မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက်အထိ ကာလတွင်း ကန်ဒေါ်လာ ၃၅၁၇၁ တန်ဖိုးရှိ ဖရဲသီး ၂၇၀ တန် တင်ပို့နိုင် ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်ကတော့ ကန်ဒေါ်လာ ၁ ဒသမ ၈၁၆ သန်း တန်ဖိုးရှိ ဖရဲသီး ၁၄၃၀၀ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်း တန်ဖိုးရှိ သခွားမွှေး ၄၃၄၀ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က လွယ်ဂျယ်မှ ဖရဲအပို့မရှိဘဲ မူဆယ်မှ တန်ချိန် ၁၈၀၀၀ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ လှည်းကူးမြို့နယ် မှာ စိုက်ပျိုးတဲ့ ဖရဲကို တချို့ကအသီးကိုကြည့်ပြီး အခင်းလိုက်အဝယ်ရှိပြီး  သခွားမွှေးကတော့ ကျောက်ဆည်၊ စဉ့်ကိုင်၊ ဘုတလင်နဲ့ ရွှေဘိုဘက်ကအထွက်များတယ်လို့သိရပါ တယ်။ မူဆယ်ကို ဖရဲကား အစီး ၂၀၀ ဝန်းကျင်နဲ့ သခွားမွှေးကား ၉၀ မှ ၁၁၀ စီး ကြားနေ့စဉ်ပုံမှန်တက်တယ်လို့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှသတင်းရရှိပါတယ်။

မော်မော်အောင် MIRT (DCCA)

 

Border Trade News

Pages